ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၂ ၆/၁၅ စာ. ၁၉
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • “မကြာမီဖြစ်ပျက်ရမည့်” အရာများကို ယေဟောဝါဖော်ပြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • နိုင်ငံရေး ပဋိပက္ခ—ကျမ်းစာကြိုဟောချက် ပြည့်စုံခြင်း
    ထပ်ဆင့် အကြောင်းအရာများ
  • ဧရာမရုပ်တုကြီး၏ အတက်အကျ
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
  • ကျမ်းစာ ကြိုဟောချက်တွေကနေ သင်ယူပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
က၁၂ ၆/၁၅ စာ. ၁၉

စာရှုသူများထံမှ မေးခွန်းလွှာ

အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်က ဘယ်အချိန်ကစပြီး ကျမ်းစာပရောဖက်ပြုချက်မှာပါတဲ့ သတ္တမမြောက်ကမ္ဘာ့အာဏာစက် ဖြစ်လာသလဲ။

▪ ဘုရင်နေဗုခဒ်နေဇာ မြင်မက်တဲ့ ဧရာမ သတ္တုရုပ်တုကြီးက တည်ရှိခဲ့သမျှ ကမ္ဘာ့အာဏာစက်အားလုံးကို ကိုယ်စားမပြုဘူး။ (ဒံ. ၂:၃၁-၄၅) ဒီရုပ်တုကြီးက ဒံယေလအချိန်နဲ့ အဲဒီနောက်ပိုင်းမှာရှိတဲ့၊ ဘုရားသခင့်လူမျိုးကိုတိုက်ခိုက်တဲ့ အာဏာစက်ငါးခုကိုပဲ ကိုယ်စားပြုတယ်။

ရုပ်တုကြီးနဲ့ပတ်သက်ပြီး ဒံယေလရဲ့ဖော်ပြချက်အရ အင်္ဂလိပ်-အမေရိကန်ကမ္ဘာ့အာဏာစက်ဟာ ရောမကို အောင်နိုင်မယ့်အစား ရောမကနေပေါ်ထွက်လာမယ်ဆိုတာ သိရတယ်။ အဲဒီရုပ်တုရဲ့ ခြေထောက်ကနေအစပြုတဲ့ သံက ခြေဖမိုး၊ ခြေဖဝါးနဲ့ ခြေချောင်းတွေထဲအထိ ရှိနေတယ်ဆိုတာကို ဒံယေလမြင်တွေ့ရတယ်။ (ခြေဖမိုး၊ ခြေဖဝါးနဲ့ ခြေချောင်းတွေမှာ သံနဲ့သရွတ်ရောနေတယ်။)a ဒါက အင်္ဂလိပ်-အမေရိကန်ကမ္ဘာ့အာဏာစက်ဟာ သံခြေထောက်ဖြစ်တဲ့ ရောမကနေ ပေါ်ထွက်လာမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ အဲဒီအတိုင်း အတိအကျဖြစ်ခဲ့တယ်ဆိုတာ သမိုင်းက သက်သေထူတယ်။ ရောမအင်ပါယာရဲ့အစိတ်အပိုင်းဖြစ်ခဲ့တဲ့ ဗြိတိန်ဟာ ၁၇၀၀ ပြည့်လွန်နှစ်နှောင်းပိုင်းတွေကနေစပြီး အင်အားကြီးမားတဲ့နိုင်ငံ ဖြစ်လာခဲ့တယ်။ နောက်ပိုင်းမှာ အမေရိကန်ပြည်ထောင်စုလည်းပဲ ဩဇာအာဏာကြီးမားတဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်လာတယ်။ ဒါပေမဲ့ ဗြိတိန်နဲ့ အမေရိကန်က ကျမ်းစာပရောဖက်ပြုချက်မှာပါတဲ့ သတ္တမမြောက်ကမ္ဘာ့အာဏာစက် မဖြစ်သေးဘူး။ ဘာကြောင့်လဲ။ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံက သိသာထင်ရှားတဲ့နည်းနဲ့ ပေါင်းစည်းပြီး အတူမလုပ်ဆောင်ကြသေးလို့ပါပဲ။ ဒီလိုလုပ်ဆောင်တာကို ပထမကမ္ဘာစစ်ကြီးအတွင်းမှာ တွေ့ခဲ့ရတယ်။

အဲဒီအချိန်မှာ “နိုင်ငံတော်သားများ” က အမေရိကန်ပြည်ထောင်စုမှာ အများဆုံး တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ကြတယ်။ သူတို့တွေက နယူးယောက်မြို့၊ ဘရွတ်ကလင်ကနေ ဟောပြောခြင်းလုပ်ငန်းကို ညွှန်ကြားခဲ့ကြတယ်။ (မ. ၁၃:၃၆-၄၃) စွမ်းအားတော်ဖွား ကောင်းကင်အတန်းအစားအဖွဲ့ဝင်တွေက ဗြိတိန်အင်ပါယာကြီးစိုးတဲ့ နိုင်ငံတွေမှာလည်း ဟောပြောခြင်းလုပ်ငန်းကို တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ကြတယ်။ ပထမကမ္ဘာစစ်အတွင်းမှာ ဗြိတိန်နဲ့ အမေရိကန်က သူတို့ရဲ့နိုင်ငံရေးရန်သူတွေကို အတူလက်တွဲတိုက်ခိုက်တဲ့အခါ အထူးတွဲဖက်တွေဖြစ်လာတယ်။ ဗြိတိန်နဲ့ အမေရိကန်ဟာ စစ်ကြောင့် မျိုးချစ်စိတ်ထကြွလာပြီး မိန်းမရဲ့ “အမျိုးအနွယ်” အဝင်ဖြစ်သူတွေကိုလည်း ရန်မူတိုက်ခိုက်ခဲ့ကြတယ်။ အဲဒီအစိုးရတွေက မိန်းမရဲ့အမျိုးအနွယ်ထုတ်ဝေတဲ့ စာပေတချို့ကို ပိတ်ပင်တားဆီး၊ ဟောပြောခြင်းလုပ်ငန်းမှာ ဦးဆောင်နေသူတွေကို ထောင်သွင်းအကျဉ်းချခဲ့ကြတယ်။—ဗျာ. ၁၂:၁၇။

ဒါကြောင့် သမ္မာကျမ်းစာပရောဖက်ပြုချက်ကနေသိရတာက ဗြိတိန် ဦးဆုံး အထင်ကရ စဖြစ်လာတဲ့ ၁၇၀၀ ပြည့်လွန်နှစ်နှောင်းပိုင်းတွေမှာ သတ္တမမြောက်ကမ္ဘာ့အာဏာစက် မပေါ်ထွက်ခဲ့ဘူး။ အဲဒီအစား သခင့်နေ့တော်ရဲ့အစပိုင်းမှာ သတ္တမမြောက် ကမ္ဘာ့အာဏာစက်တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့တယ်။b

[အောက်ခြေမှတ်ချက်များ]

a သံနဲ့ရောနေတဲ့ သရွတ်က အင်္ဂလိပ်-အမေရိကန်ကမ္ဘာ့အာဏာစက် အုပ်ချုပ်မှုအောက်မှာရှိတဲ့ လူတွေကို ကိုယ်စားပြုတယ်။ နှစ်တွေတစ်လျှောက်မှာ ဒီ သရွတ်က အဲဒီကမ္ဘာ့အာဏာစက်ရဲ့ တန်ခိုးသြဇာလွှမ်းမိုးနိုင်စွမ်းကို တဖြည်းဖြည်း အားနည်းအောင်လုပ်ဆောင်ခဲ့တယ်။

b ဒါက ဒံယေလ၏ပရောဖက်ပြုချက်စာအုပ်၊ စာမျက်နှာ ၅၇၊ အပိုဒ် ၂၄ ပါ အချက်အလက်များနဲ့ စာမျက်နှာ ၅၆၊ ၁၃၉ တို့မှာပါရှိတဲ့ သရုပ်ဖော်ပုံတွေနဲ့ပတ်သက်တဲ့ ရှင်းပြချက်အသစ်ဖြစ်ပါတယ်။

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

၁၉၁၈၊ ဇွန်လမှာ ကင်းမျှော်စင်ဌာနချုပ်က ညီအစ်ကိုရှစ်ဦး ထောင်ချခံရ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ