အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင်လုပ်ဆောင်ခြင်း—စကားဆက်ပြတ်စေနိုင်သူတွေကို တုံ့ပြန်ခြင်း
ဘာကြောင့်အရေးကြီး– သဘာဝဘေးအန္တရာယ်တစ်ခု ကျရောက်တော့မယ်ဆိုတာကို သင်ကြိုသိနေတယ် ဆိုပါစို့။ လူတွေ လုံခြုံတဲ့နေရာကို မပြေးဘူးဆိုရင် သေကြတော့မယ်။ သင်က အိမ်နီးချင်းကို သတိပေးတယ်၊ ဒါပေမဲ့ သူက အလုပ်များနေတယ်လို့ပြောပြီး သင်ပြောတာကို ဂရုမစိုက်ဘူး။ သင် လွယ်လွယ်နဲ့ လက်လျှော့မှာမဟုတ်ပဲ သူ့ကို ထပ်သတိပေးမှာ သေချာပါတယ်။ ကျွန်ုပ်တို့ပြောတဲ့ သတင်းစကားက လူတွေရဲ့အသက်ကို ကယ်တင်နိုင်တယ်ဆိုတာ မသိကြတဲ့အတွက် ရပ်ကွက်မှာရှိတဲ့လူများစွာဟာ ကျွန်ုပ်တို့ကို ရှောင်ကြတယ်။ ကျွန်ုပ်တို့ သွားဟောတဲ့အချိန်မှာ သူတို့က တခြားကိစ္စတွေကို စိတ်ဝင်စားနေတာဖြစ်နိုင်တယ်။ (မ. ၂၄:၃၇-၃၉) ဒါမှမဟုတ် မဟုတ်မမှန်တဲ့စကားတွေကြောင့် ကျွန်ုပ်တို့အပေါ် စိတ်စွန်းကွက်နေတာဖြစ်နိုင်တယ်။ (မ. ၁၁:၁၈၊ ၁၉) ကျွန်ုပ်တို့ကိုလည်း မဟုတ်တာတွေလုပ်နေတဲ့ တခြားသာသာရေးအဖွဲ့တွေနဲ့ အတူတူပဲလို့ ယူဆနေနိုင်တယ်။ (၂ ပေ. ၂:၁၊ ၂) အစပိုင်းမှာ အိမ်ရှင်က စိတ်မဝင်စားဘူးဆိုရင် အလွယ်တကူ လက်မလျှော့သင့်ဘူး။
ဒီလအတွင်း ကြိုးစားကြည့်ပါ–
စကားဆက်ပြတ်စေနိုင်သူနဲ့တွေ့တဲ့အခါ အိမ်ရှင်ဆီကနေ ထွက်လာပြီးတဲ့နောက် ပိုကောင်းတဲ့နည်းနဲ့ တုံ့ပြန်နိုင်ပုံကို သင့်တွဲဖက်နဲ့ ဆွေးနွေးပါ။