ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၂၀ အမှတ် ၁ စာ. ၁၄-၁၅
  • စိတ်ဖိစီးမှု မရှိတဲ့ အသက်တာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စိတ်ဖိစီးမှု မရှိတဲ့ အသက်တာ
  • နိုးလော့!—၂၀၂၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • မာတိကာ
    နိုးလော့!—၂၀၂၀
  • ဖိစီးမှုကို မည်သို့ ထိန်းချုပ်နိုင်ပုံ
    နိုးလော့!—၂၀၁၀
  • ဘုရားနိုင်ငံတော်မှာ “ငြိမ်သက်ခြင်း တိုးများ” စေဖို့
    နိုးလော့!—၂၀၁၉
  • အကျိုးပြုသောဖိစီးမှု အကျိုးယုတ်စေသောဖိစီးမှု
    နိုးလော့!—၁၉၉၉
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၂၀
န၂၀ အမှတ် ၁ စာ. ၁၄-၁၅
သားအဖနှစ်ယောက် လှိုင်းစီးနေ၊ သားအမိနှစ်ယောက် ကမ်းစပ်ကနေ ကြည့်နေ။

စိတ်ဖိစီးမှုမှ လွတ်မြောက်ခြင်း

စိတ်ဖိစီးမှု မရှိတဲ့ အသက်တာ

ကျမ်းစာမှာပါတဲ့ ဉာဏ်ပညာက မလိုအပ်တဲ့ စိတ်ဖိစီးမှုတွေကို ရှောင်ရှားဖို့ ကူညီနိုင်တယ်။ စိတ်ဖိစီးမှု အားလုံးကိုတော့ ကိုယ့်ဘာသာကိုယ် မဖယ်ရှားနိုင်ဘူး။ ဖန်ဆင်းရှင်ပဲ ဖယ်ရှားပေးနိုင်တယ်။ ကျွန်တော်တို့ကို ကူညီပေးဖို့ ယေရှုခရစ်ကို ဘုရားခန့်ထားတယ်။ မြေကြီးပေါ် လူသားဘဝတုန်းက လုပ်ဆောင်ခဲ့တာထက် ပိုကောင်းတာတွေကို မကြာခင် တစ်ကမ္ဘာလုံးမှာ ယေရှု လုပ်ဆောင်ပေးတော့မယ်။ ဥပမာ၊

ဖျားနာသူတွေကို ယေရှု ကုသပေးမယ်။

“ရောဂါဝေဒနာအမျိုးမျိုး စွဲကပ်နေသူတွေကို ခေါ်လာကြတဲ့အတွက် ယေရှု ကုသပေးတယ်။”​—မဿဲ ၄:၂၄။

လူတိုင်းအတွက် နေစရာ၊ စားစရာ ယေရှု စီစဉ်ပေးမယ်။

“လူတွေ [ခရစ်တော်ရဲ့ အုပ်ချုပ်မှုကို လက်အောက်ခံသူတွေ] က အိမ်တွေဆောက်ပြီး ကိုယ်တိုင်နေထိုင်ရလိမ့်မယ်။ စပျစ်ခြံတွေစိုက်ပြီး စပျစ်သီးတွေကို ကိုယ်တိုင်စားသုံးရလိမ့်မယ်။ သူတို့ဆောက်တဲ့အိမ်မှာ တခြားသူတွေ နေထိုင်မှာ မဟုတ်ဘူး။ သူတို့စိုက်ပျိုးတဲ့ အပင်တွေကို တခြားသူတွေ စားသုံးမှာ မဟုတ်ဘူး။”​—ဟေရှာယ ၆၅:၂၁၊ ၂၂။

ယေရှုရဲ့ အုပ်ချုပ်မှုက တစ်ကမ္ဘာလုံးကို ငြိမ်းချမ်းလုံခြုံစေမယ်။

“မင်းကြီးရဲ့လက်ထက်မှာ ဖြောင့်မတ်သူတွေ ကြီးပွားလိမ့်မယ်။ လမင်းတည်ရှိနေသရွေ့ ငြိမ်သက်ခြင်း တိုးများလိမ့်မယ်။ လက်အောက်ခံ ပြည်သူပြည်သားတွေဟာ ပင်လယ်တစ်ပြင်ကနေ တစ်ပြင်အထိ၊ မြစ်ကြီးကနေ မြေကြီးစွန်းအထိ ရှိကြလိမ့်မယ်။ . . . မင်းကြီးရဲ့ရန်သူတွေ မြေမှုန့်ကို လျက်ရလိမ့်မယ်။”​—ဆာလံ ၇၂:၇-၉။

တရားမမျှတမှုကို ယေရှု ဖယ်ရှားပေးမယ်။

“နိမ့်ကျသူတွေ၊ နွမ်းပါးသူတွေကို သနားလိမ့်မယ်။ ဆင်းရဲသားတွေရဲ့အသက်ကို ကယ်တင်လိမ့်မယ်။ သူတို့ကို ဖိနှိပ်မှုနဲ့ အကြမ်းဖက်မှုကနေ ကယ်တင် လိမ့်မယ်။”​—ဆာလံ ၇၂:၁၃၊ ၁၄။

ဆင်းရဲဒုက္ခနဲ့ သေခြင်းကိုတောင် ယေရှု ဖယ်ရှားပေးမယ်။

“သေခြင်းရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။”​—ဗျာဒိတ် ၂၁:၄။

“အလွန် စိတ်ဖိစီးမှုများတဲ့ ကာလ”

“ကမ္ဘာကြီးက တစ်ခါနဲ့မှ မတူအောင် ဖိစီးမှု၊ စိုးရိမ်မှု၊ ဝမ်းနည်းမှု၊ နာကျင်မှုတွေနဲ့ ပြည့်နေတယ်။”​—မိုဟာမက် အက်စ် ယူးနစ်၊ ဂါလို့ပ် မန်နေဂျင်း အယ်ဒီတာ။

စိတ်ဖိစီးမှု ဘာကြောင့် ဒီလောက် အဖြစ်များနေတာလဲ။ အကောင်းဆုံး အဖြေကို ကျမ်းစာမှာ ပေးထားတယ်။ “နောက်ဆုံးကာလဟာ အလွန် စိတ်ဖိစီးမှုများတဲ့ ကာလ ဖြစ်မယ်ဆိုတာ သိထားပါ” လို့ ၂ တိမောသေ ၃:၁ မှာ ပြောထားတယ်။ (The Amplified Bible) လူတွေရဲ့ စရိုက်ဆိုးတွေကြောင့် ဖြစ်တယ်။ အဲဒီထဲမှာ လောဘ၊ မောက်မာမှု၊ ဘာသာရေး အရေခြုံမှု၊ ကြမ်းကြုတ်မှု၊ မိသားစု ချစ်ခင်တွယ်တာမှု မရှိခြင်း၊ မချုပ်တည်းနိုင်ခြင်းတို့ ပါဝင်တယ်။ (၂ တိမောသေ ၃:၂-၅) ကောင်းကင်အစိုးရဖြစ်တဲ့ ဘုရားသခင့် နိုင်ငံတော်ရဲ့ ဘုရင်အဖြစ် မြေကြီးကို ယေရှုခရစ် အပြည့်အဝ အုပ်ချုပ်ချိန်မှာ နောက်ဆုံးကာလ အဆုံးတိုင်ပါလိမ့်မယ်။​—ဒံယေလ ၂:၄၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ