ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၂၀ အမှတ် ၃ စာ. ၁၀
  • ဘုရားသခင့်ကောင်းချီး ရဖို့ ဆက်ဆုတောင်းနေပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့်ကောင်းချီး ရဖို့ ဆက်ဆုတောင်းနေပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • နှိမ့်ချမှုရှိရှိ ရင်ဖွင့် ဆုတောင်းပါ
  • ဘုရားရဲ့ နာမည်ကို သုံးပြီး ဆုတောင်းပါ
  • ကိုယ့်ဘာသာစကားနဲ့ ဆုတောင်းနိုင်
  • ဆုတောင်းခြင်းဖြင့် ဘုရားသခင်နဲ့ ရင်းနှီးအောင်လုပ်ပါ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဆုတောင်းခြင်း အခွင့်ထူး
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ဆုတောင်းခြင်းအားဖြင့် ယေဟောဝါနဲ့ ရင်းနှီးအောင် ကြိုးစားပါ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ဆုတောင်းခြင်းမှတစ်ဆင့် မစမှု မည်သို့ရနိုင်ပုံ
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၀
ကလ၂၀ အမှတ် ၃ စာ. ၁၀
အရှေ့အလယ်ပိုင်း အမျိုးသားတစ်ယောက် ဆုတောင်းနေစဉ်။

“ဆုတောင်းသံကို နားထောင်တဲ့အရှင်” ဘုရားသခင်ဟာ ကျွန်တော်တို့ ဆုတောင်းတာကို နားထောင်ချင်တယ်။—ဆာလံ ၆၅:၂

ဘုရားသခင့်ကောင်းချီး ရဖို့ ဆက်ဆုတောင်းနေပါ

ဘုရားက လူတွေကို ထူးခြားတဲ့ လက်ဆောင်တစ်ခု ပေးထားတယ်။ အဲဒါကတော့ ဆုတောင်းခြင်းကတစ်ဆင့် ဘုရားနဲ့ ဆက်သွယ်နိုင်ပြီး ခံစားချက်တွေကို ပြောပြနိုင်ခြင်းပါပဲ။ “ဆုတောင်းသံကို နားထောင်တဲ့အရှင်၊ ကိုယ်တော့်ဆီကို လူအမျိုးမျိုး လာကြပါလိမ့်မယ်” လို့ ပရောဖက် ဒါဝိဒ် ဆုတောင်းခဲ့တယ်။ (ဆာလံ ၆၅:၂) ဆုတောင်းချက်တွေကို ဘုရား နားထောင်ပြီး အဖြေပေးဖို့ ကျွန်တော်တို့ ဘယ်လို ဆုတောင်းရမလဲ။

နှိမ့်ချမှုရှိရှိ ရင်ဖွင့် ဆုတောင်းပါ

ဆုတောင်းတဲ့အခါ ကိုယ့်ရဲ့ ခံစားချက်အကြောင်း “ဘုရားကို ရင်ဖွင့်” ပြောပြလို့ရတယ်။ (ဆာလံ ၆၂:၈) စိတ်နှလုံးထဲကနေ လှိုက်လှိုက်လှဲလှဲ တောင်းတဲ့ ဆုတောင်းချက်တွေကို အနန္တတန်ခိုးရှင် ဘုရားသခင် နှစ်သက်တယ်။

ဘုရားရဲ့ နာမည်ကို သုံးပြီး ဆုတောင်းပါ

အနန္တတန်ခိုးရှင်မှာ ဂုဏ်ပုဒ်တွေ အများကြီး ရှိပေမဲ့ နာမည်ကတော့ တစ်ခုပဲ ရှိတယ်။ “ငါဟာ ယေဟောဝါပဲ။ ဒါဟာ ငါ့နာမည်ပဲ။” (ဟေရှာယ ၄၂:၈) သမ္မာကျမ်းစာထဲမှာ ယေဟောဝါဆိုတဲ့ နာမည် အကြိမ်ပေါင်း ၇,၀၀၀ ကျော် ပါတယ်။ ပရောဖက်တွေဟာ ဘုရားရဲ့ နာမည်ကို သုံးပြီး ဆုတောင်းခဲ့ကြတယ်။ အာဗြဟံက “ယေဟောဝါ၊ . . . ကျွန်တော် ပြောပါရစေ” လို့ ပြောခဲ့တယ်။ (ကမ္ဘာဦး ၁၈:၃၀) ကျွန်တော်တို့လည်း ဆုတောင်းတဲ့အခါ ဘုရားရဲ့ နာမည်ကို သုံးပြီး ဆုတောင်းသင့်တယ်။

ကိုယ့်ဘာသာစကားနဲ့ ဆုတောင်းနိုင်

ဘယ်ဘာသာစကားနဲ့ပဲ ပြောပါစေ ကျွန်တော်တို့ရဲ့ အတွေးနဲ့ ခံစားချက်တွေကို ဘုရားသခင် နားလည်တယ်။ “ဘုရားသခင် မျက်နှာမလိုက်” ဘူး။ “ဘယ်လူမျိုးဖြစ်ဖြစ် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မှန်ရာလုပ်မယ်ဆိုရင် ဘုရားရဲ့ နှစ်သက်လက်ခံမှုကို ရတာပဲ” လို့ သမ္မာကျမ်းစာမှာ ပြောထားတယ်။—တမန်တော် ၁၀:၃၄၊ ၃၅။

ဒါပေမဲ့ ဘုရားရဲ့ ကောင်းချီး ရဖို့ ဆုတောင်းတာထက်မက လုပ်ဖို့ လိုတယ်။ ဘာလုပ်ရမလဲဆိုတာ နောက်ဆောင်းပါးမှာ ဖော်ပြထားတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ