ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၂၃ အမှတ် ၁ စာ. ၁၅
  • ကမ္ဘာမြေ ဆက်ရှင်သန်မယ်လို့ ဘုရားသခင် ကတိပြု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာမြေ ဆက်ရှင်သန်မယ်လို့ ဘုရားသခင် ကတိပြု
  • နိုးလော့!—၂၀၂၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဖန်ဆင်းရှင်ထံမှ ထာဝရ ဆုလက်ဆောင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ဒီ နိုးလော့! စာစောင်မှာ
    နိုးလော့!—၂၀၂၃
  • လူတွေကြောင့် ကမ္ဘာကြီး ပျက်စီးသွားမှာလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ကမ္ဘာမြေ ဖျက်ဆီးခံရမလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၂၃
န၂၃ အမှတ် ၁ စာ. ၁၅
တောင်တန်းနဲ့ သစ်ပင်တွေ ပတ်လည်ဝိုင်းနေတဲ့ ရေကန်။

Oleh_Slobodeniuk/E+ via Getty Images

ကမ္ဘာမြေ ဆက်ရှင်သန်မယ်လို့ ဘုရားသခင် ကတိပြု

“ကမ္ဘာကြီးဟာ ကျွန်တော်တို့ ထင်ထားတာထက် အကြမ်းခံသားပဲ။”

ရာသီဥတု ပြောင်းလဲမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာ သုတေသီအဖွဲ့ ကောက်ချက်ချခဲ့တဲ့ စကားတွေပါ။ လူသားတွေကို ဂရုစိုက်တဲ့ ဖန်ဆင်းရှင်တစ်ပါးရှိတယ်လို့ သင် ယုံကြည်တယ်ဆိုရင် အဲဒီသုတေသီအဖွဲ့ရဲ့ ကောက်ချက်ကို ကြားတဲ့အခါ ဘုရားသခင် ပုံစံပြုထည့်သွင်းထားတဲ့၊ ပြန်လည်ကုစားနိုင်တဲ့ သဘာဝစနစ်တွေအကြောင်း ပြန်သတိရမိမှာပါ။

ဒါပေမဲ့ လူတွေက ကမ္ဘာမြေကို ဒုက္ခပေးလွန်းလို့ ကမ္ဘာကြီးခမျာ နာလန်မထူနိုင်ဖြစ်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘုရားသခင် တစ်ခုခု ကြားဝင်ဆောင်ရွက်ပေးမယ်လို့ ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။

ကမ္ဘာမြေဟာ ပြန်နာလန်ထလာရုံသာမက ထူထူထောင်ထောင် ဖြစ်လာမယ်ဆိုတာကို လေးထောင့်ကွက်ပါ ကျမ်းချက်တွေအရ သိရတယ်။

  • ကမ္ဘာမြေကို ဘုရားသခင် ဖန်ဆင်းထားတယ်။ “အစအဦးမှာ ဘုရားသခင်က ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်းတယ်။”—ကမ္ဘာဦး ၁:၁။

  • ကမ္ဘာမြေကို ဘုရားသခင် ပိုင်ဆိုင်တယ်။ “ယေဟောဝါaဟာ ကမ္ဘာမြေနဲ့ ကမ္ဘာမြေပေါ်ရှိသမျှကို ပိုင်တယ်။မြေကြီးနဲ့ မြေကြီးပေါ် နေထိုင်သူတွေကို ပိုင်တယ်။”—ဆာလံ ၂၄:၁။

  • ကမ္ဘာမြေကို ဆက်ရှင်သန်နိုင်အောင် ဘုရားသခင် ပုံစံပြုထားတယ်။ “ကမ္ဘာမြေကို အုတ်မြစ်တွေပေါ် တည်ဆောက်တယ်။ သူ့နေရာကနေ ဘယ်တော့မှ ရွှေ့လို့ရမှာ မဟုတ်ဘူး။”—ဆာလံ ၁၀၄:၅။

  • ကမ္ဘာပေါ်မှာ သက်ရှိတွေ မျိုးတုံးပျောက်ကွယ်သွားမှာ မဟုတ်ဘူးလို့ ဘုရားသခင် ကတိပြုထားတယ်။ “စစ်မှန်တဲ့ ဘုရားသခင်၊ ကမ္ဘာမြေကို ပုံသွင်းတဲ့ . . . အရှင်ပဲ။ ကမ္ဘာမြေကို အကြောင်းမဲ့ ဖန်ဆင်းတာ မဟုတ်ဘဲ သတ္တဝါတွေ နေထိုင်ဖို့ ဖန်ဆင်းခဲ့တဲ့အရှင်ပဲ။”—ဟေရှာယ ၄၅:၁၈။

  • ကမ္ဘာပေါ်မှာ လူသားတွေ ထာဝစဉ်ရှင်သန်မယ်လို့ ဘုရားသခင် ကတိပြုထားတယ်။ “ဖြောင့်မတ်သူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်ပြီးထာဝစဉ် နေထိုင်ရလိမ့်မယ်။”—ဆာလံ ၃၇:၂၉။

ကမ္ဘာကြီးကို ဥပဒ် မပေးဘဲ ကမ္ဘာပေါ်မှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်အောင် ကမ္ဘာ့သဘာဝစနစ်တွေကို ဘုရားသခင် ပုံစံပြုထားတာပါ။ ကမ္ဘာမြေကို ပျက်စီးအောင်လုပ်နေတဲ့ အတ္တသမားတွေကို သတ်မှတ်ချိန်ကျရင် ယေဟောဝါဘုရား အဆုံးတိုင်စေမယ်လို့ ကျမ်းစာမှာ ကြိုပြောထားတယ်။—ဗျာဒိတ် ၁၁:၁၈။

အဲဒီနောက် ဘုရားသခင်က ကမ္ဘာမြေကို သာယာလှပတဲ့ ဥယျာဉ်ဖြစ်အောင် ပြောင်းလဲပေးပြီး “သက်ရှိအားလုံးရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေး” ပါလိမ့်မယ်။—ဆာလံ ၁၄၅:၁၆။

a ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ နာမည် ဖြစ်တယ်။—ဆာလံ ၈၃:၁၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ