ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၂၀ အမှတ် ၂ စာ. ၁၄-၁၅
  • ဆင်းရဲဒုက္ခ အဆုံးတိုင်ပါ့မလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆင်းရဲဒုက္ခ အဆုံးတိုင်ပါ့မလား
  • နိုးလော့!—၂၀၂၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အဲဒီအချက်ကို ဘာကြောင့် သိဖို့ လိုသလဲ
  • စဉ်းစားကြည့်ပါ
  • ကျမ်းစာ သွန်သင်ရာ
  • သမ္မာကျမ်းစာ သွန်သင်ရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • ဆင်းရဲဒုက္ခ
    နိုးလော့!—၂၀၁၅
  • မေးခွန်း ၃– ကျွန်ုပ်ကို ဘာဖြစ်လို့ ဆင်းရဲဒုက္ခတွေ ခံစားစေတာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဖန်ဆင်းရှင် ဂရုစိုက်စောင့်ရှောက်ရိုးမှန်လျှင် အဘယ်ကြောင့် ဆင်းရဲဒုက္ခ ဤမျှများပြားရသနည်း
    သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၂၀
န၂၀ အမှတ် ၂ စာ. ၁၄-၁၅
ရေကန်ဘေးမှာ ပျော်ပွဲစားထွက်နေတဲ့ မိသားစု။ ရယ်မောပျော်ရွှင်နေကြ။

၅။ ဆင်းရဲဒုက္ခ အဆုံးတိုင်ပါ့မလား

အဲဒီအချက်ကို ဘာကြောင့် သိဖို့ လိုသလဲ

ဆင်းရဲဒုက္ခ အဆုံးတိုင်မယ်လို့ မျှော်လင့်နိုင်စရာ အကြောင်းရင်း ရှိမယ်ဆိုရင် ဘဝအပေါ်၊ ဘုရားအပေါ် အပြုသဘောထား ပိုရှိလာမယ်။

စဉ်းစားကြည့်ပါ

လူများစွာဟာ ဆင်းရဲဒုက္ခကို အဆုံးတိုင်ပေးချင်ပေမဲ့ လုပ်ဆောင်နိုင်စွမ်း အကန့်အသတ် ရှိတယ်။ အောက်ပါအချက်တွေကို သတိပြုပါ–

ဆေးပညာ တိုးတက်လာပေမဲ့ . . .

  • နှလုံးရောဂါဟာ လူတွေကို သေဆုံးစေတဲ့ အဓိက အကြောင်းရင်း ဖြစ်နေတုန်းပဲ။

  • ကင်ဆာရောဂါကြောင့် နှစ်စဉ် လူသန်းပေါင်းများစွာ သေဆုံးနေတုန်းပဲ။

  • “ကမ္ဘာကြီးဟာ ရှိပြီးသား ရောဂါ၊ အသစ်ပေါ်လာတဲ့ ရောဂါ၊ ခေါင်းပြန်ထောင်လာတဲ့ ရောဂါတွေရဲ့ ခြိမ်းခြောက်မှု ခံနေရဆဲပဲ” လို့ ဂျာနယ်တစ်စောင် (Frontiers in Immunology) မှာ ဒေါက်တာ ဒေးဗစ်ဗလွန်း ရေးထားတယ်။

နိုင်ငံတချို့ ချမ်းသာကြွယ်ဝပေမဲ့ . . .

  • နှစ်စဉ် ကလေး သန်းပေါင်းများစွာ သေဆုံးနေတုန်းပဲ။ ဆင်းရဲတဲ့ ဒေသမှာ ပိုများတယ်။

  • လူသန်းထောင်ပေါင်းများစွာဟာ သင့်တော်တဲ့ အညစ်အကြေးစွန့်စနစ် မရှိဘဲ နေထိုင်ကြရတယ်။

  • လူသန်းပေါင်းများစွာဟာ သန့်ရှင်းတဲ့ရေ မရကြဘူး။

လူ့အခွင့်အရေးအကြောင်း ပိုသိလာကြပေမဲ့ . . .

  • နိုင်ငံများစွာမှာ လူကုန်ကူးမှုတွေ ရှိနေတုန်းပဲ။ ပြစ်မှုကျူးလွန်သူတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေ အရေးမယူတာဟာ “ပြဿနာကို မသိလို့ ဖြစ်နိုင်သလို ဖြေရှင်းဖို့ မတတ်နိုင်လို့လည်း ဖြစ်နိုင်တယ်” လို့ ကုလသမဂ္ဂ သတင်းတစ်ပုဒ်မှာ ဖော်ပြတယ်။

    ထပ်သိချင်ရင်

    ဘုရားသခင့် နိုင်ငံတော်ဆိုတာ ဘာလဲ ဗီဒီယိုကို jw.org မှာကြည့်ပါ။

ကျမ်းစာ သွန်သင်ရာ

ကျွန်တော်တို့ကို ဘုရား ဂရုစိုက်တယ်။

ကျွန်တော်တို့ရဲ့ နာကျင်ဝမ်းနည်းမှုတွေကို မသိကျိုးကျွန် မပြုဘူး။

“ဘုရားဟာ ဖိနှိပ်ခံရသူရဲ့ ဒုက္ခကို အရေးမစိုက်ဘဲ မနေဘူး၊ မရွံရှာဘူး။ သူ့ကို မျက်နှာမလွှဲဘူး။ သူအော်ဟစ် အကူအညီတောင်းတဲ့အခါ ကြားတယ်။”—ဆာလံ ၂၂:၂၄။

“စိုးရိမ်ပူပန်စရာ ရှိသမျှကို ဘုရားသခင်ဆီ ပုံအပ်ထားလိုက်ပါ။ ဘုရားသခင်ဟာ ခင်ဗျားတို့ကို ဂရုစိုက်တဲ့အရှင် ဖြစ်လို့ပဲ။”—၁ ပေတရု ၅:၇။

ဆင်းရဲဒုက္ခတွေ အမြဲ ရှိနေမှာ မဟုတ်ဘူး။

လူတွေနဲ့ပတ်သက်တဲ့ ဘုရားရည်ရွယ်ချက် ပြည့်စုံလာမယ်လို့ ကျမ်းစာမှာ ကတိပေးထားတယ်။

“ဘုရားသခင်က သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။ သေခြင်း ရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။”—ဗျာဒိတ် ၂၁:၄။

ဆင်းရဲဒုက္ခ ဖြစ်စေတဲ့ အကြောင်းရင်းတွေကို ဘုရား ဖယ်ရှားပေးမယ်။

ဘုရားနိုင်ငံတော်အားဖြင့် ဖယ်ရှားပေးမယ်။ အဲဒီနိုင်ငံတော်ဟာ တကယ် တည်ရှိတဲ့ အစိုးရ ဖြစ်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။

“ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်က ဘယ်တော့မှ မပျက်စီးမယ့် နိုင်ငံတစ်ခုကို တည်ထောင်လိမ့်မယ်။ အဲဒီနိုင်ငံဟာ တခြားလူတွေလက်ထဲ ရောက်မှာ မဟုတ်ဘူး။ . . . အဲဒီနိုင်ငံတစ်ခုပဲ ထာဝစဉ် တည်တံ့နေမယ်။”—ဒံယေလ ၂:၄၄။

ဆင်းရဲဒုက္ခ အဆုံးတိုင်ပါ့မလား

အဆုံးတိုင်ပါမယ်။ လူတွေကြောင့်တော့ မဟုတ်ဘူး။ လူ့အစိုးရတွေက ဒုက္ခတွေကို လျော့ပါးစေရုံလောက်ပဲ တတ်နိုင်ပေမဲ့ ဘုရားကတော့ ဒုက္ခဖြစ်စေတဲ့ အကြောင်းရင်းတွေကိုပါ ဖယ်ရှားပေးမယ်။ နိုင်ငံတော်အားဖြင့် ဖယ်ရှားပေးမယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ