ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၂၂
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ။

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ။
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာဖြေဆိုရာ
  • ဘုရားသခင့်နိုင်ငံတော်နဲ့ ပတ်သက်တဲ့ အမှန်တရား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၀
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • လက်တစ်ကမ်းမှ မြေကြီးပရဒိသု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ဘုရားသခင့်နိုင်ငံတော်
    နိုးလော့!—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၂၂
ဘုရားသခင့်နိုင်ငံတော်ဘုရင်အဖြစ် ယေရှုခရစ်နန်းထိုင်

ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ။

သမ္မာကျမ်းစာဖြေဆိုရာ

ဘုရားသခင့်နိုင်ငံတော်ဆိုတာ ယေဟောဝါဘုရားသခင်တည်ထောင်တဲ့ တကယ့်အစိုးရတစ်ခုဖြစ်တယ်။ “ဘုရားသခင့်နိုင်ငံတော်” ကို “ကောင်းကင်နိုင်ငံတော်” လို့လည်းခေါ်တယ်။ အကြောင်းက ကောင်းကင်ကနေ အုပ်ချုပ်လို့ဖြစ်တယ်။ (မာကု ၁:၁၄၊ ၁၅၊ မဿဲ ၄:၁၇) ဘုရားသခင့်နိုင်ငံတော်က လူ့အစိုးရတွေနဲ့ ကဏ္ဍတော်တော်များများမှာ ဆင်တူတယ်။ ဒါပေမဲ့ လူ့အစိုးရတွေထက် အဖက်ဖက်က သာတယ်။

  • အုပ်ချုပ်သူ။ ဘုရားသခင်က နိုင်ငံတော်ရဲ့ ဘုရင်အဖြစ် ယေရှုခရစ်ကို ခန့်ထားပြီး ဘယ်လူ့အုပ်စိုးရှင်ထက်မဆို သာလွန်တဲ့ အခွင့်အာဏာပေးထားတယ်။ (မဿဲ ၂၈:၁၈) ယေရှုဟာ ရရှိထားတဲ့တန်ခိုးကို ကောင်းတဲ့ဘက်ကနေပဲ အသုံးပြုတယ်။ ကိုယ်တော်ဟာ ယုံကြည်စိတ်ချထိုက်တဲ့၊ သနားကြင်နာတတ်တဲ့ခေါင်းဆောင်ဖြစ်တယ်ဆိုတာကို သက်သေပြခဲ့ပြီးပြီ။ (မဿဲ ၄:၂၃၊ မာကု ၁:၄၀၊ ၄၁၊ ၆:၃၁-၃၄၊ လုကာ ၇:၁၁-၁၇) ဘုရားသခင်ရဲ့ လမ်းညွှန်မှုနဲ့ ယေရှုဟာ ကောင်းကင်ကနေ မိမိနဲ့အတူတွဲပြီး “ဘုရင်များအဖြစ် မြေကြီးကို အုပ်စိုး” ဖို့ လူမျိုးအသီးသီးကလူတွေကို ရွေးချယ်ခဲ့တယ်။—ဗျာဒိတ် ၅:၉၊ ၁၀။

  • အုပ်ချုပ်မယ့်သက်တမ်း။ ပေါ်လာလိုက်ပျောက်သွားလိုက်ဖြစ်နေတဲ့ လူ့အစိုးရတွေနဲ့မတူဘဲ ဘုရားသခင့်နိုင်ငံတော်က “ပျက်စီးချင်းသို့မရောက်နိုင်။”—ဒံယေလ ၂:၄၅။

  • လက်အောက်ခံများ။ ဘာလူမျိုးပဲဖြစ်ဖြစ်၊ ဘယ်မှာပဲမွေးမွေး ဘုရားသခင်တောင်းဆိုထားတာတွေကို လုပ်မယ်ဆိုရင် ဘုရားသခင့်နိုင်ငံတော်ရဲ့ လက်အောက်ခံ ဖြစ်နိုင်ပါတယ်။—တမန်တော် ၁၀:၃၄၊ ၃၅။

  • ဥပဒေ။ ဘုရားသခင့်နိုင်ငံတော်ရဲ့ ဥပဒေတွေ (ဒါမှမဟုတ် ပညတ်တွေ) က အမူအကျင့်အမှားတွေကို တားမြစ်ရုံလောက်ပဲမဟုတ်ဘူး။ လက်အောက်ခံတွေရဲ့ ကိုယ်ကျင့်တရားစံနှုန်းကို တိုးတက်စေတယ်။ ဥပမာ၊ ကျမ်းစာက ဒီလိုဆိုတယ်– “‘သင်၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှဖြင့် တစ်သက်တာလုံး ချစ်လော့။’ ဤပညတ်သည် အကြီးမြတ်ဆုံးနှင့် ပထမဆုံးပညတ်ဖြစ်၏။ ဤပညတ်နှင့်ဆင်တူသည့် ဒုတိယပညတ်ကား ‘လူသားချင်းကို ကိုယ်နှင့်အမျှ ချစ်လော့။’” (မဿဲ ၂၂:၃၇-၃၉) ဘုရားသခင်ကို ချစ်ခြင်း၊ လူသားချင်းကို ချစ်ခြင်းက တခြားသူတွေအတွက် အကောင်းဆုံးအကျိုးဖြစ်စေတဲ့နည်းနဲ့ လုပ်ကိုင်ဆောင်ရွက်ဖို့ လက်အောက်ခံတွေကို လှုံ့ဆော်ပေးတယ်။

  • ပညာရေး။ ဘုရားသခင့်နိုင်ငံတော်က လက်အောက်ခံတွေအတွက် မြင့်မားတဲ့စံနှုန်း သတ်မှတ်ထားပြီး အဲဒီစံနှုန်းကိုပြည့်မီနိုင်အောင် လူတွေကို သင်ကြားပေးတယ်။—ဟေရှာယ ၄၈:၁၇၊ ၁၈။

  • တာဝန်။ လက်အောက်ခံတွေကို ထိခိုက်နစ်နာစေပြီး အုပ်ချုပ်သူတွေကို ကြီးပွားစေတာမျိုး ဘုရားသခင့်နိုင်ငံတော်က ဖြစ်စေမှာမဟုတ်ဘူး။ ဘုရားသခင်ကိုချစ်တဲ့သူတွေက ကမ္ဘာ့ပရဒိသုမှာ ထာဝစဉ်နေရမယ်ဆိုတဲ့ ကတိတော်အပါအဝင် ဘုရားသခင့်အလိုတော်ကို ပြည့်စုံစေမှာဖြစ်တယ်။—ဟေရှာယ ၃၅:၁၊ ၅၊ ၆၊ မဿဲ ၆:၁၀၊ ဗျာဒိတ် ၂၁:၁-၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ