ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၈ အမှတ် ၂ စာ. ၄-၅
  • နက္ခတ်ဗေဒင်နဲ့ ရှေ့ဖြစ်ဟောခြင်းဟာ အနာဂတ်ကို သိနိုင်တဲ့နည်းလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နက္ခတ်ဗေဒင်နဲ့ ရှေ့ဖြစ်ဟောခြင်းဟာ အနာဂတ်ကို သိနိုင်တဲ့နည်းလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • နက္ခတ်ဗေဒင်
  • ရှေ့ဖြစ်ဟောခြင်း
  • ကျမ်းစာအဆို
  • သင့်ဘ၀ကို ကြယ်များက ထိန်းချုပ်ထားသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၈
ကလ၁၈ အမှတ် ၂ စာ. ၄-၅
ကြယ်နက္ခတ်ပုံ

နက္ခတ်ဗေဒင်နဲ့ ရှေ့ဖြစ်ဟောခြင်းဟာ အနာဂတ်ကို သိနိုင်တဲ့နည်းလား

နက္ခတ်ဗေဒင်

နက္ခတ်ဗေဒင်ဆိုတာ လူတွေအပေါ် သိသိ သာသာ လွှမ်းမိုးတဲ့ ဂြိုဟ်နက္ခတ်တာရာ တွေကို အခြေပြုပြီး ဟောတဲ့ပညာလို့ ဆိုကြတယ်။ မွေးဖွားချိန်မှာ ဂြိုဟ်နက္ခတ်များ တည်နေပုံကို ကြည့်ပြီး လူတစ်ယောက်ရဲ့ စရိုက်နဲ့ အနာဂတ်ကို သိနိုင်တယ်လို့ နက္ခတ်ဗေဒင်ဆရာတွေ ပြောကြတယ်။

နက္ခတ်ဗေဒင်ဟာ ရှေးခေတ်ဗာဗုလုန်ကနေ အရင်းခံပေမဲ့ အခုထိ ခေတ်စားနေတုန်းပဲ။ အမေရိကန်မှာ ၂၀၁၂ ခုနှစ် စစ်တမ်းအရ လူသုံးပုံတစ်ပုံက နက္ခတ်ဗေဒင်ကို “သိပ္ပံပညာတစ်မျိုး” လို့ ယူဆကြတယ်။ တစ်ဆယ်ရာခိုင်နှုန်းကတော့ “သိပ္ပံပညာစစ်စစ်” လို့ ယူဆကြတယ်။ မှန်ပါ သလား။ မမှန်ပါဘူး။ ဘာကြောင့်လဲ။

  • နက္ခတ်ဗေဒင်ဆရာတွေ ပြောသလို ဂြိုဟ်နက္ခတ်တွေက လူတွေအပေါ် လွှမ်းမိုးနိုင်စွမ်း မရှိဘူး။

  • ဟောကိန်းတွေဟာ ဘယ်သူနဲ့မဆို သက်ဆိုင်နိုင်လောက်အောင် ယေဘုယျဆန်လွန်းတယ်။

  • နက္ခတ်ဗေဒင်တွက်ချက်မှုတွေဟာ ဂြိုဟ်တွေက ကမ္ဘာကို လှည့်ပတ်ကြတယ်ဆိုတဲ့ ရှေးခေတ်အယူအဆအပေါ် အခြေခံတယ်။ တကယ်တော့ ဂြိုဟ်တွေက နေကို လှည့်ပတ်ကြတာပါ။

  • လူတစ်ယောက်တည်းအကြောင်းကို နက္ခတ်ဗေဒင်ဆရာတွေ တစ်ယောက်တစ်ပေါက် ဟောကြတယ်။

  • နက္ခတ်ဗေဒင်က မွေးဖွားချိန်မှာ တွက် ယူရရှိတဲ့ ဇာတာခွင်ခေါ် ဆယ့်နှစ်ရာသီဂြိုဟ်ခွင်အရ လူတွေကို အမျိုးအစားခွဲတယ်။ ရာစုနှစ်တွေတစ်လျှောက် အာကာ သထဲမှာ ကမ္ဘာဂြိုဟ်အနေအထား ပြောင်းလဲမှုကြောင့် ဇာတာခွင်ဆိုင်ရာ သင်္ကေတတွေဟာ မွေးတဲ့နေ့မှာ တွေ့ရတဲ့ ကြယ်နက္ခတ်နာမည်တွေနဲ့ မကိုက်ညီတော့ဘူး။

ဇာတာခွင်ကို ကြည့်ပြီး လူ့စရိုက်ကို သိနိုင်တယ်လို့ ဆိုကြတယ်။ တကယ်တော့ တစ်ရက်တည်းမှာ မွေးတဲ့သူတွေတောင် စရိုက် မတူကြတဲ့အတွက် မွေးနေ့ကို ကြည့်ပြီး လူ့စရိုက်ကို မသိနိုင်ဘူး။ နက္ခတ်ဗေဒင်ဆရာတွေက တကယ့်လူကို မကြည့်ဘဲ ယူဆချက်တွေနဲ့ပဲ လူ့အပြုအမူ၊ စရိုက်လက္ခဏာကို ခန့်မှန်းတွက်ချက်ကြတယ်။ အဲဒါ အစွဲတစ်မျိုးပဲ မဟုတ်လား။

ရှေ့ဖြစ်ဟောခြင်း

ရှေးခေတ်ကလူတွေလည်း ဗေဒင်မေးကြ တယ်။ လူနဲ့ တိရစ္ဆာန်တွေရဲ့ ကလီစာတွေ၊ ကြက်ဖ အစာကောက်ပုံတွေကို ကြည့်ပြီး ဟောကိန်းထုတ်ကြတယ်။ လက်ဖက်ရွက်၊ ကော်ဖီအနည်အနှစ်ကို ကြည့်ပြီးတော့လည်း ဟောကြတယ်။ အခုခေတ်မှာတော့ တားရော့ကတ်၊ ဓာတ်ဖန်လုံး၊ အန်စာတုံးတို့ သုံးပြီး ဟောကြ တယ်။ ဗေဒင်ဟောခြင်းဟာ အနာဂတ်ကို သိနိုင်တဲ့နည်းကောင်းလား။ မဟုတ်ပါဘူး။ အကြောင်းရင်းကို သုံးသပ်ကြည့်ရအောင်။

ရှေ့နောက်ညီညွတ်မှု ရှိမရှိ သုံးသပ်ကြည့်ပါ။ ဗေဒင်ဆရာတွေရဲ့ ဟောကိန်းထုတ်ပုံထုတ်နည်း တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး။ နည်းတူရင်တောင်မှ ဟောကိန်းတွေ ကွဲလွဲနေတယ်။ ဥပမာ၊ တားရော့ကတ်တစ်ခုတည်းကို အခြေခံပြီး မေးခွန်းတစ်မျိုး မေးမယ်ဆိုပါစို့။ အဖြေ တစ်မျိုးတည်း ဖြစ်သင့်ပေမဲ့ များသောအားဖြင့် ကွဲလွဲနေတတ်တယ်။

ဗေဒင်ဆရာတွေရဲ့ နည်းလမ်းတွေ၊ ရည်ရွယ်ချက်တွေကလည်း သံသယဝင်စရာပဲ။ သူတို့ရဲ့ ကတ်တွေ၊ ဓာတ်ဖန်လုံးတွေဟာ အသုံးအဆောင်သက်သက်ပဲလို့ ဝေဖန်သူတွေ ဆိုကြတယ်။ ဗေဒင်ဆရာတွေက အသုံးအဆောင်တွေကို အခြေမခံဘဲ လူတွေရဲ့ တုံ့ပြန်ပုံကို အခြေခံပြီး ဟောတတ်ကြတယ်။ ဥပမာ၊ ကျွမ်းကျင်တဲ့ ဗေဒင်ဆရာက မေးနေကျ မေးခွန်း တွေကို မေး၊ ပြောဆိုပြုမူပုံကို ကြည့်ပြီးမှ ဟောကြတယ်။ ဖောက်သည် ပြောတဲ့စကားတွေပေါ် မူတည်ပြီး ဟောလိုက်တာ။ ဖောက်သည်ရဲ့ ယုံကြည်အားကိုးမှု ရသွားလို့ ငွေမြိုးမြိုးမြက်မြက် ရသွားတဲ့ ဗေဒင်ဆရာတွေလည်း ရှိတယ်။

ကျမ်းစာအဆို

ဗေဒင်ဟောတယ်ဆိုတာ အနာဂတ်ကို သတ်မှတ်ပြီးသားဆိုတဲ့သဘော သက်ရောက်တယ်။ အဲဒါ မှန်သလား။ ကိုယ်ယုံကြည်တာ၊ ကိုယ်လုပ်ချင်တာကို ရွေးချယ်နိုင်စွမ်း ရှိတယ်၊ ကိုယ့်ရွေးချယ်မှုက ကိုယ့်အနာဂတ်ကို သက်ရောက်မှု ရှိတယ်လို့ ကျမ်းစာ ဆိုတယ်။—ယောရှု ၂၄:၁၅။

ဘုရားကို ကိုးကွယ်သူတွေအနေနဲ့ ဗေဒင် မမေးသင့်တဲ့အကြောင်းရင်း ရှိတယ်။ ဗေဒင်နဲ့ပတ်သက်သမျှကို ဘုရား တားမြစ်ထားလို့ပါပဲ။ ကျမ်းစာမှာ ဒီလိုတွေ့ ရတယ်– “ခင်ဗျားတို့ဆီမှာ . . . နတ်ဆရာ၊ မှော်ဆရာ၊ နိမိတ်ဖတ်သူ၊ ပယောဂဆရာ၊ စုန်းအတတ်နဲ့ ပြုစားသူ၊ နတ်ကတော် . . . ဗေဒင်ဆရာကို မေးမြန်းတဲ့သူ၊ လူသေကို မေးမြန်းတဲ့သူ တစ်ယောက်မှ မရှိရဘူး။ အဲဒီလိုလူတွေကို ယေဟောဝါa ရွံမုန်းတယ်။” —တရားဟောရာ ၁၈:၁၀-၁၂။

a “မြေတစ်ပြင်လုံးမှာ အမြင့်မြတ်ဆုံးအရှင်” ရဲ့ နာမည်။—ဆာလံ ၈၃:၁၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ