ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၃ ၁၁/၁ စာ. ၁၆
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • မည်သူတို့ကောင်းကင်သွားသနည်း၊ အဘယ်ကြောင့်နည်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ဘုရားသခင်ကို ယုံကြည်တဲ့သူအားလုံး ကောင်းကင်သွားကြသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • လူကောင်းအားလုံး ကောင်းကင်သွားသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
က၁၃ ၁၁/၁ စာ. ၁၆

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ဘယ်သူတွေ ကောင်းကင်တက်ကြမှာလဲ၊ ဘာအတွက်လဲ

ယနေ့ခေတ် လူသန်းပေါင်းများစွာဟာ သူတို့သေဆုံးသွားတဲ့အခါ ကောင်းကင်တက်ဖို့ မျှော်လင့်ကြတယ်။ သစ္စာရှိတမန်တော်တွေ ကောင်းကင်တက်ကြမယ်လို့ ယေရှု ပြောခဲ့တာမှန်ပါတယ်။ ကောင်းကင်ခမည်းတော်နဲ့အတူနေဖို့ သူတို့အတွက် နေရာပြင်ဆင်ပေးမယ်လို့ ယေရှု မသေဆုံးခင် ကတိပြုခဲ့တယ်။—ယောဟန် ၁၄:၂ ကိုဖတ်ပါ။

သေဆုံးသွားတဲ့သူတွေဟာ ဘာအတွက် ကောင်းကင်တက်ကြမှာလဲ။ ကောင်းကင်မှာ သူတို့ ဘာလုပ်ကြမှာလဲ။ တမန်တော်တွေဟာ ကောင်းကင်မှာ ရှင်ဘုရင်ဖြစ်ကြမယ်လို့ ယေရှု ပြောခဲ့တယ်။ အဲဒီကနေ ကမ္ဘာမြေကို သူတို့ အုပ်ချုပ်ကြလိမ့်မယ်။—လုကာ ၂၂:၂၈-၃၀; ဗျာဒိတ် ၅:၁၀ တို့ကို ဖတ်ပါ။

လူကောင်းအားလုံး ကောင်းကင်တက်ကြမှာလား

နိုင်ငံအများစုမှာ အုပ်ချုပ်သူလူတန်းစားက အနည်းစုပဲရှိပါတယ်။ ယေရှုဟာ ရွေးချယ်ထားသူတွေကိုပဲ ကောင်းကင်မှာ အသက်ပြန်ရှင်စေတယ်။ သူတို့ဟာ ကမ္ဘာမြေကြီးကို အုပ်ချုပ်မှာဖြစ်တဲ့အတွက် အနည်းစုပဲဖြစ်မယ်ဆိုတာကို နားလည်နိုင်ပါတယ်။ (လုကာ ၁၂:၃၂) ယေရှုနဲ့အတူ တွဲပြီးအုပ်ချုပ်မယ့်သူ အရေအတွက် အတိအကျကို သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။—ဗျာဒိတ် ၁၄:၁ ကိုဖတ်ပါ။

ယေရှုဟာ မိမိရဲ့နောက်လိုက်တွေ ကောင်းကင်မှာနေဖို့ ပြင်ဆင်ပေးခဲ့တယ်။ ကောင်းကင်မှာ သူတို့ ဘာလုပ်ကြမယ်လို့ သင် ထင်သလဲ

ကောင်းကင်တက်မယ့်သူတွေပဲ ဆုချခံရတာ မဟုတ်ပါဘူး။ ယေရှုရဲ့ နိုင်ငံတော်ကို သစ္စာရှိရှိ လက်အောက်ခံမယ့်သူတွေဟာ ဧဒင်ဥယျာဉ်လိုမျိုး သာယာလှပတဲ့ကမ္ဘာမြေမှာ ထာဝစဉ် အသက်ရှင်ခွင့် ရကြပါလိမ့်မယ်။ (ယောဟန် ၃:၁၆) လက်ရှိဆိုးညစ်တဲ့စနစ် ဖျက်ဆီးခံရတဲ့အခါ လူတချို့ လွတ်မြောက်ပြီး သာယာလှပတဲ့ကမ္ဘာမြေမှာ နေထိုင်ရပါလိမ့်မယ်။ ဖျက်ဆီးခြင်းမတိုင်ခင် သေဆုံးသွားတဲ့သူတွေဟာ ကမ္ဘာမြေပေါ်မှာပဲ အသက်ပြန်ရှင်လာကြပါလိမ့်မယ်။—ဆာလံ ၃၇:၂၉၊ ကဘ; ယောဟန် ၅:၂၈၊ ၂၉ ကိုဖတ်ပါ။

ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ အခန်း ၈ ကိုဖတ်ကြည့်ပါ

www.pr2711.com/mya ကနေ ကူးယူနိုင်ပါတယ်

နောက်ထပ် ကျမ်းစာမေးခွန်းတွေရဲ့ အဖြေကို www.pr2711.com အင်တာနက်မှာ ဖတ်ကြည့်ပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ