ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၉ ၇/၁ စာ. ၄-၅
  • ၁။ အာဘော်ရှင်ထံ အကူအညီတောင်းခံပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၁။ အာဘော်ရှင်ထံ အကူအညီတောင်းခံပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော်ဆုကျေးဇူး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • သန့်ရှင်းသောဝိညာဉ်တော် ဟူသည် အဘယ်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • စွမ်းအားတော်ဖြင့်လျှောက်လှမ်းခြင်းက မိမိ၏အပ်နှံမှုနှင့်အညီနေထိုင်ရန် အထောက်အကူပြု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ပထမရာစုနဲ့ ယနေ့ခေတ်မှာ ဘုရားသခင့်စွမ်းအားတော်လမ်းညွှန်မှုကိုခံယူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
က၀၉ ၇/၁ စာ. ၄-၅

သမ္မာကျမ်းစာကို သင်နားလည်လာနိုင်ပုံ

၁။ အာဘော်ရှင်ထံ အကူအညီတောင်းခံပါ

“ညအိပ်ရာမဝင်ခင် ကျွန်မ ကျမ်းစာဖတ်တဲ့အကျင့် ရှိခဲ့တယ်။ ဒါက ဘုရားသခင့်တရားစကားတော်ဖြစ်တယ် ဆိုတာ ကျွန်မသိတဲ့အတွက် မဖတ်ချင်ရင်တောင် ကျမ်းစာထဲမှာ ဘုရားသခင် ဘာတွေရေးထားတယ်ဆိုတာ သိချင်လို့ အဲဒီလိုဖတ်ခဲ့တာ။ တစ်အုပ်လုံးအပြီးဖတ်ဖို့ ပန်းတိုင်ထားခဲ့တယ်။ စစဖတ်တုန်းကတော့ လွယ်သလိုပဲ။ ဒါပေမဲ့ တဖြည်းဖြည်း နားလည်ရခက်လာတဲ့အတွက် ဆက်မဖတ်ဖြစ်တော့ဘူး” ဟု အီတလီတွင်နေထိုင်သော နန်ဖာ ပြောပြသည်။

နန်ဖာနည်းတူ သင်ဖြစ်ဖူးသလော။ လူများစွာမှာ ထိုသို့ဖြစ်ခဲ့ကြသည်။ သို့တိုင် ရှေ့ဆောင်းပါးတွင် တွေ့ခဲ့ရသည့်အတိုင်း ကျမ်းစာ၏အာဘော်ရှင် ယေဟောဝါဘုရားသခင်သည် မိမိ၏တရားစကားတော်ကို သင့်အား နားလည်စေလိုသည်။ သို့သော် မည်သည့်နည်းဖြင့် သင်နားလည်နိုင်မည်နည်း။ ဦးဆုံးခြေလှမ်းမှာ အာဘော်ရှင်ထံ အကူအညီတောင်းခံခြင်းဖြစ်သည်။

ယေရှု၏တမန်တော်များသည် ဘာသာရေးသင်တန်းများပို့ချပေးသော ရဗ္ဗိကျောင်းများ မတက်ခဲ့သည့်အတွက် “ပညာတတ်များမဟုတ်၊ သာမန်လူများ” အဖြစ်သာ ယူမှတ်ခံခဲ့ရသည်။ (တမန်တော် ၄:၁၃) သို့တိုင် သူတို့သည် ဘုရားသခင့်တရားစကားတော်ကို နားလည်နိုင်မည်ဖြစ်ကြောင်း ယေရှုအာမခံခဲ့သည်။ မည်သို့အားဖြင့်နည်း။ “ခမည်းတော်သည် ငါ၏နာမ၌ စေလွှတ်တော်မူသော ကူညီမစသူဖြစ်သည့် သန့်ရှင်းသောစွမ်းအားတော်သည် သင်တို့အား ခပ်သိမ်းသောအရာများကို သွန်သင်တော်မူမည်” ဟုယေရှုရှင်းပြသည်။ (ယောဟန် ၁၄:၂၆) ဘုရားသခင်သည် ထိုသန့်ရှင်းသောစွမ်းအားတော် သို့မဟုတ် တက်ကြွလှုပ်ရှားသောစွမ်းအားတော်ကို အသုံးပြုကာ ကမ္ဘာမြေနှင့် ကမ္ဘာပေါ်ရှိသက်ရှိအားလုံးကို ဖန်ဆင်းခဲ့သည်။ (ကမ္ဘာဦး ၁:၂) ထို့ပြင် မိမိ၏အတွေးအခေါ်များကို ကျမ်းစာတွင် မှတ်တမ်းတင်နိုင်ရန် ကျမ်းရေးသူ ၄၀ ခန့်ကို လမ်းညွှန်ပေးဖို့လည်း ၎င်းစွမ်းအားတော်ကို ကိုယ်တော်အသုံးပြုခဲ့သည်။ (၂ ပေတရု ၁:၂၀၊ ၂၁) ထိုစွမ်းအားတော်ကပင် ကျမ်းစာကို နားလည်သဘောပေါက်လိုသူတို့အား ကူညီပေးသည်။

သို့ဆိုလျှင် ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်ကို သင်မည်သို့ရရှိနိုင်သနည်း။ ယုံကြည်ခြင်းအပြည့်ဖြင့် ယင်းကို တောင်းခံရမည်။ မဆုတ်မနစ်တောင်းခံရန်ပင် လိုအပ်ပေမည်။ “တောင်းမြဲတောင်းကြလော့။ တောင်းလျှင် ရလိမ့်မည်။ . . . သင်တို့သည် . . . ကိုယ့်သားသမီးတို့အား ကောင်းသောဆုလက်ဆောင်ကို ပေးတတ်လျှင် ထိုမျှမက ကောင်းကင်ဘုံရှိ သင်တို့၏အဖသည် တောင်းသောသူတို့အား သန့်ရှင်းသောစွမ်းအားတော်ကို သာ၍ပေးတော်မူမည်” ဟုယေရှုဆိုသည်။ (လုကာ ၁၁:၉၊ ၁၃) ယေဟောဝါသည် သန့်ရှင်းသောစွမ်းအားတော်ရရှိရန် စိတ်ရင်းမှန်ဖြင့်တောင်းခံသူတို့ကို ရက်ရောစွာပေးသနားတော်မူသည်။ ထိုတက်ကြွလှုပ်ရှားသောစွမ်းအားသည် လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာတွင် ကျမ်းစာ၌ ဘုရားသခင့်လမ်းညွှန်မှုဖြင့် ရေးသားထားသောစကားများ၏ အဓိပ္ပာယ်ကို နားလည်ရန် သင့်အား ကူညီပေးနိုင်သည်။ ဘုရားသခင်၏စွမ်းအားတော်သည် ကျမ်းစာပါ အစွမ်းထက်သောမိန့်မှာချက်များကို သင့်အသက်တာတွင် ကျင့်သုံးနိုင်ရန် လိုအပ်သောဉာဏ်ပညာကိုလည်း ပေးနိုင်သည်။—ဟေဗြဲ ၄:၁၂; ယာကုပ် ၁:၅၊ ၆။

ထို့ကြောင့် သင် ကျမ်းစာဖတ်ဖို့ ထိုင်လိုက်သည့်အခါတိုင်း ဘုရားသခင်၏တရားစကားတော်ကို နားလည်နိုင်ဖို့ သန့်ရှင်းသောစွမ်းအားတော် ပေးသနားပါရန် ကိုယ်တော့်ထံ ဆုတောင်းပါလေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ