ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၉ အမှတ် ၂ စာ. ၁၂-၁၃
  • လူကြီးများရဲ့ လမ်းညွှန်မှု တန်ဖိုး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူကြီးများရဲ့ လမ်းညွှန်မှု တန်ဖိုး
  • နိုးလော့!—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူကြီးများရဲ့ လမ်းညွှန်မှုမှာ ဘာပါဝင်သလဲ။
  • လူကြီးများရဲ့ လမ်းညွှန်မှု ဘာကြောင့် အရေးကြီးသလဲ
  • လမ်းညွှန်ပေးနိုင်ပုံ
  • မိဘတွေ လမ်းပြထိန်းကျောင်းနိုင်ပုံ
    မိသားစုအတွက် အကူအညီ
  • ဆယ်ကျော်သက်အရွယ်—လူကြီးဘဝအတွက် ပြင်ဆင်နေ
    နိုးလော့!—၂၀၁၁
  • သားသမီးမွေးမြူရေးအတွက် ယုံကြည်အားထားရသောလမ်းညွှန်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • မိဘများအမေး
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၉
န၁၉ အမှတ် ၂ စာ. ၁၂-၁၃
အမျိုးသမီးတစ်ဦးက ကလေးမလေးကို ဓာတ်ပုံအဟောင်းတွေ ပြနေစဉ်

သင်ခန်းစာ ၅

လူကြီးများရဲ့ လမ်းညွှန်မှု တန်ဖိုး

လူကြီးများရဲ့ လမ်းညွှန်မှုမှာ ဘာပါဝင်သလဲ။

လမ်းညွှန်အကြံပေးနိုင်တဲ့ လူကြီးတွေကို သားသမီးတွေ လိုအပ်ကြတယ်။ မိဘတွေအနေနဲ့ အကြံပေးလမ်းညွှန်နိုင်တဲ့ အကောင်းဆုံး အနေအထားမှာ ရှိကြသလို အကြံပေးလမ်းညွှန်ရမယ့်တာဝန်လည်း ရှိတယ်။ ဒါပေမဲ့ တခြားလူကြီးတွေလည်း သင့်ကလေးတွေကို ကူညီလမ်းညွှန်ပေးနိုင်ကြပါတယ်။

လူကြီးများရဲ့ လမ်းညွှန်မှု ဘာကြောင့် အရေးကြီးသလဲ

နိုင်ငံဒေသများစွာမှာ လူငယ်တွေဟာ လူကြီးတွေနဲ့ ထိတွေ့မှု မရှိသလောက် ဖြစ်လာတယ်။ စဉ်းစားကြည့်ပါ။

  • ကလေးတွေဟာ ကျောင်းမှာပဲ အချိန်ကုန်တာ များတယ်။ ဆရာ/မတွေ၊ တခြားလူကြီးတွေထက် ကျောင်းသူ/သားတွေ ပိုများနေတယ်။

  • ကျောင်းဆင်းတော့ အိမ်မှာ လူမရှိဘူး။ မိဘတွေက အလုပ်မှာ။

  • အမေရိကန်မှာ ၈ နှစ်နဲ့ ၁၂ နှစ်ကြား ကလေးတွေဟာ ဖျော်ဖြေရေးမီဒီယာမှာ တစ်နေ့ ခြောက်နာရီ အချိန်ကုန်နေကြတယ်။a

“လူငယ်တွေဟာ လမ်းပြညွှန်ကြားမှု၊ ပုံသွင်းမှုတို့ကို မိဘတွေ၊ ဆရာ/မတွေ၊ တခြားလူကြီးတွေဆီက မရဘဲ . . . ရွယ်တူချင်းတွေဆီကနေ ရယူနေကြတယ်” လို့ Hold On to Your Kids စာအုပ်မှာ ဖော်ပြထားတယ်။

လမ်းညွှန်ပေးနိုင်ပုံ

သားသမီးတွေကို အချိန်ပေးပါ။

ကျမ်းစာ အခြေခံမူ။ “ကလေးကို သူသွားသင့်တဲ့လမ်းအတိုင်း လေ့ကျင့်ပေးပါ။ အသက်ကြီးလာရင်တောင် အဲဒီလမ်းကို သူစွန့်ခွာမှာ မဟုတ်ဘူး။”—ပညာအလိမ္မာ ၂၂:၆။

ကလေးတွေဟာ ပင်ကိုသဘောအရ မိဘတွေရဲ့ လမ်းညွှန်မှုကို လိုချင်ကြတယ်။ ဆယ်ကျော်သက်အရွယ် ရောက်လာရင်တောင် ရွယ်တူတွေထက် မိဘတွေရဲ့ အကြံဉာဏ်ကို ပိုတန်ဖိုးထားကြတယ်။ “မြီးကောင်ပေါက်အရွယ်၊ လူငယ်အရွယ် သားသမီးရဲ့ သဘောထား၊ အမူအကျင့်ကို မိဘတွေ ဩဇာလွှမ်းမိုးနေတုန်းပဲ။ မြီးကောင်ပေါက်အရွယ်တွေအနေနဲ့ သင်ပြောဆိုသမျှကို လက်မခံဘူးဆိုရင်တောင် မိဘ စဉ်းစားတာကို သိချင်ကြတယ်၊ မိဘ ပြောတာကို နားထောင်ချင်ကြတယ်” ဆိုပြီး You and Your Adolescent စာအုပ်မှာ ဒေါက်တာ လောရင့် စတိန်းဘာ့ဂ် ရေးထားတယ်။

သင့်ကို မျှော်လင့်အားကိုးတဲ့ ကလေးရဲ့ ပင်ကိုဉာဉ်ကို အခွင့်အရေးယူပါ။ ကလေးတွေကို အချိန်ပေးပါ။ သင့်ရှုမြင်ပုံ၊ စံနှုန်းတွေ၊ အတွေ့အကြုံတွေကို ပြောပြပါ။

လမ်းညွှန်ပေးမယ့်သူ စီစဉ်ပေးပါ။

ကျမ်းစာ အခြေခံမူ။ “ဉာဏ်ပညာရှိသူနဲ့ ပေါင်းဖော်ရင် ဉာဏ်ပညာ ရှိလာမယ်။”—ပညာအလိမ္မာ ၁၃:၂၀။

သင့်ကလေးတွေအတွက် စံနမူနာကောင်းမယ့်သူကို စဉ်းစားကြည့်နိုင်မလား။ သူနဲ့ သင့်ကလေး အချိန်ပေးပေါင်းသင်းစေဖို့ စီစဉ်ကြည့်ပါ။ သင့်မိဘအခွင့်အာဏာကိုတော့ မစွန့်လွှတ်သင့်တာ မှန်ပါတယ်။ ဒါပေမဲ့ သင့်ကလေးကို ဒုက္ခပေးမှာ မဟုတ်တဲ့ ယုံကြည်စိတ်ချရသူ အသိ လူကြီးတစ်ယောက်ရဲ့ အားပေးမှုတွေက သင့်လေ့ကျင့်ပေးမှုကို အားဖြည့်ပေးနိုင်ပါတယ်။ ကျမ်းစာခေတ်တုန်းက အရွယ်ရောက်နေပြီဖြစ်တဲ့ တိမောသေတောင် တမန်တော် ပေါလုနဲ့ ပေါင်းသင်းခဲ့လို့ အကျိုးများစွာ ရရှိခဲ့သလို ပေါလုလည်း တိမောသေနဲ့ ခင်မင်ရင်းနှီးမှုကြောင့် အကျိုးခံစားခဲ့တယ်။ —ဖိလိပ္ပိ ၂:၂၀၊ ၂၂။

ကုန်လွန်သွားတဲ့ရာစုနှစ်အတွင်း မိသားစုများစွာဟာ အတိုင်းအတာတစ်ခုအထိ တစ်ပိုင်းတစ်စစီ ပြိုကွဲလာခဲ့ပြီမို့ ဘိုးဘွားတွေ၊ ဦးလေးတွေ၊ အဒေါ်တွေ၊ ဆွေမျိုးသားချင်းတွေနဲ့ ကမ္ဘာခြား နေထိုင်လာကြတယ်။ အဲဒီလိုဆိုရင် သင့်ကလေးတွေမှာ တွေ့မြင်ချင်တဲ့ အကျင့်စရိုက်တွေ ပိုင်ဆိုင်တဲ့လူကြီးတွေဆီကနေ သင်ယူဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးပါ။

a ဆယ်ကျော်သက်တွေဟာ ဖျော်ဖြေရေးမီဒီယာမှာ တစ်နေ့ ကိုးနာရီနီးပါး အချိန်ကုန်နေကြတယ်လို့ လေ့လာမှုအရ သိရတယ်။ ဒီကိန်းဂဏန်းဟာ ကျောင်းမှာ အွန်လိုင်းသုံးတဲ့အချိန်၊ အိမ်စာလုပ်တဲ့အချိန်တို့ မပါဘူး။

အမျိုးသမီးတစ်ဦးက ကလေးမလေးကို ဓာတ်ပုံအဟောင်းတွေ ပြနေစဉ်

အခုပဲ လေ့ကျင့်ပေးပါ

လူကြီးတွေရဲ့ လမ်းညွှန်မှုကို မျှော်ကိုးတဲ့ကလေးဟာ လူကြီးဘဝမှာ ဉာဏ်ပညာနဲ့ ရင့်ကျက်မှု ပိုပြနိုင်စရာရှိတယ်

စံနမူနာပြပြီး သင်ပေးပါ

  • ငါဟာ ကလေးတွေအတွက် စံနမူနာကောင်းသူလား။

  • အတွေ့အကြုံ ပိုများသူတွေဆီက လမ်းညွှန်မှု ကိုယ်တိုင်ရယူကြောင်း သားသမီးတွေကို ပြသလား။

  • ကလေးတွေကို အချိန်ပေးခြင်းအားဖြင့် အရေးကြီးသူတွေဖြစ်ကြောင်း ဖော်ပြသလား။

မိဘတချို့ လုပ်ဆောင်ခဲ့ရာ . . .

“တစ်ခါတလေ အလုပ်များနေတုန်း သမီးက စကားပြောချင်တယ်လို့ ပြောတတ်တယ်။ သမီးကို အပြည့်အဝ အာရုံစိုက်နိုင်အောင် ခဏလေး စောင့်ခိုင်းရရင်တောင်မှ အမြဲ ဦးစားပေးဖြစ်တယ်။ ကျွန်တော်တို့ ဇနီးမောင်နှံအနေနဲ့ ကိုယ်သွန်သင်ပေးတဲ့အတိုင်း နေထိုင်တယ်ဆိုတာကို သမီး တွေ့မြင်အောင် စံနမူနာကောင်း ကြိုးစားပြကြတယ်။”—ဒေးဗစ်။

“သမီး မွေးတော့ ပြုစုပျိုးထောင်ဖို့ ကျွန်မ အလုပ်ထွက်ပြီး အိမ်မှာ နေဖို့ ကျွန်မတို့လင်မယား ဆုံးဖြတ်ကြတယ်။ ဆုံးဖြတ်ချက်အတွက် နောင်တမရဘူး။ မှန်ကန်တဲ့ လမ်းပြညွှန်ကြားမှု ရရှိဖို့ ကလေးနဲ့အတူ အတတ်နိုင်ဆုံး ရှိနေဖို့ အရေးကြီးတယ်လေ။”—လီဆာ။

လူကြီးတွေနဲ့ အချိန်ပေးပေါင်းသင်းခြင်း

“ကျွန်မကလေးတွေဟာ အသက်အရွယ် အမျိုးမျိုးရှိသူတွေနဲ့ ကြီးပြင်းလာကြတယ်။ ဒါကြောင့် တခြားသူတွေရဲ့ အတွေ့အကြုံတွေကို သိမြင်ခွင့် ရကြတယ်။ ဥပမာ၊ အဘွားတို့မိသားစုဟာ ကလေးဘဝတုန်းက လျှပ်စစ်မီး ပထမဆုံး မြင်ဖူးတဲ့ မိသားစု ဖြစ်တယ်လို့ ပြောပြတော့ ကလေးတွေ သိပ်အံ့ဩကြတယ်။ မီးဖိုချောင်မှာ မီးဖွင့်လိုက်၊ ပိတ်လိုက် လုပ်နေတာကို အိမ်နီးနားချင်းတွေ လာကြည့်ကြတယ်လို့ ပြောပြတယ်။ အဲဒါက ဘဝအခြေအနေတွေ ဘယ်လောက် ကွာခြားသွားသလဲဆိုတာကို ကလေးတွေ သိခွင့် ရသွားကြတယ်။ ဘွားဘွားကြီးအကြောင်း သိခွင့်ရတော့ ဘွားဘွားကြီးနဲ့ တခြားလူကြီးတွေကို လေးစားတတ်လာကြတယ်။ လူကြီးတွေနဲ့ ပေါင်းသင်းချိန် များပြီး ရွယ်တူတွေနဲ့ ပေါင်းသင်းချိန် နည်းတဲ့အခါ ဘဝကို ရှုထောင့်အမျိုးမျိုးကနေ သိမြင်ခွင့် ရနိုင်ကြတယ်။” —မရန်ဒါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ