ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • fg အခန်း ၁၅ မေးခွန်းများ ၁-၄
  • ဘာကြောင့် ဆက်လေ့လာနေရမလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘာကြောင့် ဆက်လေ့လာနေရမလဲ
  • လူမျိုးအားလုံးအတွက် သတင်းကောင်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ဘယ်လိုရရှိနိုင်မလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဒီထက်ကောင်းတဲ့ အသက်တာမျိုး ရှိတော့မှာမဟုတ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ယေဟောဝါနဲ့ သင့်ဆက်ဆံရေး ဘယ်လောက်ခိုင်မြဲသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ဘုရားသခင်နဲ့ ရင်းနှီးအောင် ဘယ်လို လုပ်နိုင်မလဲ
    လူမျိုးအားလုံးအတွက် သတင်းကောင်း
နောက်ထပ် ကြည့်ပါ
လူမျိုးအားလုံးအတွက် သတင်းကောင်း
fg အခန်း ၁၅ မေးခွန်းများ ၁-၄

အခန်း ၁၅

ဘာကြောင့် ဆက်လေ့လာနေရမလဲ

၁။ ကျမ်းစာကို ဆက်လေ့လာနေခြင်းကနေ ဘာအကျိုးရနိုင်မလဲ။

အမျိုးသမီးနှစ်ယောက် အလုပ်နားချိန်မှာ ကျမ်းစာလေ့လာနေကြ

အခြေခံ ကျမ်းစာသွန်သင်ချက်တွေကို သုံးသပ်ခြင်းက ယေဟောဝါဘုရားကို ချစ်တဲ့ သင့်ရဲ့မေတ္တာကို ခိုင်မြဲစေမှာ သေချာပါတယ်။ အဲဒီမေတ္တာကို ဆက်ပြုစုပျိုးထောင်ပေးနေဖို့ လိုပါတယ်။ (၁ ပေတရု ၂:၂) သင့်ရဲ့ထာဝရအသက်မျှော်လင့်ချက်ဟာ ကျမ်းစာကို လေ့လာပြီး ဘုရားသခင်နဲ့ ရင်းနှီးသည်ထက် ရင်းနှီးအောင် ပြုလုပ်နေတယ်၊ မနေဘူးဆိုတဲ့အချက်အပေါ် မူတည်တယ်။​—ယောဟန် ၁၇:၃။ ယုဒ ၂၁ တို့ကိုဖတ်ပါ။

ဘုရားသခင်နဲ့ပတ်သက်တဲ့ အသိပညာ တိုးများလာတဲ့အခါ ယုံကြည်ခြင်းလည်း ခိုင်ခံ့လာမယ်။ ယုံကြည်ခြင်းက ဘုရားသခင့်စိတ်တော်နဲ့ တွေ့အောင် ကူညီပေးပါလိမ့်မယ်။ (ဟီဘရူး ၁၁:၁၊ ၆) ဒါ့အပြင် နောင်တယူပြီး ဘဝလမ်းစဉ်ကို ပြုပြင်ပြောင်းလဲဖို့ လှုံ့ဆော်ပေးပါလိမ့်မယ်။​—တမန်တော် ၃:၁၉ ကိုဖတ်ပါ။

၂။ ဘုရားသခင်နဲ့ပတ်သက်တဲ့ သင့်အသိပညာက တခြားသူတွေကို ဘယ်လို အကျိုးပြုနိုင်သလဲ။

ယေဟောဝါဆီ အမျိုးသမီးတစ်ယောက် ဆုတောင်းနေစဉ်

ယေဟောဝါဘုရားနဲ့ အထူးဆက်ဆံရေး ရရှိလာနိုင်

တခြားသူတွေကို ကိုယ်သိရှိထားတဲ့ အကြောင်းအရာတွေ ပြောပြချင်မှာပဲ။ သတင်းကောင်းဆိုရင် ကျွန်တော်တို့အားလုံး ပြောပြချင်ကြပါတယ်။ ကျမ်းစာကို ဆက်လေ့လာနေရင်း ယေဟောဝါဘုရားနဲ့ သတင်းကောင်းကို ယုံကြည်ရတဲ့အကြောင်း ရှင်းပြဖို့ ကျမ်းစာကို ဘယ်လိုအသုံးပြုရမယ်ဆိုတာ သိရှိလာပါလိမ့်မယ်။​—ရောမ ၁၀:၁၃-၁၅ ကိုဖတ်ပါ။

လူအများစုက ဆွေမျိုးတွေ၊ မိတ်ဆွေတွေကို အစပြုပြီး သတင်းကောင်း ပြောပြကြတယ်။ လိမ္မာပါးနပ်မှုရှိပါ။ သူတို့ရဲ့ ယုံကြည်ချက်တွေ မှားနေတယ်လို့ မပြောဘဲ ဘုရားသခင်ရဲ့ကတိတွေအကြောင်း ပြောပြပါ။ ဒါ့အပြင်၊ လူတွေက ကိုယ်ပြောတဲ့အရာတွေထက် ကိုယ့်ရဲ့ထောက်ထားစာနာတဲ့ အပြုအမူတွေကို ပိုစွဲမှတ်တတ်တယ်ဆိုတာ သတိရပါ။​—၂ တိမောသေ ၂:၂၄၊ ၂၅ ကိုဖတ်ပါ။

၃။ ဘာအခွင့်ထူးတွေ ရရှိနိုင်မလဲ။

ကျမ်းစာကို လေ့လာတာက ဘုရားသခင်နဲ့ ပိုပြီး ရင်းနှီးလာစေပါ လိမ့်မယ်။ နောက်ဆုံးမှာ ဘုရားသခင်နဲ့ အထူးဆက်ဆံရေး ရှိလာပြီး ဘုရားသခင့် မိသားစုဝင်အနေနဲ့အပြင် ကိုယ်တော့်ပိုင်ဆိုင်ရာပါ ဖြစ်လာပါလိမ့်မယ်။​—၂ ကောရိန္သု ၆:၁၈ ကိုဖတ်ပါ။

၄။ ဘယ်လို ဆက်ပြီး တိုးတက်နိုင်ပါသလဲ။

ကျမ်းစာကို ဆက်လေ့လာနေခြင်းအားဖြင့် တိုးတက်နိုင်ပါတယ်။ (ဟီဘရူး ၅:၁၃၊ ၁၄) သမ္မာကျမ်းစာ သွန်သင်ရာများ စာအုပ်နဲ့ ကျမ်းစာလေ့လာဖို့ ယေဟောဝါသက်သေ တစ်ယောက်ကို တောင်းဆိုပါ။ ကျမ်းစာအကြောင်း ပိုသိရှိလာလေ ပိုပျော်ရွှင်လာလေဆိုတာ စိတ်ချပါ။​—ဆာလံ ၁:၁-၃။ ၇၃:၂၇၊ ၂၈ တို့ကိုဖတ်ပါ။

ယေဟောဝါသက်သေတွေ ကျမ်းစာလေ့လာဖို့ကမ်းလှမ်းနေပုံ

သတင်းကောင်းဟာ ပျော်ရွှင်တဲ့ဘုရားသခင် ယေဟောဝါဆီကနေ လာပါတယ်။ ဘုရားသခင်ကို ဝတ်ပြုတဲ့သူတွေနဲ့ ရင်းနှီးလာမယ်ဆိုရင် ဘုရားနဲ့လည်း ရင်းနှီးလာပါလိမ့်မယ်။ (ဟီဘရူး ၁၀:၂၄၊ ၂၅) ဘုရားသခင့်စိတ်တော်နဲ့ တွေ့အောင် ဆက်ကြိုးစားရင် ထာဝရအသက် ရရှိပါမယ်။ ဘုရားသခင်နဲ့ရင်းနှီးအောင်လုပ်တာက လုပ်နိုင်သမျှထဲမှာ အကောင်းဆုံး လုပ်ဆောင်ချက်ပါပဲ။​—၁ တိမောသေ ၁:၁၁၊ ၆:၁၉ ကိုဖတ်ပါ။

ပိုသိချင်တယ်ဆိုရင် သမ္မာကျမ်းစာ သွန်သင်ရာများ စာအုပ်၊ အခန်း ၁၈ မှာ ဖတ်ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ