“မှတ်တမ်းသွင်းဖို့ အချိန်ကို ဘယ်လိုတွက်သင့်သလဲ”
ဒီမေးခွန်းကို သင် မေးဖူးပါသလား။ ယေဘုယျညွှန်ကြားချက်တွေကို ဖွဲ့စည်းထားခြင်းစာအုပ်၊ စာမျက်နှာ ၈၆-၈၇ မှာတွေ့ရတယ်။ ထပ်ဆင့်ညွှန်ကြားချက်တွေကို ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု စက်တင်ဘာ၊ ၂၀၀၈ ရဲ့ မေးခွန်းသေတ္တာ မှာပါသလိုမျိုး အခါအားလျော်စွာ ဖော်ပြပေးတယ်။ အခြေအနေတွေပြောင်းလဲနေတဲ့အတွက် စည်းမျဉ်းရှည်ကြီးပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် အကြီးအကဲတွေ ဒါမှမဟုတ် တခြားသူတွေအနေနဲ့ ထပ်ဆင့်ညွှန်ကြားချက်တွေထုတ်ဆင့်တာက မသင့်တော်ပါဘူး။
မေးခွန်းတစ်ခုပေါ်လာပြီး အဲဒါနဲ့ပတ်သက်လို့ ညွှန်ကြားချက်မရှိဘူးဆိုရင် ကြေညာသူတိုင်းက ဒီလိုစဉ်းစားနိုင်ပါတယ်– ဒီအချိန်ကို ဓမ္မအမှုအတွက် အသုံးပြုခဲ့တာလား၊ ဒါမှမဟုတ် အမှုဆောင်နဲ့မသက်ဆိုင်တဲ့ အရာတစ်ခုခုအတွက် အသုံးပြုခဲ့တာလား။ လစဉ်လယ်ကွင်းမှတ်တမ်းမှာ ကျွန်ုပ်တို့ရေးသွင်းတဲ့အချိန်ကြောင့် ဩတ္တပ္ပစိတ်မကြည်တာမျိုးမဖြစ်သင့်ဘဲ ရွှင်လန်းမှုခံစားရသင့်တယ်။ (တ. ၂၃:၁) မှန်ပါတယ်၊ ကျွန်ုပ်တို့ရဲ့ဦးစားထားရာက အချိန်ရဖို့လုပ်တာမဟုတ်ဘဲ ဓမ္မအမှုမှာ ဇွဲထက်သန်စွာပါဝင်ခြင်းအားဖြင့် အချိန်ကိုအကျိုးရှိရှိ အသုံးပြုဖို့ဖြစ်တယ်။—ဟေဗြဲ ၆:၁၁။