ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၈ အမှတ် ၂ စာ. ၃
  • အနာဂတ်ဟောကိန်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အနာဂတ်ဟောကိန်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာပရောဖက်ပြုချက်ကိုသင်အဘယ်ကြောင့်ယုံကြည်စိတ်ချနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ပြည့်စုံပြီးသား ဟောကိန်းများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၈
  • ယုံကြည်စိတ်ချထိုက်သောတင်ကူးဟောကြားချက်များရှာပုံတော်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • အနာဂတ်ကို ကြိုသိနိုင်သူ ရှိပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၈
ကလ၁၈ အမှတ် ၂ စာ. ၃
မိုးလေဝသကြေညာသူ ၇ ရက်စာ ကြိုတင် ကြေညာနေစဉ်

အနာဂတ် ဟောကိန်း

သင်နဲ့ သင့်မိသားစုအနာဂတ် ဘယ်လိုများ ရှိမလဲလို့ စဉ်းစားဖူးသလား။ ချမ်းသာမလား။ ဆင်းရဲသွားမလား။ အချစ်ခံရမလား။ အထီးကျန်သွားမလား။ အသက်ရှည်မလား။ အသက်တိုမလား။ ဒါတွေနဲ့ပတ်သက်ပြီး သိချင်ကြတာ နှစ်ထောင်ချီ ကြာခဲ့ပြီ။

ကျွမ်းကျင်သူတွေက ကမ္ဘာ့ဖြစ်ရပ်တွေကို ကြည့်ပြီး အနာဂတ်ကို ဟောကိန်းထုတ်ကြတယ်။ မှန်တဲ့ဟောကိန်းတွေ ရှိသလို မှားသွားတာလည်း ရှိတယ်။ ဆိုးဆိုးရွားရွား လွဲသွားတာတွေလည်း ရှိတယ်။ ဥပမာ၊ ကြိုးမဲ့ကြေးနန်း တီထွင်သူ မာကိုနီက “ကြိုးမဲ့ခေတ်ရောက်ရင် စစ်တွေ ရှိတော့မှာ မဟုတ်တော့ဘူး” လို့ ၁၉၁၂ ခုနှစ်မှာ ပြောဖူးတယ်။ ၁၉၆၂ ခုနှစ်မှာ ဘစ်တဲလ်အဖွဲ့ကို ငြင်းလိုက်တဲ့ ဒက္ကာတေးသံသွင်းကုမ္ပဏီရဲ့ ကိုယ်စားလှယ်က ဂီတာသမားတွေကို လူကြိုက်များတော့မှာ မဟုတ်ဘူးလို့ ယူဆခဲ့တယ်။

အနာဂတ်ကို ကြိုသိနိုင်ဖို့ တချို့က သဘာဝလွန်စွမ်းအားတွေကို အားကိုးကြတယ်။ တချို့က နက္ခတ္တဗေဒပညာရှင်တွေဆီမှာ အကြံဉာဏ် တောင်းကြတယ်။ မဂ္ဂဇင်းတွေ၊ သတင်းစာတွေမှာ ဇာတာခွင်ဗေဒင်ကဏ္ဍကို ပုံမှန်တွေ့ရတယ်။ တားရော့ကတ်တွေ၊ ဂဏန်းတွေ၊ လက္ခဏာတွေ ကြည့်ပြီး ရှေ့ဖြစ်ဟောတဲ့ ဗေဒင်ဆရာတွေဆီ သွားတဲ့သူတွေလည်း ရှိကြတယ်။

ရှေးခေတ်တုန်းကလည်း အနာဂတ်ကို ကြိုသိနိုင်ဖို့ နတ်ဘုရားဆီက သတင်းတွေ ပြန်ပြောပြနိုင်တယ်လို့ ဆိုတဲ့ နတ်ဆရာ/မတွေကို မေးမြန်းကြတယ်။ ဥပမာ၊ လစ်ဒီးယားဘုရင် ကရီးဆပ်က ပါးရှားဘုရင် ဆိုင်းရပ်နဲ့ တိုက်ခိုက်ရင် အနိုင်ရမရ ဟောပေးဖို့ ဂရိနိုင်ငံမှာရှိတဲ့ ဒယ်လဖီနတ်ကွန်းကို လက်ဆောင်ဘဏ္ဍာတွေ ဆက်သတယ်။ ဆိုင်းရပ်နဲ့ တိုက်မယ်ဆိုရင် “အင်ပါယာကြီးတစ်ခု” ပျက်စီးသွားလိမ့်မယ်လို့ ကရီးဆပ် အဖြေရတယ်။ အောင်ပွဲခံမယ်အထင်နဲ့ ချီတက်သွားတဲ့အခါ ကရီးဆပ်ရဲ့ အင်ပါယာပဲ ပျက်စီးသွားခဲ့တယ်။

မရေရာတဲ့ ဟောကိန်းတွေက ဘာအကျိုးမှ မရှိဘူး။ ဘယ်ဘက်ကပဲနိုင်နိုင် အဖြေကတော့ မှန်နေပုံ ရတယ်။ အထင်လွဲစေတဲ့ ဟောကိန်းကြောင့် ကရီးဆပ် အကြီးအကျယ် ဆုံးရှုံးနစ်နာသွားခဲ့တယ်။ ဒီနေ့ ခေတ်စားနေတဲ့ အနာဂတ်ဟောနည်းတွေကော ဘယ်လိုလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ