ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၂ ၄/၁ စာ. ၈
  • အဖြေတွေကိုသိဖို့ အရေးကြီးသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဖြေတွေကိုသိဖို့ အရေးကြီးသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘အမှန်တရားသည် သင်တို့ကိုလွှတ်လိမ့်မည်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • အမှန်တရား အရေးပါသေးသလား
    ထပ်ဆင့် အကြောင်းအရာများ
  • ခရစ်ယာန်များသည် ဝိညာဉ်နှင့် အမှန်တရားဖြင့် ဝတ်ပြုကိုးကွယ်ကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ဘယ်လို ထာဝစဉ် အသက်ရှင်နိုင်သလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
က၁၂ ၄/၁ စာ. ၈

အဖြေတွေကိုသိဖို့ အရေးကြီးသလား

“အမှန်တရားကို သင်တို့ သိကြလိမ့်မည်။ ထိုအမှန်တရားသည်လည်း သင်တို့ကို လွှတ်လိမ့်မည်။”—ယောဟန် ၈:၃၂။

ကျမ်းစာမှာပါတဲ့ အမှန်တရားတွေက ယေရှုနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းဖြစ်စေတယ် ဒါမှမဟုတ် မှားယွင်းတဲ့ ယုံကြည်ချက်တွေကနေ လွတ်ကင်းစေပါတယ်။ ဒါပေမဲ့ ယေရှုနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ယုံကြည်တဲ့အရာက တကယ်ရော အရေးကြီးရဲ့လား။ တကယ် အရေးကြီးပါတယ်။ ယေဟောဝါဘုရားသခင်အတွက် အရေးကြီးသလို ယေရှုအတွက်လည်း အရေးကြီးပါတယ်။ ဒါ့အပြင် ကျွန်ုပ်တို့အတွက်လည်း အရေးကြီးသင့်ပါတယ်။

● ယေဟောဝါဘုရားသခင်အတွက် ဘာကြောင့် အရေးကြီးတာလဲ။ ရိုးရိုးလေးပြောရရင် “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်” လို့ပါပဲ။ (၁ ယောဟန် ၄:၈) ဘုရားသခင်က ကျွန်ုပ်တို့ကို ထာဝစဉ် ပျော်ရွှင်စေချင်ပါတယ်။ ဒါကြောင့် ဘုရားသခင့်သားတော် ယေရှုက ဒီလိုပြောခဲ့တယ်– “ဘုရားသခင်၏သားတော်ကို ယုံကြည်ကြောင်း တင်ပြသူအပေါင်းတို့သည် . . . ထာဝရအသက်ကိုရစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် ဤလောက [လူသားထု] ကို ချစ်တော်မူ၏။” (ယောဟန် ၃:၁၆) ဒါကြောင့် ဘုရားသခင်ဟာ သားတော်ကိုစေလွှတ်ပြီး ကျွန်ုပ်တို့ ကယ်တင်ခြင်းရအောင်၊ မူလရည်ရွယ်ချက်ဖြစ်တဲ့ ဒီမြေကြီးပရဒိသုပေါ် ထာဝစဉ်အသက်ရှင်နိုင်အောင် လုပ်ဆောင်ခဲ့ပါတယ်။ (ကမ္ဘာဦး ၁:၂၈) သားတော်အကြောင်း အမှန်အတိုင်းသိအောင် လေ့လာပြီး အဲဒီအတိုင်း ပြုမူတဲ့သူတွေကို ထာဝစဉ်အသက်ရှင်ခွင့်ဆိုတဲ့ ဆုကျေးဇူးကို ဘုရားသခင်က ပေးအပ်လိုပါတယ်။—ရောမ ၆:၂၃။

● ယေရှုအတွက် ဘာကြောင့် အရေးကြီးတာလဲ။ ယေရှုလည်း လူသားတွေကို ချစ်မြတ်နိုးပါတယ်။ ကျွန်ုပ်တို့အတွက် သူ့အသက်ကို လိုလိုလားလား ပေးဆက်ခြင်းဖြင့် ကိုယ်ကျိုးစွန့်မေတ္တာ တင်ပြသွားခဲ့ပါတယ်။ (ယောဟန် ၁၅:၁၃) သူသာလျှင် လူသားတွေ ကယ်တင်ခြင်းရစေနိုင်တဲ့ တစ်ခုတည်းသော လမ်းကြောင်းဖြစ်တယ်ဆိုတာ ယေရှုနားလည်ထားတယ်။ (ယောဟန် ၁၄:၆) ယေရှုအနေနဲ့ မိမိပေးဆက်ခဲ့တဲ့ ရွေးနုတ်ဖိုးကနေ လူများနိုင်သမျှများများ အကျိုးရရှိတာ မမြင်ချင်ဘဲ နေပါ့မလား။ ဒါကြောင့် ယေရှုဟာ သူ့ရဲ့နောက်လိုက်စစ်တွေကို ဘုရားသခင့်အလိုတော်နဲ့ ရည်ရွယ်ချက်အကြောင်း ကမ္ဘာတစ်ဝန်းကလူတွေကို သွန်သင်ပေးဖို့ တာဝန်ပေးခဲ့တာဖြစ်ပါတယ်။—မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀။

● ကျွန်ုပ်တို့အတွက် ဘာကြောင့် အရေးကြီးတာလဲ။ သင့်ကျန်းမာရေးနဲ့ သင့်မိသားစုလိုမျိုး သင့်အတွက် တော်တော်အရေးကြီးတဲ့ အရာတွေအကြောင်း တစ်ခဏလောက် စဉ်းစားကြည့်ပါ။ သင်နဲ့ သင် ချစ်မြတ်နိုးရသူတွေ ကျန်းမာရေးကောင်းဖို့၊ ဘဝကောင်းစားဖို့ သင် မတောင့်တဘူးလား။ ဆင်းရဲဝေဒနာမရှိတဲ့ ကမ္ဘာသစ်မှာ ရရှိနိုင်မယ့် ကောင်းမွန်တဲ့ ကျန်းမာရေးနဲ့ ထာဝစဉ်အသက်ရှင်ခွင့် အလားအလာကို ယေဟောဝါဘုရားသခင်က ယေရှုကနေတစ်ဆင့် သင်နဲ့ သင်ချစ်မြတ်နိုးရသူတွေကို ကမ်းလှမ်းနေပါတယ်။ (ဆာလံ ၃၇:၁၁၊ ၂၉; ဗျာ. ၂၁:၃၊ ၄) အဲဒီလိုအခြေအနေမျိုးမှာ သင် မနေချင်ဘူးလား။ နေချင်တယ်ဆိုရင် သင် လုပ်ဖို့လိုအပ်တဲ့ အရာတစ်ခု ရှိပါတယ်။

ခေါင်းစဉ်မှာဖော်ပြထားတဲ့ ကျမ်းချက်ကို တစ်ချက်လောက် ပြန်ကြည့်ပါဦး– “အမှန်တရားကို သင်တို့ သိကြလိမ့်မည်။ ထိုအမှန်တရားသည်လည်း သင်တို့ကို လွှတ်လိမ့်မည်” လို့ရေးထားတယ် မဟုတ်လား။ ယေရှုအကြောင်း၊ ဘုရားသခင့်ရည်ရွယ်ချက်မှာ ယေရှုရဲ့အခန်းကဏ္ဍအကြောင်းတွေကို အမှန်အတိုင်း သိထားခြင်းက အဆိုးရွားဆုံး ချုပ်နှောင်မှုလို့ပြောနိုင်တဲ့ အပြစ်နဲ့သေခြင်းကနေ ကျွန်ုပ်တို့ကို လွတ်မြောက်စေနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလိုလွတ်မြောက်ဖို့ဆိုရင် သင့်အနေနဲ့ ‘အမှန်တရားကို သိ’ ထားဖို့ လိုအပ်ပါတယ်။ သင်ကိုယ်တိုင်နဲ့ သင့်မိသားစုဝင်တွေ အဲဒီအမှန်တရားကနေ ဘယ်လိုအကျိုးကျေးဇူး ရရှိနိုင်သလဲဆိုတာ လေ့လာကြည့်ရင် မကောင်းဘူးလား။ ယေဟောဝါသက်သေတွေက သင့်ကို ကူညီပေးဖို့ အသင့်ရှိနေပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ