သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းတွေကို ၂၀၁၁၊ ဇွန် ၂၇ ရက်အပတ် သီအိုကရက်တစ် ဓမ္မအမှုကျောင်းမှာ သုံးသပ်ကြပါမယ်။ ကျောင်းကြီးကြပ်မှူးက ၂၀၁၁၊ မေ ၂ အပတ်ကနေ ဇွန် ၂၇ အပတ်အထိ တာဝန်တွေမှာ သုံးသပ်ခဲ့တဲ့အကြောင်းအရာတွေအပေါ်အခြေပြုပြီး မိနစ် ၂၀ ပြန်လည်သုံးသပ်ပါမယ်။
၁။ မိမိကို ပြစ်မှားတဲ့သူတွေအတွက် ဆုတောင်းပေးဖို့ ယောဘကို ယေဟောဝါ တောင်းဆိုခဲ့ခြင်းကနေ ဘာသင်ခန်းစာယူနိုင်သလဲ။ (ယောဘ ၄၂:၈) [က၉၈ ၈/၁၅ စ. ၃၀ ပိုဒ်. ၅]
၂။ ကနေ့ ခရစ်ယာန်တွေ “တရားသဖြင့်” ပူဇော်နေတဲ့ “ယဇ်” တွေက ဘာတွေလဲ။ (ဆာ. ၄:၅) [က၀၆ ၅/၁၅ စ. ၁၈ ပိုဒ်. ၉]
၃။ ဒါဝိဒ်ရဲ့ကျောက်ကပ်တွေက သူ့ကို ဘယ်လိုပြုပြင်တည့်မတ်ပေးခဲ့သလဲ။ (ဆာ. ၁၆:၇၊ သမ) [က၀၄ ၁၂/၁ စ. ၁၄ ပိုဒ်. ၉]
၄။ “မိုးကောင်းကင်သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ကြားပြော” တယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ (ဆာ. ၁၉:၁) [က၀၄ ၁၀/၁ စ. ၁၀ ပိုဒ်. ၈]
၅။ ဆာလံ ၂၇:၁၄ မှာ မျှော်လင့်ခြင်းနဲ့ ရဲရင့်ခြင်းတို့က ဘယ်လိုဆက်စပ်မှုရှိတယ်ဆိုတာကို ဖော်ပြထားသလဲ။ [က၀၆ ၁၀/၁ စာ. ၂၆-၂၇ ပိုဒ်. ၃၊ ၆]
၆။ ဆာလံ ၃၇:၂၁ က ညီအစ်ကိုတွေနဲ့ကျွန်ုပ်တို့ရဲ့ ဆက်ဆံရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်စေသင့်သလဲ။ [က၈၉ ၈/၁၅ စ. ၁၇ ပိုဒ်. ၈]
၇။ နယ်နှင်ခံ လေဝိသားတစ်ဦးရဲ့ အဖြစ်အပျက်ကနေ လေးမြတ်တန်ဖိုးထားခြင်းကို ဘယ်လိုသင်ယူနိုင်ပါသလဲ။ (ဆာ. ၄၂:၁-၃) [က၀၆ ၆/၁ စ. ၉ ပိုဒ်. ၃]
၈။ ဖြောင့်မတ်ခြင်းတရားကို ချစ်မြတ်နိုးပြီး မတရားတဲ့အမှုကို မုန်းဖို့ ဘာက ကူညီပေးနိုင်သလဲ။ (ဆာ. ၄၅:၇) [cf စ. ၅၈-၅၉ ပိုဒ်. ၈-၁၀]
၉။ ဘယ်သူ့ရဲ့ “စေတနာစိတ်” နဲ့ထောက်မမှုရဖို့ ဒါဝိဒ်တောင်းဆိုနေတာလဲ။ (ဆာ. ၅၁:၁၂) [က၀၆ ၆/၁ စ. ၉ ပိုဒ်. ၁၀]
၁၀။ ဘုရားသခင့်အိမ်တော်မှာရှိတဲ့ သံလွင်ပင်နဲ့ ကျွန်ုပ်တို့ ဘယ်လိုတူနိုင်သလဲ။ (ဆာ. ၅၂:၈) [က၀၀ ၅/၁၅ စ. ၂၉ ပိုဒ်. ၆]