ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၈ အမှတ် ၃ စာ. ၃
  • ဝမ်းနည်းပူဆွေးမှုဒဏ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဝမ်းနည်းပူဆွေးမှုဒဏ်
  • နိုးလော့!—၂၀၁၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • မာတိကာ
    နိုးလော့!—၂၀၁၈
  • ဒီစာစောင်မှာ– ဝမ်းနည်းပူဆွေးသူများအတွက် အကူအညီ
    နိုးလော့!—၂၀၁၈
  • ကြုံရမယ့်အရာ
    နိုးလော့!—၂၀၁၈
  • နိဒါန်း
    နိုးလော့!—၂၀၁၈
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၈
န၁၈ အမှတ် ၃ စာ. ၃
ဝမ်းနည်းပူဆွေးနေတဲ့ အမျိုးသားတစ်ယောက် စားသောက်ဆိုင်မှာ တစ်ယောက်တည်း ထိုင်နေစဉ်

ဝမ်းနည်းပူဆွေးသူများအတွက် အကူအညီ

ဝမ်းနည်းပူဆွေးမှုဒဏ်

“အိမ်ထောင်သက် ၃၉ နှစ် အကျော်မှာ နာတာရှည်ရောဂါကြောင့် ကျွန်တော့်ဇနီး ဆိုဖီယာa ဆုံးသွားတယ်။ မိတ်ဆွေတွေဆီက အားပေးထောက်မမှု အများကြီး ရတယ်။ ကိုယ်တိုင်လည်း အလုပ်များအောင် နေတယ်။ ဒါပေမဲ့ တစ်နှစ်လုံးလုံး ဖြေမဆည်နိုင်ခဲ့ဘူး။ စိတ်တက်လိုက်ကျလိုက်နဲ့ ကယောက်ကယက် ဖြစ်နေတယ်။ အခု ဇနီး ဆုံးသွားတာ သုံးနှစ်နီးပါး ရှိနေတာတောင် တစ်ခါတလေ ရုတ်တရက် ဝမ်းနည်းကြေကွဲနေတုန်းပဲ။”—ကော့စတာ။

ချစ်ခင်ရသူ ဆုံးပါးသွားတာမျိုး ကြုံဖူးသလား။ ကြုံဖူးရင် ကော့စတာလို ခံစားရပါလိမ့်မယ်။ အိမ်ထောင်ဖက်၊ ဆွေမျိုး၊ မိတ်ဆွေရင်းချာတစ်ဦး သေဆုံးခြင်းလောက် စိတ်ဖိစီးကြေကွဲစေတာ မရှိသလောက်ပဲ။ သေကွဲ ကွဲရလို့ ဝမ်းနည်းပူဆွေးမှုဒဏ်အကြောင်း လေ့လာတဲ့ ကျွမ်းကျင်သူတွေလည်း ဒါကို သဘောတူကြတယ်။ “သေခြင်းဟာ ထာဝရ ဆုံးရှုံးမှု၊ အကြီးမားဆုံး ဆုံးရှုံးမှု ဖြစ်တယ်” လို့ The American Journal of Psychiatry မှာ ဖော်ပြထားတယ်။ ဆုံးရှုံးမှု ဝေဒနာကို ခံစားနေရသူတစ်ဦးက ‘ဘယ်လောက်ကြာ ဒီလိုခံစားနေရမှာလဲ။ ပြန်ပျော်ရွှင်ရပါဦးမလား။ ဘယ်လို ဖြေသိမ့်နိုင်မလဲ’ ဆိုတာ သိချင်ကြတယ်။

အဲဒီမေးခွန်းတွေကို ဒီနိုးလော့! စာစောင်မှာ သုံးသပ်ထားပါတယ်။ မကြာသေးခင်က ချစ်ခင်ရသူ ဆုံးပါးသွားတယ်ဆိုရင် ကြုံတွေ့ရမယ့်အရာတွေအကြောင်း နောက်ဆောင်းပါးမှာ ဆွေးနွေးထားတယ်။ နောက်ဆက်တွဲ ဆောင်းပါးတွေမှာ ပူဆွေးမှုဝေဒနာ လျော့ပါးစေနိုင်မယ့်နည်းတွေကို ဖော်ပြပါမယ်။

ပူဆွေးမှုဒဏ် ခံစားနေရသူတွေကို နှစ်သိမ့်ပေးမယ်၊ လက်တွေ့ကျအကူအညီ ဖြစ်စေမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။

a ဒီဆောင်းပါးမှာ နာမည်တချို့ ပြောင်းထားပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ