ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lff သင်ခန်းစာ ၃၄
  • ယေဟောဝါကို ချစ်ကြောင်း ဖော်ပြနိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါကို ချစ်ကြောင်း ဖော်ပြနိုင်ပုံ
  • ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • အနှစ်ချုပ်
  • လေ့လာစရာ ထပ်ဖွေရှာ
  • ယေဟောဝါရဲ့ ခိုင်မြဲတဲ့ မေတ္တာကို ကျေးဇူးတင် လေးမြတ်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ဘုရားသခင်ရဲ့မိတ်ဆွေ ဘယ်လိုဖြစ်နိုင်သလဲ
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ခိုင်မြဲတဲ့မေတ္တာကို ယေဟောဝါ နှစ်သက်​—⁠သင်ကော
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၇
  • ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
နောက်ထပ် ကြည့်ပါ
ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
lff သင်ခန်းစာ ၃၄
သင်ခန်းစာ ၃၄။ မြို့သားတစ်ယောက် မိုးကောင်းကင်ကို ငေးပြီး အလေးအနက် တွေးတောနေ။

သင်ခန်းစာ ၃၄

ယေဟောဝါကို ချစ်ကြောင်း ဖော်ပြနိုင်ပုံ

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

ကျမ်းစာ လေ့လာခါစကထက် ယေဟောဝါဘုရားကို ပိုချစ်လာတယ်လို့ ခံစားရပါသလား။ ဘုရားနဲ့ ပိုရင်းနှီးချင်ပါသလား။ ယေဟောဝါကို သင်ပိုချစ်လာလေ ယေဟောဝါကလည်း သင့်ကို ပိုချစ်ပြီး ဂရုစိုက်မယ်ဆိုတာ အမှတ်ရပါ။ ဒါဆိုရင် ဘုရားကို ချစ်ကြောင်း ဘယ်လို ဖော်ပြနိုင်သလဲ။

၁။ ယေဟောဝါကို ချစ်ကြောင်း ဘယ်လို ဖော်ပြနိုင်သလဲ။

ယေဟောဝါကို နာခံခြင်းအားဖြင့် ချစ်ကြောင်း ပြကြတယ်။ (၁ ယောဟန် ၅:၃ ကို ဖတ်ပါ။) ဘုရားသခင်က အတင်းအကျပ် နာခံခိုင်းတာတော့ မဟုတ်ဘူး။ နာခံမယ်၊ မနာခံဘူးဆိုတာ ကိုယ်တိုင် ရွေးချယ်ခွင့် ပေးထားတယ်။ ဘာကြောင့်လဲ။ “စိတ်ရောကိုယ်ပါ နာခံ” စေချင်လို့ပဲ။ (ရောမ ၆:၁၇) တာဝန်အရ မဟုတ်ဘဲ ချစ်လို့ နာခံတာကို လိုလားတယ်။ ဘုရားကြိုက်တာကို လုပ်ပြီး မကြိုက်တာကို ရှောင်ခြင်းအားဖြင့် ယေဟောဝါကို ချစ်ကြောင်း ပြနိုင်ဖို့ ဒီစာအုပ် အပိုင်း ၃ နဲ့ ၄ က ကူညီပေးနိုင်တယ်။

၂။ ယေဟောဝါကို ချစ်ကြောင်း ပြဖို့ ဘာကြောင့် ခက်နိုင်သလဲ။

‘ဖြောင့်မတ်သူဟာ အခက်အခဲ အများကြီး ကြုံရတယ်။’ (ဆာလံ ၃၄:၁၉) ကျွန်တော်တို့အားလုံး ကိုယ်တိုင်ရဲ့ မစုံလင်မှုတွေကို တိုက်လှန်နေရတယ်။ ငွေကြေးအခက်အခဲ၊ မတရားမှု၊ တခြားအခက်အခဲတွေကိုလည်း ကြုံရနိုင်တယ်။ အခက်အခဲကြုံချိန်မှာ ယေဟောဝါ လုပ်စေချင်တာကို လုပ်ဖို့ ခက်နိုင်တယ်။ လမ်းမှားလိုက်ဖို့ ပိုလွယ်လို့ပဲ။ ဒါပေမဲ့ ယေဟောဝါစကားကို သစ္စာရှိရှိ လိုက်နာမယ်ဆိုရင် အရာရာထက် ဘုရားကို ပိုချစ်ကြောင်း၊ ဘုရားကိုပဲ သစ္စာစောင့်သိကြောင်း ပြရာရောက်တယ်။ ဘုရားကလည်း သင့်ကို သစ္စာစောင့်သိပါလိမ့်မယ်၊ ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ဘူး။​—ဆာလံ ၄:၃ ကိုဖတ်ပါ။

ရှာဖွေလေ တွေ့ရှိလေ

ကျွန်တော်တို့ရဲ့ နာခံမှုက ယေဟောဝါအတွက် အရေးပါကြောင်း၊ ဘုရားကို ဆက်သစ္စာစောင့်သိဖို့ ဘာက ကူညီပေးနိုင်ကြောင်း ဆန်းစစ်ပါ။

၃။ သင်နဲ့ဆိုင်တဲ့ အရေးကိစ္စ

ယောဘကျမ်းအရ စာတန်က ယောဘကိုသာမက ယေဟောဝါကို ဝတ်ပြုချင်သူအားလုံးကိုပါ စွပ်စွဲလိုက်တယ်။ ယောဘ ၁:၁၊ ၆–၂:၁၀ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • စာတန့်စကားအရ ယေဟောဝါကို ယောဘ နာခံတာ ဘာကြောင့်လဲ။​—ယောဘ ၁:​၉-၁၁ ကို ကြည့်ပါ။

  • သင်အပါအဝင် လူအားလုံးနဲ့ပတ်သက်ပြီး စာတန် ဘာပြောသလဲ။​—ယောဘ ၂:၄ ကို ကြည့်ပါ။

ယောဘ ၂၇:၅ခ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ယေဟောဝါကို တကယ်ချစ်ကြောင်း ယောဘ ဘယ်လို ဖော်ပြသလဲ။

ယေဟောဝါကို စာတန် စိန်ခေါ်။ တစ်ကိုယ်လုံး အနာစိမ်းပေါက်နေတဲ့ ယောဘနဲ့ အခုခေတ် ယေဟောဝါကို ဝတ်ပြုနေတဲ့ ညီအစ်မတစ်ဦးရဲ့ သမာဓိကို စောဒကတက်။

သစ္စာစောင့်သိခြင်းအားဖြင့် ယေဟောဝါကို ချစ်ကြောင်း ယောဘ ဖော်ပြ

သစ္စာစောင့်သိခြင်းအားဖြင့် ယေဟောဝါကို ချစ်ကြောင်း ကျွန်တော်တို့ ဖော်ပြ

၄။ ယေဟောဝါစိတ်ကို ရွှင်လန်းစေပါ

ပညာအလိမ္မာ ၂၇:၁၁ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • သင် ပညာရှိရှိ နာခံမယ်ဆိုရင် ယေဟောဝါ ဘယ်လို ခံစားရမလဲ။ ဘာကြောင့်လဲ။

၅။ ယေဟောဝါကို သစ္စာစောင့်သိနိုင်

ယေဟောဝါကို ချစ်မယ်ဆိုရင် ဘုရားအကြောင်း ပြောပြချင်မှာပဲ။ ဘုရားကို သစ္စာစောင့်သိတဲ့အတွက် အခက်အခဲကြားမှာတောင် ပြောပြကြတယ်။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို သုံးသပ်ပါ။

ဗီဒီယို။ ဆန့်ကျင်မှုကြား ယုံကြည်ခြင်းကို ကာကွယ်ပါ (၅:၀၉)

  • ယေဟောဝါအကြောင်း တခြားသူကို ပြောပြဖို့ အခက်တွေ့ဖူးသလား။

  • ဒီဗီဒီယိုမှာ ကြောက်စိတ်ကို တွန်းလှန်ဖို့ ဂရေစန်ကို ဘာက ကူညီသလဲ။

ဘုရားချစ်တာတွေကို ချစ်ပြီး ဘုရားမုန်းတာတွေကို မုန်းတဲ့အခါ ယေဟောဝါအပေါ် သစ္စာစောင့်သိဖို့ ပိုလွယ်တယ်။ ဆာလံ ၉၇:၁၀ ကိုဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • လေ့လာခဲ့တာတွေအရ ယေဟောဝါ ဘာတွေကို ချစ်ပြီး ဘာတွေကို မုန်းသလဲ။

  • ကောင်းတာကို ချစ်ပြီး မကောင်းတာကို မုန်းတတ်လာအောင် ဘာက ကူညီပေးနိုင်သလဲ။

၆။ ယေဟောဝါကို နာခံရင် အကျိုးရှိ

ယေဟောဝါကို နာခံတာက အမြဲ အကျိုးရှိတယ်။ ဟေရှာယ ၄၈:၁၇၊ ၁၈ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ကျွန်တော်တို့အတွက် ဘာက အကောင်းဆုံးဖြစ်မှန်း ယေဟောဝါ အမြဲသိတယ်လို့ စိတ်ချနိုင်သလား။ ဘာကြောင့်လဲ။

  • ကျမ်းစာနဲ့ စစ်မှန်တဲ့ဘုရား ယေဟောဝါအကြောင်း လေ့လာတဲ့အတွက် ဘာအကျိုးခံစားခဲ့ရပြီလဲ။

လူတချို့ အဆို။ “ကိုယ်ဘာလုပ်လုပ် ဘုရားအတွက် အရေးမပါပါဘူး။”

  • ကိုယ့်လုပ်ရပ်တွေက ယေဟောဝါကို ပျော်စေနိုင်သလို ဝမ်းနည်းစေနိုင်ကြောင်း ရှင်းပြဖို့ ဘယ်ကျမ်းချက် သုံးနိုင်သလဲ။

အနှစ်ချုပ်

ယေဟောဝါကို နာခံခြင်း၊ အခက်အခဲကြားမှာ သစ္စာစောင့်သိခြင်းအားဖြင့် ဘုရားကို ချစ်ကြောင်း ပြနိုင်တယ်။

ပြန်လည်သုံးသပ်ခြင်း

  • ယောဘဆီကနေ ဘာသင်ယူခဲ့ရသလဲ။

  • ယေဟောဝါကို ချစ်ကြောင်း ဘယ်လို ပြမလဲ။

  • ယေဟောဝါကို သစ္စာစောင့်သိနိုင်ဖို့ ဘာက ကူညီပေးမလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

ယေဟောဝါနဲ့ အသင်းတော်ကို သစ္စာစောင့်သိကြောင်း ပြနိုင်ပုံကို ရှာဖွေပါ။

‘သစ္စာစောင့်သိသူကို ကိုယ်တော် သစ္စာစောင့်သိ’ (၁၆:၄၉)

လူတွေကို စာတန် ဘယ်လို စွပ်စွဲသလဲ ဖတ်ကြည့်ပါ။

“ယောဘ သမာဓိစောင့်ထိန်း” (ကျမ်းစာ​—အဘယ်သတင်းတရား ပါသနည်း အပိုင်း ၆)

ယေဟောဝါကို ချစ်ကြောင်း ကလေးတွေ ပြနိုင်ပုံကို ကြည့်ပါ။

ယေဟောဝါရဲ့ စိတ်ကို ရွှင်လန်းစေပါ (၈:၁၆)

ရွယ်တူချင်းဖိအား ကြုံနေရတဲ့ လူငယ်တွေ ယေဟောဝါကို ဘယ်လို သစ္စာစောင့်နိုင်သလဲ။

ရွယ်တူချင်း ဖိအားကို တွန်းလှန်ပါ (၃:၅၉)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ