ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၂၀ အမှတ် ၃ စာ. ၁၁
  • ဘုရားစကား နားထောင်သူတွေ ခံစားရမယ့် ကောင်းချီးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားစကား နားထောင်သူတွေ ခံစားရမယ့် ကောင်းချီးများ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ၁။ ဘုရားရဲ့ စကားကို နားထောင်တာက ကျွန်တော်တို့ကို ပညာရှိစေတယ်
  • ၂။ ဘုရားရဲ့ စကား နားထောင်ရင် ပျော်ရွှင်မယ်
  • ဘုရားမေတ္တာတော် ထာဝစဉ် တည်မြဲတယ်
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
  • “ဘုရားသခင်ကို ချစ်တယ်ဆိုတာ”
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
  • သင် “နာခံဖို့ အသင့်ရှိ” သလား
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • ကျွန်ုပ်တို့ကို ယေဟောဝါဘုရားသခင် အဘယ်အရာ တောင်းဆိုတော်မူသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၀
ကလ၂၀ အမှတ် ၃ စာ. ၁၁
မိသားစုတစ်စု ပျော်ပျော်ရွှင်ရွှင် အတူလုပ်ဆောင်နေကြစဉ်။ အမေက မီးဖိုချောင်မှာ သမီးနဲ့အတူ အစားအစာ ချက်နေစဉ်။ အဖေက နောက်သမီးတစ်ယောက်နဲ့အတူ ဧည့်ခန်းထဲမှာ ဓာတ်ပုံစာအုပ် ကြည့်နေကြစဉ်။

ဘုရားရဲ့ စကားကို လိုက်နာမယ်ဆိုရင် ပျော်ရွှင်မှု အစစ်အမှန် ခံစားရမယ်

ဘုရားစကား နားထောင်သူတွေ ခံစားရမယ့် ကောင်းချီးများ

ဘုရားရဲ့ ပညတ်တွေကို လိုက်နာမယ်ဆိုရင် ဘုရားကောင်းချီး ရမယ်လို့ ပရောဖက် မောရှေ ပြောခဲ့တယ်။ (တရားဟောရာ ၁၀:၁၃။ ၁၁:၂၇) အပြစ်ပေးခံရမှာ ကြောက်လို့ ဘုရားစကား နားထောင်တာ မဟုတ်ပါဘူး။ ဘုရားရဲ့ ကောင်းမြတ်တဲ့ အရည်အသွေးတွေကြောင့်၊ ဘုရားကို ချစ်တဲ့အတွက်ကြောင့်၊ ဘုရား စိတ်ထိခိုက်မှာ စိုးတဲ့အတွက်ကြောင့် ဘုရားရဲ့ စကားကို ကျွန်တော်တို့ နားထောင်တာပါ။ “ဘုရားသခင်ကို ချစ်တယ်ဆိုတာ ပညတ်ချက်တွေ လိုက်နာတာကို ဆိုလိုတယ်။”—၁ ယောဟန် ၅:၃။

ဘုရားရဲ့ စကားကို နားထောင်တာက ဘာကြောင့် ကောင်းချီး ရစေသလဲ။ အကြောင်းရင်း ၂ ခုကို စဉ်းစားကြည့်ကြစို့။

၁။ ဘုရားရဲ့ စကားကို နားထောင်တာက ကျွန်တော်တို့ကို ပညာရှိစေတယ်

“ငါယေဟောဝါဟာ မင်းတို့ရဲ့ ဘုရားသခင်ပဲ။ မင်းတို့ကောင်းကျိုးအတွက် သွန်သင်ပေးတဲ့အရှင်၊ မင်းတို့ လျှောက်သင့်တဲ့ လမ်းအတိုင်း လမ်းညွှန်ပေးတဲ့ အရှင်ပဲ။”—ဟေရှာယ ၄၈:၁၇။

ဖန်ဆင်းရှင် ဖြစ်တဲ့ ယေဟောဝါ ဘုရားသခင်က ကျွန်တော်တို့ကို သိတယ်။ ကျွန်တော်တို့ လိုအပ်တဲ့ လမ်းညွှန်ချက်တွေ ပေးတယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ ယေဟောဝါရဲ့ လမ်းညွှန်မှု လိုချင်တယ်ဆိုရင် ကျမ်းစာကို လေ့လာရမယ်။ ကျွန်တော်တို့ကို ဘုရား လုပ်စေချင်တာတွေကို သိလာတဲ့အခါ အဲဒီအတိုင်း လိုက်လုပ်ရမယ်။

၂။ ဘုရားရဲ့ စကား နားထောင်ရင် ပျော်ရွှင်မယ်

“ဘုရားသခင်ရဲ့ တရားစကားကို ကြားနာပြီး လိုက်လျှောက်တဲ့သူဟာ ပိုပြီး ပျော်ရွှင်ချမ်းမြေ့တယ်။”—လုကာ ၁၁:၂၈။

အခုချိန်မှာ ဘုရားရဲ့ စကားကို နားထောင်သူတွေဟာ ပျော်ရွှင်မှု အစစ်အမှန် ခံစားနေကြရတယ်။ ဥပမာ၊ ဒေါသကြီးပြီး ဇနီးသည်ကိုရော၊ တခြားသူတွေကိုပါ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတတ်တဲ့ စပိန်က အမျိုးသားတစ်ယောက်အကြောင်း လေ့လာကြည့်ပါ။ တစ်နေ့မှာ သူက ယာကုပ်ရဲ့သား ယောသပ် နူးညံ့သိမ်မွေ့တဲ့အကြောင်း ပရောဖက် မောရှေ ရေးထားတာကို ကျမ်းစာမှာ ဖတ်လိုက်ရတယ်။ ယောသပ်ဟာ ကျွန်အဖြစ် ရောင်းစားခံရတယ်။ မတရား ထောင်ချခံရတယ်။ ဒါပေမဲ့ ယောသပ်ဟာ နူးညံ့သိမ်မွေ့ပြီး အေးအေးဆေးဆေး ရှိတယ်။ ခွင့်လွှတ်ခဲ့တယ်။ (ကမ္ဘာဦး အခန်းကြီး ၃၇-၄၅) “ယောသပ်ရဲ့ စံနမူနာက ကျွန်တော့်ကို နူးညံ့သိမ်မွေ့လာအောင်၊ ကြင်နာတတ်အောင်၊ ချုပ်တည်းတတ်အောင် ကူညီပေးခဲ့တယ်။ ဒါကြောင့် အခု ကျွန်တော် ပျော်ရွှင်နေပြီ” လို့ ဝန်ခံခဲ့တယ်။

တခြားသူတွေကို ဘယ်လို ဆက်ဆံရမယ်ဆိုတဲ့ လမ်းညွှန်ချက်တွေ သမ္မာကျမ်းစာမှာ ရှိသေးတယ်။ အဲဒီအကြောင်း အသေးစိတ်ကို နောက်ဆောင်းပါးမှာ ဆွေးနွေးထားတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ