ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၈ အမှတ် ၃ စာ. ၁၄-၁၅
  • ဝမ်းနည်းပူဆွေးသူများအတွက် အကောင်းဆုံး အကူအညီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဝမ်းနည်းပူဆွေးသူများအတွက် အကောင်းဆုံး အကူအညီ
  • နိုးလော့!—၂၀၁၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သေလွန်သူတွေအတွက် မျှော်လင့်ချက်အကြောင်း ထပ်လေ့လာပါ
  • မာတိကာ
    နိုးလော့!—၂၀၁၈
  • ဒီစာစောင်မှာ– ဝမ်းနည်းပူဆွေးသူများအတွက် အကူအညီ
    နိုးလော့!—၂၀၁၈
  • ဝမ်းနည်းပူဆွေး နေသူတို့အတွက် အကူအညီ
    နိုးလော့!—၂၀၁၁
  • ပူဆွေးသောကရောက်သော်လည်း ကျွန်ုပ်တို့သည်မျှော်လင့်ချက်မဲ့မနေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၈
န၁၈ အမှတ် ၃ စာ. ၁၄-၁၅
ပရဒိသုကို ရောက်နေသူတွေ ရှင်ပြန်ထမြောက်လာတဲ့ ချစ်ရသူတွေကို ကြိုဆိုဖို့ အသင့်ဖြစ်နေကြစဉ်

ဝမ်းနည်းပူဆွေးသူများအတွက် အကူအညီ

ဝမ်းနည်းပူဆွေးသူများအတွက် အကောင်းဆုံး အကူအညီ

ချစ်ရသူ ဆုံးပါးသွားလို့ ကြေကွဲနာကျင်မှုအကြောင်းကို မကြာသေးမီကာလတွေမှာ များစွာ လေ့လာခဲ့ကြတယ်။ ဒါပေမဲ့ အစပိုင်းမှာ ဖော်ပြခဲ့တဲ့အတိုင်း အကောင်းဆုံး အကြံပြုချက်တွေဟာ သမ္မာကျမ်းစာမှာ တွေ့ရတဲ့ ရှေးခေတ်ပညာရှိစကားတွေနဲ့ ကိုက်ညီတယ်။ ကျမ်းစာ အကြံပြုချက်တွေဟာ အခုချိန်အထိ အသုံးဝင်နေဆဲပါပဲ။ တကယ်တော့ ကျမ်းစာမှာ ပိုအားထားနိုင်တဲ့ အကြံပြုချက်တွေ ပါတယ်။ တခြားနေရာတွေမှာ မတွေ့နိုင်တဲ့ အချက်အလက်တွေကြောင့် ဝမ်းနည်းပူဆွေးသူတွေကို အတိုင်းမသိ နှစ်သိမ့်ပေးနိုင်တယ်။

  • ချစ်ရတဲ့ သေလွန်သူတွေ ဝေဒနာ မခံစားရကြောင်း အာမခံချက်

    “သေလွန်သူကတော့ ဘာမှမသိဘူး” လို့ ဒေသနာ ၉:၅ မှာ ဆိုထားတယ်။ “သူ့အကြံအစည်တွေ ပျက်စီးသွားတယ်။” (ဆာလံ ၁၄၆:၄) ဒါကြောင့် ကျမ်းစာမှာ သေခြင်းကို အိပ်ပျော်ခြင်းနဲ့ ခိုင်းနှိုင်းထားတယ်။—ယောဟန် ၁၁:၁၁။

  • မေတ္တာရှင် ဘုရားသခင်ကို အခိုင်အမာ ယုံကြည်ခြင်းက နှစ်သိမ့်ပေး

    ဆာလံ ၃၄:၁၅ မှာ “ယေဟောဝါaက ဖြောင့်မတ်သူတွေကို ကြည့်ရှုနေတယ်။ သူတို့ရဲ့ အော်ဟစ်အကူအညီတောင်းသံကို နားထောင်နေတယ်” လို့ ဆိုထားတယ်။ ဘုရားသခင်ဆီ ရင်ဖွင့်ဆုတောင်းခြင်းက ကိုယ့်ခံစားချက်တွေ ထိန်းချုပ်ခြင်းထက် ပိုကောင်းတယ်။ ပိုကောင်းတဲ့ ကုစားနည်းလည်း ဖြစ်တယ်။ နှစ်သိမ့်ပေးနိုင်စွမ်းရှိတဲ့ ဖန်ဆင်းရှင်နဲ့ ကောင်းတဲ့ဆက်ဆံရေး ရှိဖို့ ကူညီပေးတယ်။

  • ပိုကောင်းတဲ့ အနာဂတ် မျှော်လင့်ချက်

    သေလွန်သူတွေ ဒီကမ္ဘာပေါ် အသက်ပြန်ရှင်လာမယ့်အချိန်ကို မြင်ယောင်ကြည့်ပါ။ အဲဒီအချိန်အကြောင်း ကျမ်းစာမှာ မကြာခဏ ဖော်ပြထားတယ်။ အဲဒီအချိန်ကျရင် ဘယ်လို ဖြစ်မယ်ဆိုတာကို ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “ဘုရားသခင်က [ကျွန်တော်]တို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။ သေခြင်းရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။”—ဗျာဒိတ် ၂၁:၃၊ ၄။

ယေဟောဝါဘုရားကို ယုံကြည်သူများစွာဟာ ချစ်ရတဲ့ သေလွန်သူတွေကို တစ်နေ့ ပြန်တွေ့ရမယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့် ပူဆွေးမှုကို ရင်ဆိုင်ဖြေရှင်းနိုင်ကြတယ်။ ဥပမာ၊ အသက် ၆၅ နှစ်အရွယ် ခင်ပွန်းသည်ကို ဆုံးရှုံးခဲ့တဲ့ အန်းက ပြောတယ်– “ချစ်ရတဲ့ သေလွန်သူတွေ ဝေဒနာ မခံစားရဘူး၊ ဘုရားသခင် အောက်မေ့သတိရတဲ့သူတွေကို အသက်ပြန်ရှင်စေမယ်လို့ ကျမ်းစာက အာမခံထားတယ်။ ဆုံးရှုံးမှုအကြောင်း တွေးမိတိုင်း အဲဒီအချက်တွေ ပြန်သတိရလာတယ်။ ဒါကြောင့်လည်း ကြုံခဲ့ဖူးသမျှမှာ အဆိုးဆုံးအရာကို ရင်ဆိုင်ဖြေရှင်းနိုင်တာပေါ့။”

ဒီဆောင်းပါးတွဲ အစပိုင်းမှာ ဖော်ပြတဲ့ တီနာက ပြောတယ်– “တီမို ဆုံးသွားကတည်းက ဘုရားရဲ့ ကူညီထောက်မမှုကို ခံစားရတယ်။ စိတ်ဖိစီးနေချိန်တစ်လျှောက် ယေဟောဝါရဲ့ ကူညီဖေးမမှုကို သိသိသာသာ ခံစားရတယ်။ ကျမ်းစာမှာပါတဲ့ ရှင်ပြန်ထမြောက်ခြင်းကတိဟာ ကျွန်မအတွက် တကယ့်အစစ်အမှန်ပဲ။ တီမိုကို ပြန်တွေ့ရမယ့်နေ့အထိ ရှေ့ဆက်ဖို့ အားရှိစေတယ်။”

ဒီစကားတွေဟာ ကျမ်းစာကို ယုံကြည်အားထားတဲ့ လူသန်းချီရဲ့ စကားနဲ့ ထပ်တူကျတယ်။ ကျမ်းစာအဆိုတွေ လက်တွေ့မကျဘူး၊ စိတ်ကူးယဉ်ဆန်တယ်လို့ ယူဆရင် ကျမ်းစာအကြံပြုချက်တွေ၊ ကတိတွေ လက်တွေ့ကျမကျ ကိုယ်တိုင် ဆန်းစစ်ကြည့်ပါ။ ကျမ်းစာဟာ ဝမ်းနည်းပူဆွေးသူတွေအတွက် အကောင်းဆုံး အကူအညီ ဖြစ်ကြောင်း တွေ့ရှိရပါမယ်။

သေလွန်သူတွေအတွက် မျှော်လင့်ချက်အကြောင်း ထပ်လေ့လာပါ

jw.org/my ဝက်ဘ်ဆိုက်၊ စာကြည့်တိုက် > ဗီဒီယိုများ ခေါင်းစဉ်အောက်က သက်ဆိုင်တဲ့ ဗီဒီယိုတွေ ကြည့်ပါ။

ပရဒိသုကို ရောက်နေသူတွေ ရှင်ပြန်ထမြောက်လာတဲ့ ချစ်ရသူတွေကို ကြိုဆိုဖို့ အသင့်ဖြစ်နေကြစဉ်

ချစ်ရတဲ့ သေလွန်သူတွေ ပြန်အသက်ရှင်လာတာကို ကြိုဆိုရမယ့်အကြောင်း ကျမ်းစာမှာ ကတိပြုထား

သေလွန်သူတွေရဲ့ အခြေအနေက ဘယ်လိုရှိသလဲ

သေလွန်သူတွေရဲ့ အခြေအနေက ဘယ်လိုရှိသလဲ

လူသေရင် ဘာဖြစ်သွားသလဲ။ ကျမ်းစာရဲ့ ရှင်းလင်းတဲ့အဖြေက နှစ်သိမ့်အားပေးမှု ဖြစ်စေ

စာကြည့်တိုက် > ဗီဒီယိုများ ခေါင်းစဉ်အောက်မှာ ကြည့်ပါ (ဗီဒီယိုအမျိုးအစား။ သမ္မာကျမ်းစာ > သမ္မာကျမ်းစာ သွန်သင်ချက်များ)

သတင်းကောင်း ကြားချင်သလား

သတင်းကောင်း ကြားချင်သလား

နေရာတိုင်းမှာ သတင်းဆိုးတွေ မြင်နေ၊ ကြားနေရတဲ့အတွက် သတင်းကောင်းကို ဘယ်ကနေ ရှာတွေ့နိုင်မလဲ။

သမ္မာကျမ်းစာ သွန်သင်ချက်များ > ငြိမ်သက်ခြင်းနဲ့ ပျော်ရွှင်ခြင်း ခေါင်းစဉ်အောက်မှာ ကြည့်ပါ

a ယေဟောဝါဆိုတာ သမ္မာကျမ်းစာမှာပါတဲ့ ဘုရားသခင့် နာမတော် ဖြစ်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ