ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၉ အောက်တိုဘာ စာ. ၆-၇
  • ဘုရားသခင့် တရားစီရင်ချက်များ—အမြဲ ကြိုတင် သတိပေးရဲ့လား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့် တရားစီရင်ချက်များ—အမြဲ ကြိုတင် သတိပေးရဲ့လား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရား ကြိုတင်သတိပေး
  • ဒီနေ့ခေတ် ဘုရားသခင့် သတိပေးချက်ကို တုံ့ပြန်ခြင်း
  • မည်သည့်အခါမျှပြန်မလုပ်ရတော့မည့် လုပ်ငန်းတော်၌ပါဝင်ပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • “စောင့်နေကြလော့” တရားစီရင်ချိန်ရောက်ပြီ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • သတိနှင့်စောင့်နေခြင်း သာ၍အရေးတကြီးဖြစ်လာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
က၁၉ အောက်တိုဘာ စာ. ၆-၇
မုန်တိုင်း တိုက်တော့မယ့်အချိန်မှာ ညီအစ်ကိုနှစ်ယောက် တံခါးခေါက်နေ

ဘုရားသခင့် “မုန်တိုင်း” လာတော့မယ်ဆိုတဲ့ သတိပေးချက်ကို လူတွေ နားထောင်ဖို့ လိုအပ်

ဘုရားသခင့် တရားစီရင်ချက်များ အမြဲ ကြိုတင် သတိပေးရဲ့လား

မိုးလေဝသ ပညာရှင်ဟာ ရေဒါပေါ်က ပြောင်းလဲမှုတွေကို စောင့်ကြည့်နေတယ်။ လူနေထူထပ်တဲ့ဒေသပေါ် မုန်တိုင်းကျတော့မှာကို မြင်တဲ့အခါ လူတွေရဲ့ ဘေးကင်းရေးကို စိုးရိမ်တဲ့အတွက် အချိန်မနှောင်းမီ အတတ်နိုင်ဆုံး သတိပေးတယ်။

အလားတူပဲ၊ ယေဟောဝါဟာ လူသားတွေ ကြုံရတော့မယ့် အဆိုးဝါးဆုံး “မုန်တိုင်း” အတွက် အခု သတိပေးနေတယ်။ ဘယ်နည်းနဲ့လဲ။ လူတွေ တုံ့ပြန်ဖို့ အချိန် အလုံအလောက် ပေးတယ်ဆိုတာ ဘာကြောင့် စိတ်ချနိုင်သလဲ။ ဦးဆုံး၊ အရင်တုန်းက ယေဟောဝါ ပေးခဲ့တဲ့ သတိပေးချက်တချို့ကို သုံးသပ်ကြည့်ကြစို့။

ဘုရား ကြိုတင်သတိပေး

ကျမ်းစာခေတ်မှာ ယေဟောဝါဟာ စိတ်လိုကိုယ်လျောက် ပညတ်မနာခံသူတွေကို ဖျက်ဆီးမယ်ဆိုတဲ့ “မုန်တိုင်း” နဲ့တူတဲ့ တရားစီရင်ချက်တွေအကြောင်း ကြိုသတိပေးခဲ့တယ်။ (ပညာ. ၁၀:၂၅။ ယေ. ၃၀:၂၃) အကြိမ်တိုင်းမှာ လူတွေကို ကြိုတင် အသိပေးပြီး အလိုတော်နဲ့အညီ ပြုပြင်ပြောင်းလဲဖို့ ညွှန်ကြားတယ်။ (၂ ဘု. ၁၇:၁၂-၁၅။ နေ. ၉:၂၉၊ ၃၀) တရားစီရင်ချက်တွေကို ကြေညာဖို့၊ အရေးတကြီး လုပ်ဆောင်ဖို့ လိုတယ်ဆိုတာ နားလည်အောင် လူတွေကို ကူညီပေးဖို့ မြေကြီးပေါ်က သစ္စာရှိ ကျေးကျွန်တွေကို ယေဟောဝါ အသုံးပြုလေ့ရှိတယ်။—အာ. ၃:၇။

ဘုရားအသုံးပြုခဲ့တဲ့ သစ္စာရှိကျေးကျွန်တစ်ယောက်ကတော့ နောဧ ဖြစ်တယ်။ မိမိခေတ်မှာရှိတဲ့ အကျင့်ပျက်သူ၊ ကြမ်းတမ်းသူတွေကို ကမ္ဘာချီ ရေလွှမ်းမိုးဘေးအကြောင်း နှစ်ပေါင်းများစွာ သတ္တိရှိရှိ သတိပေးခဲ့တယ်။ (က. ၆:၉-၁၃၊ ၁၇) လွတ်မြောက်ဖို့ ဘာလုပ်ရမယ်ဆိုတဲ့အကြောင်းလည်း နောဧ ဟောပြောတဲ့အတွက် ‘ဖြောင့်မတ်ခြင်းတရား ဟောပြောသူ’ လို့ နောက်ပိုင်းမှာ ဖော်ပြခံရတယ်။—၂ ပေ. ၂:၅။

နောဧ သတိပေးပေမဲ့ လူတွေက ဘုရားရဲ့ သတင်းကို ဂရုမစိုက်ကြဘူး။ မယုံကြည်ကြဘူး။ ဒါကြောင့် “ရေလွှမ်းမိုးဘေး ရောက်ပြီး အားလုံးကို သုတ်သင်ပယ်ရှင်းလိုက်ချိန်” မှာ သေဆုံးကုန်ကြတယ်။ (မ. ၂၄:၃၉။ ဟီ. ၁၁:၇) အဆုံးရောက်လာတဲ့အခါ သူတို့ကို ဘုရား ကြိုသတိမပေးဘူးလို့ ပြောစရာအကြောင်း မရှိဘူး။

တချို့အချိန်တွေမှာ တရားစီရင်ချက် “မုန်တိုင်း” မကျခင်လေးမှာ ယေဟောဝါ သတိပေးတယ်။ ဒါပေမဲ့ ပြောင်းလဲဖို့ အချိန် အလုံအလောက် ပေးတယ်။ ရှေးအီဂျစ်မှာ ကပ်ဘေးဆယ်ခု ကျရောက်ချိန်တုန်းကလည်း အဲဒီလိုပဲ။ ဥပမာ၊ ခုနစ်ခုမြောက် ကပ်ဘေးဖြစ်တဲ့ မိုးသီးကပ်ဘေးအကြောင်း ဖာရောနဲ့ မင်းမှုထမ်းတွေကို သတိပေးဖို့ မောရှေနဲ့ အာရုန်ကို ယေဟောဝါ စေလွှတ်ခဲ့တယ်။ နောက်နေ့မှာ မိုးသီးဘေး ကျရောက်မှာဖြစ်လို့ ဘေးလွတ်အောင် ဘုရား အချိန်အလုံအလောက် ပေးခဲ့သလား။ “ဖာရောရဲ့မင်းမှုထမ်းတွေထဲမှာ ယေဟောဝါကို ကြောက်ရွံ့သူတွေဟာ ကျွန်နဲ့ တိရစ္ဆာန်တွေကို အိမ်ထဲ အမြန်သွင်းကြတယ်။ ယေဟောဝါရဲ့စကားကို အရေးမစိုက်သူတွေကတော့ ကျွန်နဲ့ တိရစ္ဆာန်တွေကို လယ်ပြင်မှာပဲ ထားကြတယ်” လို့ ကျမ်းစာ ပြောတယ်။ (ထွ. ၉:၁၈-၂၁) ယေဟောဝါ ကြိုတင်သတိပေးတဲ့အတွက် ချက်ချင်း တုံ့ပြန်သူတွေဟာ ကပ်ဘေးရဲ့ ဆိုးကျိုးကနေ လွတ်မြောက်ခဲ့တယ်။

ဖာရောနဲ့ မင်းမှုထမ်းတွေဟာ ဆယ်ခုမြောက် ကပ်ဘေးအကြောင်းလည်း သတိပေးခံခဲ့ရတယ်။ ဒါပေမဲ့ သတိပေးချက်ကို ငြင်းပယ်ခဲ့တယ်။ (ထွ. ၄:၂၂၊ ၂၃) ဒါကြောင့် သူတို့ရဲ့ သားဦးတွေ သေဆုံးခဲ့ရတယ်။ ဝမ်းနည်းစရာပါပဲ။ (ထွ. ၁၁:၄-၁၀။ ၁၂:၂၉) သတိပေးချက်ကို လိုက်နာဖို့ သူတို့ အချိန်အလုံအလောက် ရခဲ့ရဲ့လား။ ရခဲ့ပါတယ်။ ကျရောက်တော့မယ့် ဆယ်ခုမြောက် ကပ်ဘေးအကြောင်း အစ္စရေးတွေကို မောရှေ ချက်ချင်း သတိပေးပြီး မိသားစုကို ကယ်ဖို့ ဘာလုပ်ရမယ်ဆိုတာ ညွှန်ကြားခဲ့တယ်။ (ထွ. ၁၂:၂၁-၂၈) သတိပေးချက်ကို လူဘယ်နှယောက် တုံ့ပြန်ကြသလဲ။ ခန့်မှန်းချက်အရ အစ္စရေးလူမျိုးတွေ၊ အစ္စရေး မဟုတ်သူတွေနဲ့ အီဂျစ်တွေ ပါဝင်တဲ့ “ဧရာမလူအုပ်ကြီး” စုစုပေါင်း လူသုံးသန်းဟာ ဘုရားသခင့် တရားစီရင်ချက်ကနေ လွတ်မြောက်ပြီး အီဂျစ်ကနေ ထွက်ခွာခဲ့ကြတယ်။—ထွ. ၁၂:၃၈။

ဒီဥပမာတွေက ယေဟောဝါဟာ သတိပေးချက်ကို လူတွေ တုံ့ပြန်ဖို့ အမြဲ အချိန်အလုံအလောက် ပေးကြောင်း ဖော်ပြတယ်။ (တရား. ၃၂:၄) ဘုရား ဘာကြောင့် အဲဒီလို အချိန်ပေးတာလဲ။ “ဘယ်သူ့ကိုမှ မပျက်စီးစေချင်လို့၊ လူအားလုံးကို နောင်တရစေချင်လို့” ဆိုပြီး တမန်တော် ပေတရု ရှင်းပြတယ်။ (၂ ပေ. ၃:၉) လူတွေကို ဘုရား ဂရုစိုက်တယ်။ တရားစီရင်တဲ့အချိန် မရောက်ခင် နောင်တရပြီး ပြောင်းလဲစေချင်တယ်။—ဟေရှာ. ၄၈:၁၇၊ ၁၈။ ရော. ၂:၄။

ဒီနေ့ခေတ် ဘုရားသခင့် သတိပေးချက်ကို တုံ့ပြန်ခြင်း

ဒီနေ့ ကမ္ဘာတစ်ဝန်းမှာ ကြေညာနေတဲ့ အရေးကြီး သတိပေးချက်ကို လူအားလုံး တုံ့ပြန်သင့်တယ်။ “ကြီးစွာသောဒုက္ခ” အတွင်း ဒီလောကစနစ် ဖျက်ဆီးခံရမယ်လို့ ယေရှု မြေကြီးပေါ်ရှိတုန်း ကြိုသတိပေးခဲ့တယ်။ (မ. ၂၄:၂၁) အဲဒီတရားစီရင်ချိန် နီးလာတာနဲ့အမျှ ဘာတွေ ကြုံတွေ့ရမယ်ဆိုတာ ဖော်ပြတဲ့ ကြိုဟောချက်တွေ နောက်လိုက်တွေကို ပေးခဲ့တယ်။ အဲဒါတွေဟာ ဒီနေ့ ကျွန်တော်တို့ မြင်နေရတဲ့ ကမ္ဘာ့ဖြစ်ရပ်တွေပါပဲ။—မ. ၂၄:၃-၁၂။ လု. ၂၁:၁၀-၁၃။

အဲဒီကြိုဟောချက်နဲ့အညီ ယေဟောဝါဟာ မိမိရဲ့ မေတ္တာပါ အုပ်ချုပ်မှုကို လက်အောက်ခံဖို့ လူတိုင်းကို တိုက်တွန်းနေတယ်။ နာခံသူတွေကို လောလောဆယ် ပိုကောင်းတဲ့ အသက်တာ ရစေချင်သလို ဖြောင့်မတ်တဲ့ ကမ္ဘာသစ်မှာလည်း အနာဂတ်ကောင်းချီးတွေ ရစေချင်တယ်။ (၂ ပေ. ၃:၁၃) အဲဒီကတိတော်တွေကို ယုံကြည်စေချင်တဲ့အတွက် အသက်ကယ် သတင်းဖြစ်တဲ့ “နိုင်ငံတော် သတင်းကောင်း” ကို ပြင်ဆင်ပေးတယ်။ အဲဒီသတင်းကို ‘လူမျိုးအားလုံးအတွက် သက်သေဖြစ်စေဖို့ လူနေထိုင်ရာ မြေတစ်ခွင်လုံးမှာ ဟောပြောရလိမ့်မယ်’ လို့ ယေရှု ကြိုပြောခဲ့တယ်။ (မ. ၂၄:၁၄) နိုင်ငံပေါင်း ၂၄၀ ကျော်မှာ ‘သက်သေခံ’ ဖို့၊ ဟောပြောဖို့ စစ်မှန်တဲ့ ဝတ်ပြုသူတွေကို ဘုရားသခင် ဖွဲ့စည်းထားတယ်။ ယေဟောဝါဟာ သတိပေးချက်ကို လူများနိုင်သမျှ များများ နားထောင်ပြီး ရောက်လာတော့မယ့် တရားစီရင်ချက် “မုန်တိုင်း” ကနေ လွတ်မြောက်စေချင်တယ်။—ဇေ. ၁:၁၄၊ ၁၅။ ၂:၂၊ ၃။

သတိပေးချက်ကို တုံ့ပြန်ဖို့ ယေဟောဝါ အမြဲ အချိန်ပေးကြောင်း အထောက်အထားတွေက ဖော်ပြတယ်။ ဒါကြောင့် မေးရမှာက သတိပေးချက်ကို တုံ့ပြန်ဖို့ ယေဟောဝါ အချိန် အလုံအလောက်ပေးရဲ့လား ဆိုတဲ့မေးခွန်း မဟုတ်ဘဲ အချိန်ရှိနေတုန်း ဘုရားရဲ့ သတိပေးချက်ကို လူတွေ နားထောင်မလား ဆိုတဲ့မေးခွန်းပဲ။ ဒီစနစ်အဆုံးကို လွတ်မြောက်ဖို့ လူများနိုင်သမျှ များများကို ဘုရားသခင့် ကျေးကျွန်တွေ ဆက်ကူညီပေးနိုင်ပါစေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ