-
ထွက်မြောက်ရာ ၃၈:၉-၁၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၉ အဲဒီနောက် တဲတော်ပတ်လည်ကို ဝင်းခတ်တယ်။+ တဲတော်တောင်ဘက်ခြမ်းအတွက် အတောင် ၁၀၀ ရှည်တဲ့ အကာကို ချည်ချောနဲ့ ရက်လုပ်တယ်။+ ၁၀ အကာအတွက် တိုင် ၂၀၊ အောက်ခံခုံ ၂၀ ကို ကြေးနီနဲ့ လုပ်တယ်။ တိုင်ရဲ့ချိတ်တွေ၊ တွယ်ချိတ်စရာတွေကို ငွေနဲ့လုပ်တယ်။ ၁၁ မြောက်ဘက်ခြမ်းအတွက် အကာက အတောင် ၁၀၀ ရှည်တယ်။ အကာအတွက် တိုင် ၂၀၊ အောက်ခံခုံ ၂၀ ကို ကြေးနီနဲ့လုပ်တယ်။ တိုင်ရဲ့ချိတ်တွေ၊ တွယ်ချိတ်စရာတွေကို ငွေနဲ့လုပ်တယ်။
-