-
ထွက်မြောက်ရာ ၃၅:၄-၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄ မောရှေက အစ္စရေးတွေကို ပြောတယ်– “ယေဟောဝါဘုရား မိန့်မှာတာကတော့၊ ၅ ‘ယေဟောဝါအတွက် အလှူပစ္စည်းကို ဖယ်ထားကြ။+ စေတနာထက်သန်သူတိုင်း+ ယေဟောဝါအတွက် ရွှေ၊ ငွေ၊ ကြေးနီ၊ ၆ အပြာရောင်ချည်၊ ခရမ်းရောင်သိုးမွေး၊ ကြက်သွေးရောင်ချည်၊ ချည်ချော၊ ဆိတ်မွေး၊+ ၇ အနီရောင်ဆိုးထားတဲ့ သိုးထီးသားရေ၊ ဖျံသားရေ၊ ရှားသား၊ ၈ မီးခွက်ထွန်းဖို့ဆီ၊ ဘိသိက်ဆီနဲ့နံ့သာပေါင်း ဖော်စပ်ဖို့ ဗာလစံဆီ၊+ ၉ မဟူရာကြောင်ဝင်ကျောက်၊ သင်တိုင်းနဲ့ရင်ဖုံးမှာ+ စီခြယ်ဖို့ တခြားကျောက်မျက်တွေစတဲ့+ အလှူပစ္စည်းတွေကို ယူလာကြပါ။
-
-
၁ ရာဇဝင်ချုပ် ၂၉:၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၉ စေတနာအလျောက် အဲဒီလိုလှူဒါန်းရတာကို လူတွေ ဝမ်းသာပီတိ ဖြစ်ကြတယ်။ ယေဟောဝါအတွက် စိတ်နှလုံးအကြွင်းမဲ့ စေတနာရှိရှိ ပေးလှူကြလို့ပဲ။+ ဒါဝိဒ်မင်းလည်း သိပ်ကို ဝမ်းသာကြည်နူးသွားတယ်။
-