ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၉ အမှတ် ၂ စာ. ၄-၅
  • ချုပ်တည်းခြင်းရဲ့ အကျိုးကျေးဇူးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ချုပ်တည်းခြင်းရဲ့ အကျိုးကျေးဇူးများ
  • နိုးလော့!—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ချုပ်တည်းခြင်းဆိုတာ ဘာလဲ
  • ချုပ်တည်းခြင်းဟာ ဘာကြောင့် အရေးကြီးသလဲ
  • ချုပ်တည်းတတ်အောင် သင်ပေးနိုင်ပုံ
  • စိတ်ထိန်းချုပ် တတ်လာအောင် ကလေးတွေကို သင်ပေးခြင်း
    နိုးလော့!—၂၀၁၅
  • ကိုယ်ကိုချုပ်တည်းခြင်းအသီးကို ပြုစုပျိုးထောင်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ချုပ်တည်းခြင်းကို မွေးမြူပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ဆုရရန် ချုပ်တည်းမှုရှိလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၉
န၁၉ အမှတ် ၂ စာ. ၄-၅
စတိုးဆိုင်မှာ သကြားလုံး ယူဖို့ ကြိုးစားနေတဲ့ ကလေးကို မိခင်က မယူရဘူးလို့ တားနေစဉ်

သင်ခန်းစာ ၁

ချုပ်တည်းခြင်းရဲ့ အကျိုးကျေးဇူးများ

ချုပ်တည်းခြင်းဆိုတာ ဘာလဲ

ချုပ်တည်းခြင်းမှာ အောက်ပါစွမ်းရည်တွေ ပါဝင်တယ်–

  • စောင့်ဆိုင်းတတ်ခြင်း

  • စိတ်လိုက်မာန်ပါ မပြုလုပ်ခြင်း

  • မနှစ်သက်တဲ့ အလုပ်တာဝန်ကို ပြီးစီးခြင်း

  • သူတစ်ပါးကို ဦးစားပေးတတ်ခြင်း

ချုပ်တည်းခြင်းဟာ ဘာကြောင့် အရေးကြီးသလဲ

ချုပ်တည်းတတ်တဲ့ ကလေးတွေဟာ သွေးဆောင်မှု၊ မက်လောက်စရာ သွေးဆောင်မှုမျိုးကိုတောင် တွန်းလှန်နိုင်ကြတယ်။ ချုပ်တည်းမှု နည်းတဲ့ကလေးတွေကတော့

  • ရန်လိုတတ်ကြတယ်

  • စိတ်ကျဝေဒနာ ခံစားကြရတယ်

  • ဆေးလိပ်၊ အရက်၊ မူးယစ်ဆေး သုံးစွဲတတ်ကြတယ်

  • အာဟာရမရှိတာတွေ စားတတ်ကြတယ်

ချုပ်တည်းတတ်တဲ့ ကလေးတွေဟာ လူကြီးဘဝမှာ ကျန်းမာရေး ပြဿနာ၊ ငွေကြေးပြဿနာ အဖြစ်နည်းကြတယ်၊ ဥပဒေလိုက်နာသူတွေ ဖြစ်ကြတယ်လို့ လေ့လာမှုတစ်ခုက ဖော်ပြတယ်။ လေ့လာမှုကို ဦးဆောင်သူ၊ ပင်စီဗေးနီးယား တက္ကသိုလ် ပါမောက္ခ အန်ဂျလာ ဒတ်ခ်ဝတ်က “ချုပ်တည်း ‘လွန်းတယ်’ ဆိုတာ မရှိဘူး” လို့ ပြောတယ်။

ချုပ်တည်းတတ်အောင် သင်ပေးနိုင်ပုံ

ငြင်းတတ်အောင် သင်ယူပါ။

ကျမ်းစာ အခြေခံမူ။ “ဟုတ်ရင် ‘ဟုတ်တယ်၊’ မဟုတ်ရင် ‘မဟုတ်ဘူး’ ဒါပဲ ပြောပါ။”—မဿဲ ၅:၃၇။

ကလေးတွေဟာ လူရှေ့သူရှေ့ ဂျီကျပြီး မိဘရဲ့စိတ်ကို အကဲစမ်းကောင်းစမ်းနိုင်တယ်။ မိဘက လိုက်လျောပေးလိုက်ရင် ဂျီတိုက်လိုက်တာနဲ့ လိုချင်တာ ရနိုင်တယ်လို့ ကလေး ယူဆသွားမယ်။

မိဘက ငြင်းတဲ့အတိုင်း အလျှော့မပေးရင် ကိုယ်လိုချင်တာကို အမြဲ မရနိုင်ဘူးဆိုတဲ့ အချက်ကို ကလေး သိသွားမယ်။ “ဒီအချက်ကို သိသွားတဲ့လူတွေဟာ ပျော်ရွှင်ကျေနပ်မှု အရဆုံးသူတွေ ဖြစ်တယ်။ ကလေး လိုချင်တာမှန်သမျှကို ဖြည့်ဆည်းပေးနေရင် ချစ်ရာမရောက်ဘဲ နှစ်ရာရောက်သွားမယ်”a လို့ ဒေါက်တာ ဒေးဗစ် ဝေါ့ရှ် ပြောတယ်။

အလိုမလိုက်ဘဲ ငြင်းစရာရှိတာ ငြင်းလိုက်ရင် ကလေး ကြီးပြင်းလာတဲ့အခါ ကိုယ်တိုင် ငြင်းတတ်လာမယ်။ ဥပမာ၊ မူးယစ်ဆေး သုံးဖို့၊ လက်မထပ်ခင် လိင်ဆက်ဆံဖို့၊ တခြားအကျင့်ဆိုးတွေ ကျင့်ဖို့ သွေးဆောင်ခံရတဲ့အခါ ငြင်းတတ်လာမယ်။

ကောင်းကျိုး၊ ဆိုးကျိုး ရှိကြောင်း သင့်ကလေးတွေကို နားလည်စေပါ။

ကျမ်းစာ အခြေခံမူ။ “လူဟာ မျိုးစေ့ကြဲတဲ့အတိုင်း ရိတ်သိမ်းရလိမ့်မယ်။”—ဂလာတိ ၆:၇။

လုပ်ရပ်တိုင်းမှာ အကျိုးဆက်ရှိကြောင်း၊ တဇွတ်ထိုး လုပ်ရင် ဆိုးကျိုးတွေ ခံစားရကြောင်း သင့်ကလေး နားလည်ထားဖို့ လိုတယ်။ ဥပမာ၊ အလိုမကျတာနဲ့ စိတ်ဆိုးမယ်ဆိုရင် သူ့ကို တခြားသူတွေ ရှောင်ဖယ်နိုင်တယ်။ စိတ်ဆိုးရင်တောင်မှ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ရှိရင်၊ ကြားဖြတ်မပြောဘဲ စိတ်ရှည်ရှည် စောင့်ဆိုင်းတတ်ရင် သူ့ကို လူတွေ ပိုခင်လာကြမယ်။ ချုပ်တည်းတတ်အောင် လေ့ကျင့်ထားရင် ကောင်းကျိုးတွေ ခံစားနိုင်စရာများကြောင်း သင့်ကလေးကို နားလည်စေပါ။

အဓိကနဲ့ သာမည ခွဲတတ်အောင် သင့်ကလေးကို သင်ပေးပါ။

ကျမ်းစာ အခြေခံမူ။ “ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိနိုင်ကြ” ပါ။—ဖိလိပ္ပိ ၁:၁၀။

ချုပ်တည်းခြင်းဆိုတာ အမှားမလုပ်ဘဲ နေခြင်းသာ မဟုတ်ဘူး။ မလုပ်ချင်ရင်တောင် လုပ်သင့်လုပ်ထိုက်တာကို လုပ်ခြင်း ပါဝင်တယ်။ အဓိကနဲ့ သာမညကို ခွဲခြားလုပ်ဆောင်တတ်အောင် လေ့ကျင့်ထားဖို့ အရေးကြီးတယ်။ အရေးကြီးတာကို ဦးစားပေးလုပ်တတ်ပါစေ။ ဥပမာ၊ ဆော့ကစားခြင်းထက် အိမ်စာကို ဦးစားထားရမယ်။

စံနမူနာကောင်း ပြပါ။

ကျမ်းစာ အခြေခံမူ။ “ဒါဟာ ခင်ဗျားတို့အတွက် ကျွန်တော်ပြတဲ့ စံနမူနာပဲ။ ကျွန်တော်လုပ်သလို ခင်ဗျားတို့ လိုက်လုပ်ကြပါ။”—ယောဟန် ၁၃:၁၅။

အဆင်မပြေမှုတွေ၊ စိတ်ပျက်စရာတွေ ကြုံတဲ့အခါ သင်ပြုမူပြောဆိုပုံကို ကလေးတွေ တွေ့မြင်ကြပါမယ်။ ချုပ်တည်းခြင်းက အခြေအနေကို ပိုကောင်းမွန်စေကြောင်း အလုပ်နဲ့ ပြပါ။ ဥပမာ၊ သင့်ကလေးကြောင့် စိတ်တိုစရာ ပေါ်လာတဲ့အခါ ဒေါသနဲ့ တုံ့ပြန်သလား၊ တည်တည်ငြိမ်ငြိမ် တုံ့ပြန်သလား။

a No: Why Kids—of All Ages—Need to Hear It and Ways Parents Can Say It စာအုပ်မှ ကောက်နုတ်ချက်။

စတိုးဆိုင်မှာ သကြားလုံး ယူဖို့ ကြိုးစားနေတဲ့ ကလေးကို မိခင်က မယူရဘူးလို့ တားနေစဉ်

အခုပဲ လေ့ကျင့်ပေးပါ

အလိုမလိုက်ဘဲ ငြင်းစရာရှိတာ ငြင်းလိုက်ရင် ကလေး ကြီးပြင်းလာတဲ့အခါ ကိုယ်တိုင် ငြင်းတတ်လာမယ်။ ဥပမာ၊ မူးယစ်ဆေး သုံးဖို့၊ တခြားအကျင့်ဆိုးတွေ ကျင့်ဖို့ သွေးဆောင်ခံရတဲ့အခါ ငြင်းတတ်လာမယ်

စံနမူနာပြပြီး သင်ပေးပါ

  • စိတ်ပျက်စရာတွေ ကြုံတဲ့အခါ ဒေါသမထွက်ဘဲ ဖြေရှင်းတာကို ငါ့ကလေး တွေ့မြင်သလား။

  • ပြဿနာတွေ တည်တည်ငြိမ်ငြိမ် ဖြေရှင်းရတဲ့ အကြောင်းရင်းတွေ ငါ့ကလေးကို ရှင်းပြသလား။

  • ငါ့ကို ကလေးတွေ ဘယ်လို မြင်မလဲ။ စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့သူလို့ မြင်မလား။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်တတ်တဲ့သူလို့ မြင်မလား။

မိဘတချို့ လုပ်ဆောင်ခဲ့ရာ . . .

“သမီး စိတ်ပျက်တာ၊ စိတ်ဆိုးတာကို ခွင့်ပြုပေမဲ့ ပတ်ဝန်းကျင်က လူတွေကို စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အထိ ခွင့်မပြုဘူး။ မချုပ်တည်းနိုင်ရင် သူ့ကို ခေါ်ထုတ်သွားတယ်။ အေးဆေးတည်ငြိမ်သွားမှ ပြန်ခေါ်တယ်။”—ထရေဆာ။

“ကလေးတွေရဲ့ လုပ်ရပ်ကောင်းအတွက် ဂုဏ်ယူကြောင်း အသိပေးဖို့ ကျွန်တော်တို့လင်မယား ပန်းတိုင်ထားတယ်။ အခက်အခဲ ကြုံရင်တောင် ချုပ်တည်းမှု ပြတဲ့အခါ၊ တည်တည်ငြိမ်ငြိမ် တုံ့ပြန်တဲ့အခါ ချီးမွမ်းပေးတယ်။”—ဝိန်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ