ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၂၅ အမှတ် ၁ စာ. ၄-၅
  • အခြေအနေကို အရှိအတိုင်း လက်ခံပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အခြေအနေကို အရှိအတိုင်း လက်ခံပါ
  • နိုးလော့!—၂၀၂၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘာကြောင့် အရေးကြီးသလဲ
  • လုပ်ဆောင်နိုင်ရာ
  • ကမ္ဘာတစ်ဝန်းမှာ တိုးများလာတဲ့ ငွေကြေးဖောင်းပွမှု—သမ္မာကျမ်းစာအဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • မာတိကာ
    နိုးလော့!—၂၀၂၅
  • မျှော်လင့်ချက်နဲ့ အသက်ရှင်ပါ
    နိုးလော့!—၂၀၂၅
  • ငွေကြေး စီမံသုံးစွဲပါ
    နိုးလော့!—၂၀၂၅
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၂၅
န၂၅ အမှတ် ၁ စာ. ၄-၅
ရုပ်ပုံ– ၁။ အမျိုးသမီးတစ်ယောက် ဈေးထဲမှာ ခရမ်းချဉ်သီး ရွေးနေ။ ၂။ ဈေးသည်ကို ဈေးဖိုးရှင်းနေ။

ကုန်ဈေးနှုန်း မြင့်တက်လာတဲ့အခါ

အခြေအနေကို အရှိအတိုင်း လက်ခံပါ

ကုန်ဈေးနှုန်း တရိပ်ရိပ် တက်လာချိန်မှာ ဝင်ငွေလည်း လိုက်တိုးမယ်ဆိုရင် အသာလေး မျှောပြီး လိုက်လို့ရသေးတယ်။ ဒါပေမဲ့ ကုန်ဈေးနှုန်း ထိုးတက်လာပြီး ဝင်ငွေက လိုက်မတိုး၊ ကျွေးမွေးစောင့်ရှောက်ရမယ့် မိသားစုလည်း ရှိနေတယ်ဆိုရင် စိုးရိမ်သောကရောက်ပြီး စိတ်ဖိစီးလာနိုင်တယ်။

ကုန်ဈေးနှုန်း အတက်အကျကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ဘူး။ အခြေအနေကို အရှိအတိုင်း လက်ခံလိုက်တာ အကျိုးရှိတယ်။

ဘာကြောင့် အရေးကြီးသလဲ

ကုန်ဈေးနှုန်း အတက်အကျဆိုတာ ကိုယ်ထိန်းချုပ်လို့ရတဲ့ကိစ္စ မဟုတ်မှန်း အသိအမှတ်ပြုသူတွေဟာ . . .

  • စိတ်တည်တည်ငြိမ်ငြိမ် ထားနိုင်ကြတယ်။ ခေါင်းအေးအေး ထားပြီး စဉ်းစားဆုံးဖြတ်နိုင်ကြတယ်။

  • အမြော်အမြင်မဲ့ လုပ်ရပ်တွေ ရှောင်နိုင်ကြတယ်။ ဥပမာ၊ ရေခွန်၊ မီးခွန် ဆောင်ဖို့ နေ့ရွှေ့ညရွှေ့ နေနေတာမျိုး၊ မလိုအပ်ဘဲ ငွေဖြုန်းတာမျိုး မလုပ်ကြဘူး။

  • ငွေကြေးကိစ္စကြောင့် မိသားစုဝင်တွေနဲ့ စကားမများကြဘူး။

  • ဖြေရှင်းနည်း ရှာကြတယ်။ ဥပမာ၊ တကယ် သုံးရမယ့်အရာတွေအတွက် ငွေထွက်လာအောင် မလိုအပ်တာတွေအတွက် လျှော့သုံးကြတယ်။

လုပ်ဆောင်နိုင်ရာ

အလိုက်သင့်နေတတ်ပါ။ ကုန်ဈေးနှုန်း မြင့်တက်နေချိန်မှာ ဖြစ်နိုင်သရွေ့ အသုံးအစွဲ လျှော့ပါ။ ဝင်ငွေထက် ပိုသုံးတာဟာ ရေစီးသန်တဲ့ မြစ်မှာ ရေကို ဆန်ပြီး ကူးနေတာနဲ့ တူတယ်။ ခြေကုန်လက်ပန်းကျတာပဲ အဖတ်တင်မယ်။ တကယ်လို့ သင်ဟာ မိသားစု ရှိတဲ့သူဆိုရင် မိသားစုဝင်တွေကို လူတမ်းစေ့အောင် မထားနိုင်မှာ စိတ်ပူမိမှာပဲ။ ဒါပေမဲ့ သင့်မိသားစုအတွက် အလိုအပ်ဆုံးဟာ တခြားဘယ်အရာထက်မဆို သင့်အချိန်၊ မေတ္တာနဲ့ ဂရုစိုက်မှု ဖြစ်တယ်ဆိုတာ သတိရပါ။

“သင်တို့တွင် အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိ၏အသက်ကို နှစ်အနည်းငယ်မျှ ပို၍ ရှည်စေနိုင်သနည်း။”—လုကာ ၁၂:၂၅၊ ခေတ်သုံးမြန်မာ သမ္မာကျမ်း။

“နေ့ရက်တိုင်းဟာ သူ့စိုးရိမ်စရာနဲ့သူ ရှိနေမှာဆိုတော့ မနက်ဖြန်အတွက် ဘယ်တော့မှ မစိုးရိမ်ပါနဲ့။ ဒီနေ့ ကြုံရတဲ့ အခက်အခဲကိုပဲ စဉ်းစားပါ။”—မဿဲ ၆:၃၄။

ဝင်ငွေထက် ပိုသုံးတာဟာ ရေစီးသန်တဲ့ မြစ်မှာ ရေကို ဆန်ပြီး ကူးနေတာနဲ့ တူတယ်

ဖေဇလီယာ။

“၂ တိမောသေ ၃:၁ မှာ ကြိုဟောထားတဲ့အတိုင်း ‘အလွန် ခက်ခဲကျပ်တည်းတဲ့’ ကာလမှာ ကျွန်မတို့ အသက်ရှင်နေရတာ။ ဒါကြောင့် အခုလို စီးပွားရေးတွေ ကျဆင်းပြီး ကုန်ဈေးနှုန်းတွေ တက်လာတာ အံ့ဩမနေတော့ဘူး။ ကိုယ့်ဘက်ကပဲ အသုံးအစွဲ လျှော့လို့ရတာ လျှော့ပြီး အခြေအနေနဲ့ အလိုက်အထိုက် နေလိုက်တော့တယ်။”—ဖေဇလီယာ၊ အဇာဘိုင်ဂျန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ