ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၉ အမှတ် ၃ စာ. ၆-၇
  • စိတ်ကျန်းမာရေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စိတ်ကျန်းမာရေး
  • နိုးလော့!—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဒေါသ
  • ကျေးဇူးသိတတ်ပါ
  • တခြား ကျမ်းစာ အခြေခံမူများ
  • ဒေါသနဲ့ပတ်သက်ပြီး ကျမ်းစာ ဘာဆိုထားသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ထိုးထွင်းဉာဏ်က ဒေါသကိုပြေစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ငါ့ရဲ့စိတ်လှုပ်ရှားမှုကို ငါဘယ်လို ထိန်းချုပ်နိုင်မလဲ
    နိုးလော့!—၂၀၀၅
  • ဒေါသကြီးတဲ့ ပြဿနာ
    နိုးလော့!—၂၀၁၂
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၉
န၁၉ အမှတ် ၃ စာ. ၆-၇
ကုန်စုံဆိုင်မှာ တန်းစီနေတဲ့သူတွေ စိတ်ဆိုးနေကြပေမဲ့ သားအမိနှစ်ယောက် တည်ငြိမ်အေးဆေးနေစဉ်

စိတ်ကျန်းမာရေး

အပျက်သဘောထားတွေကို ရှောင်ဖို့၊ အပြုသဘောထား မွေးမြူဖို့ ကျမ်းစာက သတိပေးတိုက်တွန်းထားတယ်။

ဒေါသ

ကျမ်းစာ အခြေခံမူ။ “လွယ်လွယ်နဲ့ ဒေါသမထွက်တဲ့သူဟာ ခွန်အားကြီးသူထက် သာလွန်တယ်။”—ပညာအလိမ္မာ ၁၆:၃၂။

အဓိပ္ပာယ်။ စိတ်ထိန်းချုပ်နိုင်စွမ်း ရှိတာ ကောင်းတယ်။ တစ်ခါတလေ ဒေါသထွက်စရာအကြောင်း ရှိနိုင်ပေမဲ့ ဒေါသကို မထိန်းဘူးဆိုရင် ပျက်စီးရာရောက်စေတယ်။ ဒေါသထွက်နေချိန်မှာ နောက်မှ နောင်တရစရာမျိုးကို ပြောမိလုပ်မိတတ်တယ်လို့ သုတေသီတွေ တွေ့ရှိကြတယ်။

လုပ်ဆောင်နိုင်ရာ။ ဒေါသက ကိုယ့်ကို မလွှမ်းမိုးခင် ကိုယ်က ဒေါသကို ထိန်းချုပ်တတ်အောင် သင်ယူပါ။ ဒေါသထွက်တာ စိတ်ဓာတ်ကြံ့ခိုင်ခြင်းလို့ တချို့ ယူဆကြပေမဲ့ တကယ်တော့ ပျော့ညံ့ခြင်း ဖြစ်ကြောင်း သိထားသင့်တယ်။ “စိတ်မချုပ်တည်း နိုင်သူဟာ မြို့ရိုး ပြိုပျက်ပြီး အကာအရံမဲ့နေတဲ့ မြို့နဲ့ တူတယ်” လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ပညာအလိမ္မာ ၂၅:၂၈) ဒေါသထိန်းချုပ်နိုင်တဲ့ နည်းတစ်နည်းကတော့ မတုံ့ပြန်ခင် အကြောင်းရင်းကို သိအောင်လုပ်ခြင်းပါပဲ။ “ထိုးထွင်းဉာဏ်ရှိသူဟာ ဒေါသချုပ်တည်းတယ်။” (ပညာအလိမ္မာ ၁၉:၁၁) နှစ်ဖက်စကားကို သေသေချာချာ နားထောင်သင့်တယ်။ ဒါဆိုရင် ထိုးထွင်းဉာဏ် ရှိလာမယ်။ စိတ်တည်ငြိမ်လာမယ်။

ကျေးဇူးသိတတ်ပါ

ကျမ်းစာ အခြေခံမူ။ “ကျေးဇူးသိတတ်ကြပါ။” —ကောလောသဲ ၃:၁၅။

အဓိပ္ပာယ်။ ကျေးဇူးသိတတ်တဲ့သူတွေပဲ ပျော်ရွှင်ချမ်းမြေ့တတ်ကြတယ်လို့ ဆိုကြတယ်။ ဆုံးရှုံးမှုကြီး ကြုံတွေ့ရတဲ့သူတွေတောင် ဒီအချက်ကို လက်ခံကြတယ်။ ဆုံးရှုံးသွားတဲ့အရာကို အာရုံမစိုက်ဘဲ ရှိထားတာလေးအတွက် ကျေးဇူးသိတတ်ခြင်းက အောင်မြင်ခြင်းရဲ့ သော့ချက် ဖြစ်တယ်လို့ ဆိုကြတယ်။

လုပ်ဆောင်နိုင်ရာ။ နေ့စဉ် ကျေးဇူးတင်စရာအကြောင်းတွေ စာရင်းလုပ်ပါ။ ကြီးကြီးမားမား ဖြစ်စရာ မလိုဘူး။ အရုဏ်ဦးအလှ၊ ချစ်ခင်ရသူနဲ့ စကားစမြည်ပြောတာ၊ အသက်ရှင်ရတာစတဲ့ အသေးအဖွဲလေးတွေကို စဉ်းစားပါ။ ဒီလိုအပြုသဘောဆောင်တဲ့အရာတွေကို အချိန်ပေးစဉ်းစားမယ်၊ ကျေးဇူးတင်မယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်စေမယ်။

မိသားစုနဲ့ မိတ်ဆွေတွေ ရှိလို့ ဘယ်လောက် ကျေးဇူးတင်စရာကောင်းသလဲဆိုတာကို စဉ်းစားမယ်ဆိုရင် အကျိုးရှိနိုင်တယ်။ ကိုယ်တန်ဖိုးထားရတဲ့ အချက်လေးတွေ တွေ့ရင် သူတို့ကို လူကိုယ်တိုင်ဖြစ်စေ၊ အီးမေးလ်၊ စာတိုပို့ပြီးဖြစ်စေ ပြောပြပါ။ အဲဒါက ခင်မင်ရင်းနှီးမှု တိုးစေပြီး ပေးကမ်းခြင်းကြောင့် ပျော်ရွှင်မှု ရစေမယ်။—တမန်တော် ၂၀:၃၅။

တခြား ကျမ်းစာ အခြေခံမူများ

မိခင်တစ်ဦး သမီးငယ်ရဲ့ အင်္ကျီတွေ ခေါက်သိမ်းနေရင်း အသံသွင်းထားတဲ့ ကျမ်းစာကို နားထောင်နေစဉ်

ကျမ်းစာ အသံဖိုင်တွေကို ကူးယူနိုင်ပါတယ်။ jw.org မှာ ဘာသာစကား ၄၀ လောက်နဲ့ ရနိုင်ပါတယ်။

အငြင်းပွားခြင်းကို ရှောင်ပါ။

“ရန်ပွဲကို အစပျိုးလိုက်တာဟာ ရေတံခါးကို ဖွင့်လိုက်တာနဲ့ တူတယ်။ ဒါကြောင့် အငြင်းအခုံ မဖြစ်ခင် ရှောင်ထွက်သွားပါ။”—ပညာအလိမ္မာ ၁၇:၁၄။

အနာဂတ်အတွက် အစိုးရိမ်မလွန်ပါနဲ့။

“နေ့ရက်တိုင်းဟာ သူ့စိုးရိမ်စရာနဲ့သူ ရှိနေမှာဆိုတော့ မနက်ဖြန်အတွက် ဘယ်တော့မှ မစိုးရိမ်ပါနဲ့။ ဒီနေ့ကြုံရတဲ့ အခက်အခဲကိုပဲ စဉ်းစားပါ။”—မဿဲ ၆:၃၄။

စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။

“စဉ်းစားဆင်ခြင်နိုင်စွမ်းက မင်းကို စောင့်ကြပ်ပေးလိမ့်မယ်။ ပိုင်းခြားသိမြင်နိုင်စွမ်းက ကာကွယ်ပေးလိမ့်မယ်။”—ပညာအလိမ္မာ ၂:၁၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ