ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၂၄ အမှတ် ၁ စာ. ၄-၆
  • တစ်ဖက်သားကို လေးစားခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တစ်ဖက်သားကို လေးစားခြင်း
  • နိုးလော့!—၂၀၂၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တစ်ဖက်သားကို လေးစားဖို့ ဘာကြောင့် အရေးကြီးသလဲ
  • လုပ်ဆောင်နိုင်ရာ
  • ကျွန်တော်တို့လုပ်ဆောင်ရာ
  • တခြားသူတွေကို လေးစားပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • လေးစားတတ်တဲ့ သဘောထား ဘယ်ရောက်သွားပြီလဲ
    နိုးလော့!—၂၀၂၄
  • ကျမ်းစာက သဘောထားကြီးအောင်၊ သည်းခံစိတ်မွေးနိုင်အောင် ကူညီပေးသလား
    ထပ်ဆင့် အကြောင်းအရာများ
  • အခွင့်အာဏာကို ဘာကြောင့် လေးစားရသလဲ
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၂၄
န၂၄ အမှတ် ၁ စာ. ၄-၆
စားသောက်ဆိုင်မှာ လာစားသူတစ်ယောက်က စားပွဲထိုးကို ဒေါသတကြီးပြောဆိုနေ။ စားပွဲထိုးက ခယတောင်းပန်နေပြီး ဘေးကလူတွေလည်း စိတ်မသက်မသာဖြစ်နေ။

တစ်ဖက်သားကို လေးစားခြင်း

တစ်ဖက်သားကို လေးစားဖို့ ဘာကြောင့် အရေးကြီးသလဲ

တင်းမာနေတဲ့ အခြေအနေ ပြေလျော့သွားအောင်၊ ပိုဆိုးမသွားအောင် ကာကွယ်ပေးလို့ပါ။

  • “ညင်ညင်သာသာ ပြန်ပြောတဲ့စကားက ဒေါသကို ပြေစေတယ်။ ကြမ်းတမ်းတဲ့စကားကတော့ ဒေါသကို ဆွပေးတယ်” လို့ ကျမ်းစာဆိုတယ်။ (ပညာအလိမ္မာ ၁၅:၁) မလေးမစား ပြုမူ၊ ပြောဆိုတာက မီးလောင်ရာလေပင့်သလို အခြေအနေကို ပိုဆိုးစေတယ်။

  • “စိတ်ထဲ ရှိတာတွေပဲ နှုတ်က ထွက်တတ်တယ်” လို ယေရှုပြောခဲ့တယ်။ (မဿဲ ၁၂:၃၄) ကိုယ်နဲ့လူမျိုး၊ နိုင်ငံ၊ လူနေမှုစရိုက် မတူသူတွေကို မလေးမစား ပြောဆိုတာက သူတို့အပေါ် မကောင်းမြင်စိတ်ရှိနေတာကို လှစ်ဟပြလိုက်တာပါပဲ။

    မကြာသေးခင်က ၂၈ နိုင်ငံမှာရှိတဲ့ လူပေါင်း ၃၂,၀၀၀ ကို စစ်တမ်းကောက်ကြည့်တဲ့အခါ ၆၅ ရာခိုင်နှုန်းက အခုအချိန်လောက် လေးစားမှု ခေါင်းပါးတဲ့အချိန်ကို မကြုံဖူးဘူးလို့ ပြောကြတယ်။

လုပ်ဆောင်နိုင်ရာ

ကိုယ်နဲ့အမြင်ချင်းမတူသူတွေ အပါအဝင် လူအားလုံးကို လေးလေးစားစား ဆက်ဆံပါ။ ဘယ်ကိစ္စတွေမှာ အမြင်ချင်းတူသလဲဆိုတာ သိအောင်လုပ်ပါ။ ဒါဆိုရင် တစ်ဖက်သားအပေါ် အပြစ်တင်ဝေဖန်တာမျိုးကို ရှောင်နိုင်လိမ့်မယ်။

“ကိုယ်တိုင် ဝေဖန်အကဲဖြတ် မခံရဖို့ သူတစ်ပါးကို ဝေဖန်အကဲဖြတ်တာမျိုး မလုပ်ပါနဲ့တော့။”—မဿဲ ၇:၁။

ကိုယ့်ကို ပြုမူစေချင်တဲ့အတိုင်း တစ်ဖက်သားကို ပြုမူပါ။ တခြားသူတွေကို မျှမျှတတ၊ ကြင်ကြင်နာနာ ဆက်ဆံမယ်ဆိုရင် သူတို့လည်း ကိုယ့်အပေါ် ထပ်တူပြုမူဆက်ဆံလာနိုင်တယ်။

“ကိုယ့်ကို ပြုမူဆက်ဆံစေချင်တဲ့အတိုင်း သူတစ်ပါးကို ပြုမူဆက်ဆံပါ။”—လုကာ ၆:၃၁။

ခွင့်လွှတ်ပါ။ ကိုယ့်ကို ထိခိုက်အောင် တမင်ရည်ရွယ်ပြီး ပြောတာ၊ လုပ်တာ မဟုတ်ပါဘူးလို့ ယုံကြည်ပေးလိုက်ပါ။

“ထိုးထွင်းဉာဏ်ရှိသူဟာ ဒေါသချုပ်တည်းတယ်။ အမှားကို ဗွေမယူတာဟာ သူ့ရဲ့အလှပဲ။”—ပညာအလိမ္မာ ၁၉:၁၁။

ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးခန်းမမှာ အစည်းအဝေး မစခင်မြင်ကွင်း။ အသက်အရွယ်၊ နောက်ခံပေါင်းစုံကလူတွေ တစ်ယောက်ကိုတစ်ယောက် လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်စကားပြောနေ။
ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးခန်းမမှာ အစည်းအဝေး မစခင်မြင်ကွင်း။ အသက်အရွယ်၊ နောက်ခံပေါင်းစုံကလူတွေ တစ်ယောက်ကိုတစ်ယောက် လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်စကားပြောနေ။

ကျွန်တော်တို့လုပ်ဆောင်ရာ

ယေဟောဝါသက်သေတွေက တခြားသူတွေကို လေးလေးစားစား ဆက်ဆံသလို လူတွေအချင်းချင်း လေးလေးစားစား ဆက်ဆံနိုင်ဖို့လည်း ကူညီပေးကြတယ်။

အခမဲ့ ကျမ်းစာလေ့လာဖို့ ကမ်းလှမ်းကြတယ်။ ကျွန်တော်တို့ရဲ့အယူအဆတွေကို လက်ခံလာအောင် လူတွေကို ဖိအားပေးမယ့်အစား ကျမ်းစာမိန့်မှာထားတဲ့အတိုင်း “နူးညံ့တဲ့သဘော၊ အလွန်လေးစားတဲ့သဘော” နဲ့ ဝေမျှနိုင်ဖို့ ကြိုးစားကြတယ်။—၁ ပေတရု ၃:၁၅။ ၂ တိမောသေ ၂:၂၄။

ဘက်လိုက်ဆက်ဆံတာမျိုး မလုပ်ကြဘူး။ ကျမ်းစာအကြောင်း လေ့လာချင်တဲ့ နောက်ခံအမျိုးမျိုးက လူတွေကို အသင်းတော် အစည်းအဝေးတွေမှာ ကျွန်တော်တို့ ကြိုဆိုကြတယ်။ သဘောထားကြီးပြီး သည်းခံတတ်ဖို့၊ “လူအမျိုးမျိုးကို လေးစား” ဖို့ ကြိုးစားကြတယ်။—၁ ပေတရု ၂:၁၇။

ဒေသခံအာဏာပိုင်တွေကို လေးစားကြတယ်။ ကျွန်တော်တို့က ဥပဒေကို လိုက်နာတယ်၊ အခွန်ဆောင်တယ်။ (ရောမ ၁၃:၁) နိုင်ငံရေးကိစ္စတွေမှာ မပါဝင်ပေမဲ့ နိုင်ငံရေးနဲ့ပတ်သက်ပြီး တခြားလူတွေရဲ့ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကို လေးစားပါတယ်။

ပုံများ– “အမုန်းတရားကို ချစ်ခြင်းမေတ္တာ ဘယ်တော့များ အနိုင်ယူမလဲ” ဗီဒီယိုထဲက ပြကွက်များ။ ၁။ အာရပ်အမျိုးသား။ ၂။ ဂျူးအမျိုးသား။

ထပ်လေ့လာကြည့်ပါ

တခြားသူတွေကို မုန်းတီးဖို့ ငယ်ငယ်ကတည်းက သင်ကြားခံရသူတွေအတွက်ဆိုရင် တခြားသူတွေကို လေးစားဖို့ သိပ်ခက်နိုင်တယ်။ သင့်မြတ်မှုမရှိတဲ့ နိုင်ငံနှစ်ခုမှာ ကြီးပြင်းလာသူနှစ်ယောက်က လေးစားမှုပြနိုင်ဖို့ ဘယ်လိုသင်ယူခဲ့သလဲဆိုတာ လေ့လာကြည့်ပါ။ အမုန်းတရားကို ချစ်ခြင်းမေတ္တာ ဘယ်တော့များ အနိုင်ယူမလဲ ဗီဒီယိုကို jw.org မှာ ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ