ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၉ ၁၂/၁ စာ. ၁၉
  • သင်သိပါသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်သိပါသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • သန္ဓေတည်နေသော်လည်း အိမ်ထောင်မရှိ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရှိနေတဲ့ မာရိ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • မာရိ၏ပုံသက်သေက ကျွန်ုပ်တို့ကို သင်ပေးနိုင်သည့်အရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • သူ ကာကွယ်ပေးခဲ့၊ ကျွေးမွေးစောင့်ရှောက်ခဲ့၊ လက်မလျှော့ဘဲ ဆက်လုပ်ဆောင်ခဲ့
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
က၀၉ ၁၂/၁ စာ. ၁၉

သင်သိပါသလော

မည်သည့်သန်းခေါင်စာရင်းကြောင့် ဘက်သလီဟင်မြို့တွင် ယေရှု ဖွားမြင်ခဲ့ရသနည်း။

ကဲသာသြဂုတ္တုသည် ရောမအင်ပါယာတစ်လျှောက် သန်းခေါင်စာရင်း ကောက်ခံရန် အမိန့်ထုတ်ပြန်သောအခါ “လူအပေါင်းတို့သည် အမည်စာရင်းသွင်းရန် အသီးသီး မိမိတို့နေရင်းမြို့သို့ သွားကြ၏” ဟုလုကာခရစ်ဝင်ကျမ်းက ဆိုသည်။ (လုကာ ၂:၁-၃) ယေရှု၏မွေးစားဖခင် ယောသပ်၏နေရင်းမြို့မှာ ဘက်သလီဟင်ဖြစ်သည်။ ထိုအမိန့်ကြောင့် ဘက်သလီဟင်မြို့သို့ ယောသပ်နှင့်မာရိတို့ သွားကြရာ ထိုတွင် ယေရှုကို ဖွားမြင်ရခြင်းဖြစ်သည်။ ထိုသို့အမည်စာရင်းကောက်ခြင်းကြောင့် အခွန်ကောက်ရန်၊ စစ်မှုထမ်းဖို့ လူစာရင်းကောက်ရန် လွယ်ကူခဲ့သည်။

ဘီစီ ၃၀ တွင် အီဂျစ်ပြည်ကို ရောမတို့ အနိုင်ရသောအခါ သန်းခေါင်စာရင်းကောက်နည်းကို ထိုတွင် နှစ်ပေါင်းများစွာကတည်းက အသုံးပြုနှင့်ပြီးဖြစ်သည်။ ရောမတို့သည် အီဂျစ်တို့၏သန်းခေါင်စာရင်းကောက်နည်းကို လက်ခံပြီး အင်ပါယာ၏ကျန်အပိုင်းများတွင်လည်း ထိုနည်းအတိုင်း လုပ်ဆောင်ခဲ့ကြောင်း ကျမ်းပညာရှင်များ ယူဆကြသည်။

ထိုသို့အမည်စာရင်းကောက်ခံခဲ့သော သာဓကတစ်ခုမှာ အေဒီ ၁၀၄ တွင် အီဂျစ်ပြည်ရှိ ရောမဘုရင်ခံ ထုတ်ပြန်ခဲ့သော အမိန့်ပြန်တမ်းဖြစ်သည်။ ယခု ဗြိတိသျှစာကြည့်တိုက်တွင် သိမ်းဆည်းထားသော ထိုအမိန့်ပြန်တမ်း၏မိတ္တူတစ်စောင်တွင် ဤသို့ဖတ်ရသည်– “အီဂျစ်ဘုရင်ခံမင်းကြီး ဂေယပ်စ် ဗီဘီယပ်စ် မက်စီမပ်စ်က (ဤသို့အမိန့်ချလိုက်သည်)– တစ်အိမ်တက်ဆင်း သန်းခေါင်စာရင်းကောက်ချိန်ရောက်လာသောအခါ အဝေးတစ်နေရာသို့ မည်သည့်အကြောင်းကြောင့်မဆို ရောက်နေသူအားလုံး မိမိတို့နေရင်းမြို့သို့ မဖြစ်မနေပြန်လာရမည်။ သူတို့သည် သန်းခေါင်စာရင်းကောက်ခြင်းနှင့်ဆိုင်သော စည်းမျဉ်းအတိုင်း လုပ်ဆောင်ပြီး မိမိတို့မြေယာစိုက်ခင်းများကို ထိန်းသိမ်းစောင့်ရှောက်ရမည်။”

ယောသပ်သည် မာရိနှင့် စေ့စပ်ရုံသာရှိသေးသော်လည်း ကွာရှင်းစာပေးရန် အဘယ်ကြောင့် စဉ်းစားခဲ့သနည်း။

မာရိသည် “ယောသပ်နှင့် စေ့စပ်ပြီး” မပေါင်းသင်းမီ ကိုယ်ဝန်ရနေသည်ကို ယောသပ်သိရှိခဲ့ကြောင်း မဿဲခရစ်ဝင်ကျမ်းက ဆိုသည်။ “သန့်ရှင်းသောစွမ်းအားတော်ကြောင့်” မာရိ ကိုယ်ဝန်ရသည်ကို ယောသပ် မသိဘဲ မိမိကို သစ္စာဖောက်သည်အထင်ဖြင့် မာရိကို ကွာရှင်းမည်ဟု အကြံရှိလေသည်။—မဿဲ ၁:၁၈-၂၀။

ဂျူးများသည် စေ့စပ်ထားသော စုံတွဲများကို လက်ထပ်ပြီးသား မောင်နှံများအဖြစ် ရှုမြင်ကြသည်။ သို့သော် ထိုသူနှစ်ဦးသည် လက်ထပ်ပွဲအခမ်းအနား မပြီးမချင်း အကြင်လင်မယားအဖြစ် အတူမနေထိုင်ချေ။ အကယ်၍ သတို့သားဘက်မှ စိတ်ပြောင်းသွားခြင်းကြောင့် သို့မဟုတ် လက်ခံနိုင်လောက်သည့် အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် လက်မထပ်ဖြစ်လျှင် သတို့သမီးသည် ကွာရှင်းစာမရမချင်း နောက်အိမ်ထောင်ပြု၍မရနိုင်ချေ။ အကြောင်းမှာ စေ့စပ်ကြောင်းလမ်းမှုကို ခိုင်မာသောကတိကဝတ်အဖြစ် ရှုမြင်ကြ၍ဖြစ်သည်။ စေ့စပ်ထားသောအမျိုးသမီး၏ ခင်ပွန်းသည် လက်မထပ်မီ သေဆုံးသွားလျှင် ထိုအမျိုးသမီးကို မုဆိုးမအဖြစ် ယူမှတ်ကြသည်။ စေ့စပ်ထားစဉ် မတရားမေထုန်ကျူးလွန်လျှင် ထိုအမျိုးသမီးကို အိမ်ထောင်ရေးဖောက်ပြန်သူဟု သတ်မှတ်ပြီး သေဒဏ်ပေးရသည်။—တရားဟောရာ ၂၂:၂၃၊ ၂၄။

ထိုကိုယ်ဝန်ကြောင့်  လူအများရှေ့အသရေဖျက်ခံရလျှင် မည်သည့်ဆိုးကျိုးများကို မာရိ ခံစားရမည်ဖြစ်ကြောင်း ယောသပ် ကောင်းစွာသုံးသပ်ခဲ့မည်မှာ သေချာသည်။ သက်ဆိုင်ရာလူကြီးများရှေ့တွင် ထိုကိစ္စကို သူ ဖြေရှင်းရမည်ဖြစ်သော်လည်း မာရိကို ကာကွယ်ပေးလိုပြီး အရှက်မကွဲစေလိုချေ။ ထို့ကြောင့် မာရိကို တိတ်တဆိတ် ကွာရှင်းရန် သူ ဆုံးဖြတ်လိုက်သည်။ ထို့ထက်ကား ကြင်ဖော်မဲ့မိခင်တစ်ဦးသည် ကွာရှင်းစာရထားလျှင် သူသည် လက်ထပ်ထားပြီးသူဖြစ်ကြောင်း ဖော်ပြရာရောက်သည်။

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

အေဒီ ၁၀၄ တွင် အီဂျစ်ပြည်ရှိ ရောမဘုရင်ခံ ထုတ်ပြန်သော သန်းခေါင်စာရင်းကောက်ခံခြင်း အမိန့်ပြန်တမ်း

[Credit Line]

© The British Library Board all rights reserved (P.904)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ