-
ထွက်မြောက်ရာ ၂၅:၂-၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂ “ငါ့အတွက် အလှူပစ္စည်းတွေကို လှူဒါန်းဖို့ အစ္စရေးတွေကို ပြောပါ။ စေတနာစိတ်နဲ့ လှူဒါန်းတဲ့သူအားလုံးဆီကနေ အလှူပစ္စည်းတွေကို မင်းတို့လက်ခံရမယ်။+ ၃ မင်းတို့လက်ခံရမယ့် အလှူပစ္စည်းတွေကတော့ ရွှေ၊+ ငွေ၊+ ကြေးနီ၊+ ၄ အပြာရောင်ချည်၊ ခရမ်းရောင်သိုးမွေး၊ ကြက်သွေးရောင်ချည်၊ ချည်ချော၊ ဆိတ်မွေး၊ ၅ အနီရောင်ဆိုးထားတဲ့ သိုးထီးသားရေ၊ ဖျံသားရေ၊ ရှားသား၊+ ၆ မီးခွက်ထွန်းဖို့ဆီ၊+ ဘိသိက်ဆီနဲ့+ နံ့သာပေါင်း+ ဖော်စပ်ဖို့ ဗာလစံဆီ၊* ၇ သင်တိုင်းမှာ၊*+ ရင်ဖုံးမှာ*+ စီခြယ်ဖို့ မဟူရာကြောင်ဝင်ကျောက်တွေနဲ့ တခြားကျောက်မျက်တွေပဲ။
-
-
ထွက်မြောက်ရာ ၃၅:၂၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၉ စေတနာထက်သန်သူတွေက မောရှေကနေတစ်ဆင့် ယေဟောဝါမိန့်မှာတဲ့ အလုပ်တွေမှာသုံးဖို့ ပစ္စည်းတွေ ပေးလှူကြတယ်။ အစ္စရေးတွေက ယေဟောဝါဆီ ရက်ရက်ရောရော ပေးလှူကြတယ်။+
-