ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၉ အမှတ် ၃ စာ. ၄-၅
  • ခန္ဓာကျန်းမာရေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခန္ဓာကျန်းမာရေး
  • နိုးလော့!—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်ကိုယ်ခန္ဓာကို ဂရုစိုက်ပါ
  • လုပ်ဆောင်နိုင်ရာ–
  • အကျင့်ဆိုးတွေကို ရှောင်ပါ
  • တခြား ကျမ်းစာ အခြေခံမူများ
  • ၁ | ကျန်းမာရေး ဂရုစိုက်ပါ
    နိုးလော့!—၂၀၂၂
  • သော့ချက် ၅—သင့်ကိုယ်သင်နဲ့ သင့်မိသားစုကို လှုံ့ဆော်ပါ
    နိုးလော့!—၂၀၁၁
  • အိပ်ချိန် ဘယ်လို ပိုရနိုင်မလဲ
    လူငယ်များအမေး
  • ကျန်းမာရေးကို ဂရုစိုက်ရာတွင် ကျမ်းစာအမြင်ကို ထိန်းသိမ်းပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၉
န၁၉ အမှတ် ၃ စာ. ၄-၅
အမျိုးသားတစ်ယောက် အသုပ် စားနေစဉ်

ခန္ဓာကျန်းမာရေး

ကျမ်းစာဟာ ဆေးပညာစာအုပ် မဟုတ်ပေမဲ့ ကျန်းမာရေး ကောင်းမွန်စေတဲ့ လမ်းညွှန်ချက်တွေ ပါတယ်။ ကိုယ်ခန္ဓာ ကျန်းမာစေနိုင်တဲ့ ကျမ်းစာအခြေခံမူတချို့ကို သုံးသပ်ကြည့်ပါ။

သင့်ကိုယ်ခန္ဓာကို ဂရုစိုက်ပါ

ကျမ်းစာ အခြေခံမူ။ “ကိုယ့်ခန္ဓာကိုယ်ကို မုန်းတဲ့သူ တစ်ယောက်မှ မရှိဘူး။ လူတိုင်း ကိုယ့်ခန္ဓာကိုယ်ကို ကျွေးမွေးပြီး မြတ်နိုးတတ်တယ်။”—ဧဖက် ၅:၂၉။

အဓိပ္ပာယ်။ ဒီကျမ်းစာအခြေခံမူက ကိုယ်ခန္ဓာ ကျန်းမာရေးကို ဂရုစိုက်ဖို့ အားပေးတယ်။ ကျန်းမာရေးပြဿနာများစွာဟာ လူနေမှုဘဝပုံစံတွေကြောင့် ဖြစ်ကြောင်း လေ့လာမှုတစ်ခုက ဖော်ပြတယ်။ ဒါကြောင့် မှန်ကန်တဲ့ဘဝပုံစံက ကျန်းမာရေး ပိုကောင်းစေနိုင်တယ်။

လုပ်ဆောင်နိုင်ရာ–

  • အာဟာရရှိရှိ စားပါ။ ကျန်းမာရေးနဲ့ညီတဲ့ အစားအသောက်တွေ စားသောက်ပါ။

  • ကိုယ်လက်လှုပ်ရှားပါ။ ဘယ်အရွယ်ပဲဖြစ်ဖြစ်၊ မသန်စွမ်းသူ၊ နာတာရှည်ရောဂါရှိသူ ဖြစ်နေရင်တောင်မှ ကိုယ်လက်လှုပ်ရှားခြင်းက ကျန်းမာရေး တိုးတက်ကောင်းမွန်စေနိုင်တယ်။ ချစ်ခင်ရသူတွေ၊ ဆရာဝန်တွေက လေ့ကျင့်ခန်းလုပ်ဖို့ ကူညီပေးနိုင်ပေမဲ့ ကိုယ်တိုင် လုပ်ဆောင်မှ အကျိုးခံစားရမယ်။

  • အိပ်ရေးဝဝ အိပ်ပါ။ အိပ်ရေးပျက်ဖန်များရင် ရောဂါဆိုးတွေ ရလာနိုင်တယ်။ လူအများစုရဲ့ နေထိုင်ပုံက အိပ်ရေးမဝ ဖြစ်စေတယ်။ ဒါပေမဲ့ အိပ်ရေးဝဝ အိပ်မယ်ဆိုရင် ပိုကျန်းမာလာမယ်။

အကျင့်ဆိုးတွေကို ရှောင်ပါ

ကျမ်းစာ အခြေခံမူ။ “ကိုယ်စိတ်နှစ်ပါးကို ညစ်ညူးစေတဲ့အရာ ရှိသမျှနဲ့ ကင်းစင်နေကြစို့။”—၂ ကောရိန္သု ၇:၁။

အဓိပ္ပာယ်။ ရောဂါဖြစ်စေရုံမက အသက်အန္တရာယ် ဖြစ်စေတဲ့ ဆေးရွက်ကြီးထုတ်ကုန်တွေကို ရှောင်ခြင်းအားဖြင့် ကျန်းမာရေး ပိုကောင်းစေနိုင်တယ်။

လုပ်ဆောင်နိုင်ရာ။ ဆေးလိပ် ဖြတ်မယ့်နေ့ကို သတ်မှတ်ပြီး ပြက္ခဒိန်မှာ မှတ်ထားပါ။ အဲဒီနေ့ မတိုင်ခင် စီးကရက်၊ ဆေးလိပ်ပြာခွက်၊ မီးခြစ်၊ အဲဒီအကျင့်ဆိုးနဲ့ ဆက်စပ်ပစ္စည်းတွေကို လွှင့်ပစ်ပါ။ ဆေးလိပ်သောက်သူတွေရှိတဲ့ နေရာတွေကို ရှောင်ပါ။ ကိုယ့်ဆုံးဖြတ်ချက်ကို အားပေးမယ့် မိတ်ဆွေတွေကို ပြောပြထားပါ။

တခြား ကျမ်းစာ အခြေခံမူများ

အမျိုးသားတစ်ယောက် ကျမ်းစာ ဖတ်နေစဉ်

သင့်ဒေသက ယေဟောဝါသက်သေတစ်ယောက်နဲ့ ဆက်သွယ်ပြီး ကျမ်းစာတစ်အုပ် ရယူနိုင်ပါတယ်။

ဘေးကင်းအောင် လုပ်ဆောင်ပါ။

“အိမ်သစ်ဆောက်တဲ့အခါ အိမ်မိုးပတ်လည်မှာ အကာအရံ လုပ်ထားရမယ်။ အိမ်မိုးပေါ်ကနေ တစ်ယောက်ယောက် ပြုတ်ကျလို့ အိမ်သားတွေအပေါ် အပြစ်သင့်တာမျိုး မဖြစ်စေဖို့ပဲ။”—တရားဟောရာ ၂၂:၈။

ဒေါသကို ချုပ်ထိန်းပါ။

“လွယ်လွယ်နဲ့ ဒေါသမထွက်တဲ့သူဟာ ပိုင်းခြားသိမြင်နိုင်စွမ်း ကြီးမားတဲ့သူပဲ။ စိတ်မရှည်တဲ့သူကတော့ မိုက်မဲမှုကို ဖော်ပြတတ်တယ်။”—ပညာအလိမ္မာ ၁၄:၂၉။

စားကြူးခြင်းကို ရှောင်ပါ။

“ငမ်းငမ်းတက် စားသူတွေထဲမှာ မင်း မပါစေနဲ့။”—ပညာအလိမ္မာ ၂၃:၂၀။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ