ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • pr အပိုင်း ၅ စာ. ၂၀-၂၂
  • ဘဝတွင် မြင့်မြတ်ထည်ဝါသည့် ရည် ရွယ်ချက်တစ်ခုရှိ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘဝတွင် မြင့်မြတ်ထည်ဝါသည့် ရည် ရွယ်ချက်တစ်ခုရှိ
  • ဘဝ ရည်ရွယ်ချက်ကား အဘယ်နည်း ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်း
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူကိုဘုရားသခင်အဘယ်ကြောင့်ဖန်ဆင်းရ
  • ဘုရားသခင့်ရည်ရွယ်ချက်ဖြစ်မြဲ
  • ကမ္ဘာမြေအတွက် ဘုရားသခင့်ရည် ရွယ်ချက်ကား အဘယ်နည်း
    ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
  • သမ္မာကျမ်းစာပါ သာယာအေးချမ်းတဲ့ဥယျာဉ် ပရဒိသုက ဘယ်မှာရှိသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ကမ္ဘာမြေကြီးသည် ပရဒိသုဟူသော သာယာလှပသည့်နေရာတစ်ခု ဖြစ်လိမ့်မည်လော
    နိုးလော့!—၂၀၀၈
  • သာယာလှပတဲ့ ကမ္ဘာသစ် ဖြစ်လာတော့မယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
နောက်ထပ် ကြည့်ပါ
ဘဝ ရည်ရွယ်ချက်ကား အဘယ်နည်း ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်း
pr အပိုင်း ၅ စာ. ၂၀-၂၂

အပိုင်း ၅

ဘဝတွင် မြင့်မြတ်ထည်ဝါသည့် ရည် ရွယ်ချက်တစ်ခုရှိ

၁၊ ၂။ ကျွန်ုပ်တို့အား ဘုရားသခင်ဂရုစိုက်တော်မူကြောင်း မည်သို့ပြောနိုင်သနည်း။ ဘဝနှင့်ပတ်သက်သည့်မေးခွန်း၏ အဖြေရရန် မည်သည့်နေရာသို့ ချဉ်းကပ်သင့်သနည်း။

၁ ကမ္ဘာမြေကြီးနှင့် ယင်း၌ရှိသောသက်ရှိများ ပြုလုပ်ခံထားရပုံက ယင်းတို့၏ဖန်ဆင်းရှင်သည် အမှန်ပင် ဂရုစိုက်တော်မူသော မေတ္တာရှင်ဘုရားသခင်ဖြစ်ကြောင်း ဖော်ပြသည်။ ကိုယ်တော့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာကလည်း ကိုယ်တော်ဂရုစိုက်တော်မူကြောင်း ဖော်ပြသည်; ယင်းက အောက်ပါမေးခွန်းများနှင့်ပတ်သက်၍ အကောင်းဆုံးသောအဖြေများကို ကျွန်ုပ်တို့အားပေးထားသည်– ကျွန်ုပ်တို့အဘယ်ကြောင့် ဤကမ္ဘာပေါ်တွင် ရောက်နေကြရသနည်း။ ကျွန်ုပ်တို့အဘယ်သို့ဦးတည်နေသနည်း။

၂ ထိုအဖြေများအတွက် သမ္မာကျမ်းစာကို ကျွန်ုပ်တို့ဆန်းစစ်ကြည့်ရန်လိုသည်။ ဘုရားသခင်၏နှုတ်ကပါဌ်တော်က ဤသို့ပြောသည်– “ထာဝရဘုရားကိုရှာလျှင် အတွေ့ခံတော်မူမည်။ စွန့်လျှင် သင်တို့ကိုစွန့်တော်မူမည်။” (၂ ရာဇဝင်ချုပ် ၁၅:၂) သို့ဆိုလျှင် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ကျွန်ုပ်တို့ဆန်းစစ်ခြင်းက ကျွန်ုပ်တို့အတွက် ကိုယ်တော့်ရည်ရွယ်ချက်နှင့်ပတ်သက်၍ မည်သည့်အရာများကို ဖော်ပြသနည်း။

လူကိုဘုရားသခင်အဘယ်ကြောင့်ဖန်ဆင်းရ

၃။ မြေကြီးကို ဘုရားသခင်အဘယ်ကြောင့်ဖန်ဆင်းခဲ့သနည်း။

၃ ဘုရားသခင်သည် အထူးသဖြင့် လူသားအတွက်ရည်စူးပြီး ကမ္ဘာကိုပြင်ဆင်ခဲ့ကြောင်း သမ္မာကျမ်းစာဖော်ပြသည်။ ဟေရှာယ ၄၅:၁၈ က ကမ္ဘာမြေကြီးနှင့်ပတ်သက်၍ ပြောသည်မှာ ဘုရားသခင်သည် “အချည်းနှီးဖန်ဆင်းသည်မဟုတ်၊ သတ္တဝါနေစရာဖို့ဖန်ဆင်းတော်မူ” သည်ဟူ၍ဖြစ်သည်။ လူသားအသက်ရှင်ရုံသာမက ဘဝကိုအပြည့်အဝမွေ့လျော်ရန် လိုအပ်မည့်အရာအားလုံးနှင့်အတူ မြေကြီးကိုပေးထားသည်။​—ကမ္ဘာဦး၊ အခန်းကြီး ၁ နှင့် ၂။

၄။ ပထမဆုံးလူသားများကို အဘယ်ကြောင့်ဘုရားသခင်ဖန်ဆင်းခဲ့သနည်း။

၄ မိမိနှုတ်ကပါဌ်တော်တွင် ဘုရားသခင်သည် ပထမဆုံးလူသားများဖြစ်ကြသည့် အာဒံနှင့်ဧဝကို ဖန်ဆင်းခြင်းအကြောင်းပြောထားပြီး လူ့မိသားစုအတွက် မိမိ၏အကြံအစည်မည်သို့ရှိကြောင်းဖော်ပြထားသည်။ ကိုယ်တော်ဤသို့ဆိုသည်– “ငါတို့ပုံသဏ္ဌာန်နှင့် တညီတသဏ္ဌာန်တည်း လူကိုဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ သားယဉ်တို့ကိုလည်းကောင်း၊ မြေတစ်ပြင်လုံးနှင့်တကွ မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးစေ။” (ကမ္ဘာဦး ၁:၂၆) လူသားသည် “မြေတစ်ပြင်လုံး” နှင့် တိရစ္ဆာန်များကို ကြီးကြပ်ကွပ်ကဲရန်ဖြစ်သည်။

၅။ ပထမဆုံးလူသားများသည် မည်သည့်နေရာတွင် နေရာချထားခြင်းခံရကြသနည်း။

၅ ဘုရားသခင်သည် အရှေ့အလယ်ပိုင်းဒေသရှိ ဧဒင်ဟုခေါ်သည့်နေရာတွင် ကြီးမားသောခြံနှင့်တူသည့် ဥယျာဉ်တစ်ခုကို ပြုလုပ်ခဲ့သည်။ ထို့နောက် ကိုယ်တော်သည် “လူကိုယူ၍ ဧဒင်ဥယျာဉ်ကို ပြုစုစောင့်နေစေခြင်းငှာ ထားတော်မူ၏။” ယင်းကား ကနဦးလူသားတို့ စားရန်လိုအပ်သည့် အရာအားလုံးပါဝင်သော ပရဒိသုဖြစ်သည်။ “အဆင်းလှ၍ စားဖွယ်ကောင်းသောအပင်အမျိုးမျိုး” နှင့်အတူ အခြားအသီးအနှံပင်များနှင့် စိတ်ဝင်စားဖွယ်ကောင်းသော သက်ရှိသတ္တဝါများလည်း ပါဝင်သည်။​—ကမ္ဘာဦး ၂:၇-၉၊ ၁၅။

၆။ လူသားများသည် စိတ္တနှင့်ကာယဆိုင်ရာ မည်သည့်အရည်အသွေးများဖြင့် ဖန်ဆင်းခံခဲ့ရသနည်း။

၆ ကနဦးလူသားများ၏ ကိုယ်ခန္ဓာသည် မအို၊ မနာ၊ မသေအောင် စုံလင်မှုဖြင့် ဖန်ဆင်းထားခြင်းခံရသည်။ လွတ်လပ်စွာရွေးပိုင်ခွင့်ကဲ့သို့သော အခြားအရည်အသွေးများကိုလည်း ပေးထားသည်။ သူတို့မည်သို့ပြုလုပ်ခံရသည်ကို ကမ္ဘာဦး ၁:၂၇ ကရှင်းပြသည်– “ထိုသို့ ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကို ဖန်ဆင်း [ခဲ့သည်။]” ကျွန်ုပ်တို့သည် ဘုရားသခင်၏ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းခံထားရသောကြောင့် ကာယနှင့်စိတ်ပိုင်းဆိုင်ရာ အရည်အသွေးများကိုသာမက စာရိတ္တနှင့်ဝိညာဏဆိုင်ရာအရည်အသွေးများကိုပါ ရရှိထားကြပြီး ကျွန်ုပ်တို့အမှန်ပျော်ရွှင်လိုပါက ယင်းတို့ကို ဖြည့်စွက်ပေးရမည်။ ဘုရားသခင်သည် ထိုလိုအပ်ချက်များကို ဖြည့်စွက်နိုင်သည့်နည်းလမ်းများနှင့်အတူ အစာ၊ ရေနှင့် လေတို့ကိုပါ ပေးထားသည်။ ယေရှုခရစ်ပြောသကဲ့သို့ “လူသည် မုန့်အားဖြင့်သာအသက်ကို မွေးရမည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည်။”​—မဿဲ ၄:၄။

၇။ ကနဦးလူမောင်နှံသည် မည်သည့်အမိန့်ပေးခြင်းခံခဲ့ရသနည်း။

၇ ထို့အပြင် ကနဦးလူသားမောင်နှံ ဧဒင်တွင်ရှိစဉ် အံ့ချီးဖွယ်ကောင်းသည့် အမိန့်တစ်ခုပေးခြင်းခံခဲ့ကြရသည်– “အချင်းတို့ များပြားစွာမွေးဖွားကြလော့။” (ကမ္ဘာဦး ၁:၂၈) ထို့ကြောင့် သူတို့သည် မွေးဖွားနိုင်သည့်အစွမ်းသတ္တိရှိလာကြပြီး စုံလင်သည့်ကလေးများကို ဖြစ်ပေါ်စေနိုင်ကြသည်။ လူဦးရေတိုးပွားလာသည်နှင့်အမျှ ခြံကြီးနှင့်တူသည့် ဧဒင်ပရဒိသုနယ်မြေကို တိုးချဲ့ခြင်းတည်းဟူသော နှစ်လိုဖွယ်အလုပ်ကို သူတို့ရရှိကြသည်။ အဆုံးတွင် ကမ္ဘာတစ်ခုလုံးသည် ထာဝစဉ်အသက်ရှင်နိုင်ကြမည့် စုံလင်၍ပျော်ရွှင်သော လူသားများနေထိုင်ရာ ပရဒိသုတစ်ခုဖြစ်လာမည်။ ဤအရာအားလုံးကို ဘုရားသခင်စတင်ဖန်ဆင်းပြီးသော် “ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသောအရာတို့ကို ကြည့်ရှုလျှင် အလွန်ကောင်းသည်ကိုမြင်တော်မူ” ကြောင်း သမ္မာကျမ်းစာက ကျွန်ုပ်တို့အားဖော်ပြသည်။​—ကမ္ဘာဦး ၁:၃၁; ဆာလံ ၁၁၈:၁၇ ကိုလည်းရှု။

၈။ လူသားသည် မြေကြီးကို မည်သို့ကြည့်ရှုစောင့်ရှောက်ရမည်နည်း။

၈ လူသားတို့သည် မိမိတို့လက်အောက်ရှိကမ္ဘာကို မိမိတို့အကျိုးအတွက်အသုံးပြုရန်ဖြစ်ကြောင်း ထင်ရှားသည်။ သို့သော် ယင်းကို တာဝန်သိတတ်သည့်သဘောဖြင့် ပြုရန်ဖြစ်သည်။ လူသားများသည် မြေကြီး၏ ရိုသေလေးစားခံထိုက်သော ဘဏ္ဍာထိန်းကောင်းများဖြစ်ရမည်။ ယင်းကို ဖျက်လိုဖျက်ဆီးလုပ်သူများမဟုတ်ရ။ ယနေ့ကျွန်ုပ်တို့တွေ့မြင်နေရသော ကမ္ဘာကိုဖျက်ဆီးခြင်းသည် ဘုရားသခင့်ရည်ရွယ်ချက်နှင့် ဆန့်ကျင်ပြီး ယင်းတွင်ပါဝင်သူများသည် မြေကြီးပေါ်ရှိဘဝရည်ရွယ်ချက်ကို ဆန့်ကျင်နေသူများဖြစ်သည်။ ယင်းအတွက် သူတို့ပြစ်ဒဏ်ခံရမည်။ အကြောင်းမှာ သမ္မာကျမ်းစာက ဘုရားသခင်သည် “မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီး” မည်ဟု ပြောထားသည်။​—ဗျာဒိတ် ၁၁:၁၈။

ဘုရားသခင့်ရည်ရွယ်ချက်ဖြစ်မြဲ

၉။ ဘုရားသခင်၏ ရည်ရွယ်တော်မူချက်များ ပြည့်စုံလာမည်ဟု အဘယ်ကြောင့် ကျွန်ုပ်တို့ယုံကြည်စိတ်ချသနည်း။

၉ သို့ဖြစ်၍ စုံလင်သည့်လူ့မိသားစုသည် မြေကြီးပေါ်ရှိပရဒိသုတွင် ထာဝစဉ်နေထိုင်ရေးသည် အစဦးကတည်းက ဘုရားသခင့်ရည်ရွယ်ချက်ဖြစ်ခဲ့သည်။ ယခုလည်း ကိုယ်တော့်ရည်ရွယ်ချက်ဖြစ်မြဲပင်! ထိုရည်ရွယ်ချက်သည် မပျက်မကွက်ပြည့်စုံလာမည်။ သမ္မာကျမ်းစာဤသို့ဖော်ပြသည်– “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ကျိန်ဆို၍မိန့်တော်မူသည်ကား . . . ငါကြံစည်သည်အတိုင်းဖြစ်၍ ငါစီရင်ချက်လည်း တည်ရလိမ့်မည်။” “ငါသည် နှုတ်ထွက်အတိုင်းပြုမည်။ ကြံသည်အတိုင်းစီရင်မည်။”​—ဟေရှာယ ၁၄:၂၄၊ ၂၅; ၄၆:၁၁။

၁၀၊ ၁၁။ ယေရှု၊ ပေတရုနှင့် ဆာလံဆရာဒါဝိဒ်တို့သည် ပရဒိသုနှင့်ပတ်သက်၍ မည်သို့ပြောဆိုခဲ့ကြသနည်း။

၁၀ ယေရှုသည် အနာဂတ်မျှော်လင့်ချက်ရလိုသူတစ်ဦးနှင့် စကားပြောစဉ်တွင် မြေကြီးပရဒိသုကို ဘုရားသခင်ပြန်လည်တည်ထောင်မည့်အကြောင်း ဤသို့ပြောခဲ့သည်– “သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ရှိလိမ့်မည်။” (လုကာ ၂၃:၄၃) တမန်တော်ပေတရုကလည်း လာမည့်ကမ္ဘာသစ်နှင့်ပတ်သက်၍ ဤသို့ပြောခဲ့သည်– “ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ် [ကောင်းကင်မှအုပ်ချုပ်သည့် အုပ်ချုပ်မှုအစီအစဉ်သစ်] နှင့် မြေကြီးသစ် [မြေကြီးဆိုင်ရာလူ့ဘောင်သစ်] ကို ငါတို့သည် ကတိတော်နှင့်အညီ မျှော်လင့်ကြ၏။​—၂ ပေတရု ၃:၁၃။

၁၁ ဆာလံဆရာဒါဝိဒ်ကလည်း လာမည့်ကမ္ဘာသစ်အကြောင်းနှင့် ယင်းမည်မျှကြာရှည်တည်မည့်အကြောင်းတို့ကို ရေးသားခဲ့သည်။ သူဤသို့ကြိုပြောခဲ့သည်– “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [မြေကြီး၊ ကဘ] ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။” (ဆာလံ ၃၇:၂၉) ထို့ကြောင့် ယေရှုဤသို့ကတိပြုခဲ့ရခြင်းဖြစ်သည်– “စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် ဝမ်းမြောက်ရွှင်လန်းကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် မြေကြီးကိုအမွေရကြလတ္တံ့။”​—မဿဲ ၅:၅၊ ကဘ။

၁၂၊ ၁၃။ လူသားများအတွက် ဘုရားသခင်၏မြင့်မြတ်ထည်ဝါသည့်ရည်ရွယ်ချက်ကို အကျဉ်းချုပ်ပြောပြပါ။

၁၂ ဆိုးသွမ်းမှု၊ ရာဇဝတ်မှု၊ ဖျားနာမှု၊ ဝမ်းနည်းမှုနှင့် နာကျင်မှုတို့ လုံးဝမရှိတော့သည့် ပရဒိသုမြေကြီးပေါ်တွင် ထာဝစဉ်အသက်ရှင်ရခြင်းကား မည်မျှမြင့်မြတ်ထည်ဝါသည့်မျှော်လင့်ချက်ကြီးပါတကား! သမ္မာကျမ်းစာ၏ နောက်ဆုံးစာစောင်တွင် ဤမြင့်မြတ်ထည်ဝါသည့်ရည်ရွယ်ချက်နှင့်ပတ်သက်၍ ဘုရားသခင့်ပရောဖက်ပြုစကားက ဤသို့အတိုချုပ်ဖော်ပြထားသည်– “ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန်သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။” ယင်းက ထပ်ဖြည့်စွက်သည်– “ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူကလည်း ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်ဟု မိန့်တော်မူ၏။ တစ်ဖန်တုံ ရေးထားလော့။ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။”​—ဗျာဒိတ် ၂၁:၄၊ ၅။

၁၃ မှန်ပါသည်၊ ဘုရားသခင့်စိတ်တော်တွင် မြင့်မြတ်ထည်ဝါသည့်ရည်ရွယ်ချက်တစ်ခု ရှိသည်။ ယင်းမှာ မိမိကတိပြုသည့်အတိုင်း တတ်နိုင်တော်မူပြီး ပြုတော်မူမည့်အရှင်က ကြိုပြောထားသည့် ဖြောင့်မတ်သောကမ္ဘာသစ်၊ ထာဝရပရဒိသု ဖြစ်ပေါ်စေမည်။ အကြောင်းမှာ ကိုယ်တော်၏ “စကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကား” ဖြစ်သောကြောင့်တည်း။

[စာမျက်နှာ ၂၀၊ ၂၁ ပါ ရုပ်ပုံ]

ပရဒိသုမြေကြီးတွင် လူသားများထာဝစဉ်အသက်ရှင်ရန် ဘုရားသခင်ရည်ရွယ်ထားသည်။ ယင်းသည် ကိုယ်တော့်ရည်ရွယ်ချက်ဖြစ်မြဲပင်

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

မိမိအိမ်ကိုဖျက်ဆီးသော အိမ်ငှားအား အိမ်ရှင်က စာရင်းရှင်းနိုင်ခွင့်ရှိသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ