၁၁ ဒါနဲ့ မြို့တံခါးမှာရှိတဲ့လူတွေ၊ အကြီးအကဲတွေက “ကောင်းပြီ။ ကျွန်တော်တို့ဟာ သက်သေတွေပါ။ ခင်ဗျားရဲ့ဇနီးလောင်းကို ယေဟောဝါဘုရား ကောင်းချီးပေးပါစေ။ သူဟာ အစ္စရေးအမျိုးကို တည်ထောင်ခဲ့တဲ့ ရာခေလနဲ့ လေအာတို့လို ဖြစ်လာပါစေ။+ ခင်ဗျားလည်း ဧဖရတ်မြို့မှာ+ ကြီးပွားတိုးတက်ပြီး ဘက်သလီဟင်မြို့မှာ+ နာမည်ကောင်းရပါစေ။