မေးခွန်းသေတ္တာ
◼ တိုးတက်တဲ့ကျမ်းစာသင်သားတစ်ဦးနဲ့ ဘယ်လောက်ကြာကြာ သင်အံမှုလုပ်သင့်သလဲ။
တိုးတက်တဲ့ကျမ်းစာသင်သားတစ်ဦးကို သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းစာအုပ်နဲ့ “ဘုရားသခင့်မေတ္တာတော်၌ တည်နေကြလော့” စာအုပ်နှစ်အုပ်ပြီးတဲ့အထိ သင်အံမှုပြုလုပ်ပေးခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ကျမ်းစာသင်သားက စာအုပ်နှစ်အုပ်စလုံးကို လေ့လာလို့မပြီးခင် နှစ်ခြင်းခံတယ်ဆိုရင်တောင် အဲဒီအတိုင်း ဆက်လုပ်ရမှာဖြစ်တယ်။ သင်သားနှစ်ခြင်းခံပြီးပေမဲ့ ကျွန်ုပ်တို့က နာရီ၊ ပြန်လည်ပတ်မှုနဲ့ သင်အံမှုမှတ်တမ်းကို စာရင်းဆက်သွင်းနိုင်ပါတယ်။ ကျွန်ုပ်တို့နဲ့အတူ ကြေညာသူတစ်ဦးလိုက်ပါတယ်ဆိုရင် သူလည်း နာရီယူလို့ရတယ်။—မတ် ၂၀၀၉ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၂ ကိုကြည့်ပါ။
လူသစ်တစ်ဦး အမှန်တရားမှာ ကောင်းကောင်းအခြေမခိုင်မီ သင်အံမှုကို မရပ်လိုက်ဖို့ အရေးကြီးတယ်။ သူတို့က ခရစ်တော်မှာ “စွဲမြဲ” ပြီး “ယုံကြည်ခြင်း၌ တည်မြဲလျက်နေ” ဖို့လိုတယ်၊ ဒါမှ စမ်းသပ်မှုအခက်အခဲတွေကို အောင်မြင်ကျော်လွှားနိုင်မှာဖြစ်တယ်။ (ကော. ၂:၆၊ ၇; ၂ တိ. ၃:၁၂; ၁ ပေ. ၅:၈၊ ၉) ဒါ့အပြင် သူတို့က တခြားသူတွေကို ထိထိရောက်ရောက်သင်ပေးနိုင်ဖို့ “အမှန်တရားဆိုင်ရာ တိကျမှန်ကန်သောအသိပညာ” ရှိရမှာဖြစ်တယ်။ (၁ တိ. ၂:၄) ကျမ်းစာသင်သားတွေကို စာအုပ်နှစ်အုပ်ပြီးအောင် သင်ပေးခြင်းအားဖြင့် “အသက်ရှင်ခြင်းသို့ ရောက်သောလမ်း” မှာ ခိုင်ခိုင်မြဲမြဲလျှောက်လှမ်းဖို့ ကျွန်ုပ်တို့ ကူညီပေးကြတယ်။—မ. ၇:၁၄။
အကြီးအကဲတွေက တစ်စုံတစ်ဦးကို နှစ်ခြင်းခံဖို့ မထောက်ခံမီ သူက ကျမ်းစာအခြေခံသွန်သင်ချက်တွေကို ကောင်းစွာနားလည်ပြီး အဲဒီအတိုင်းနေထိုင်နေတယ်ဆိုတာ သေချာအောင်လုပ်သင့်တယ်။ ပထမစာအုပ် လေ့လာလို့မပြီးသေးတဲ့ သင်သားတစ်ဦးနဲ့ပတ်သက်ပြီး အကြီးအကဲတွေသုံးသပ်တဲ့အခါ အထူးသဖြင့် ဂရုစိုက်သင့်တယ်။ အကယ်၍ တစ်စုံတစ်ယောက်က နှစ်ခြင်းခံဖို့ အသင့်မဖြစ်သေးဘူးဆိုရင် အနာဂတ်မှာ နှစ်ခြင်းခံဖို့ အရည်အချင်းပြည့်မီအောင် ကူညီပေးဖို့ အကြီးအကဲတွေ သေချာစီစဉ်ပေးသင့်တယ်။—ယေဟောဝါ၏အလိုတော်ဆောင်ရန် ဖွဲ့စည်းထားခြင်း၊ စာမျက်နှာ ၂၁၇-၂၁၈ ကိုကြည့်ပါ။
[စာမျက်နှာ ၂ ပါစာ]
လူသစ်တစ်ဦး အမှန်တရားမှာ ကောင်းကောင်း အခြေခိုင်ဖို့ အရေးကြီး