-
ထွက်မြောက်ရာ ၈:၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅ ပြီးတော့ ယေဟောဝါက မောရှေကို “‘မြစ်တွေ၊ နိုင်းမြစ်တူးမြောင်းတွေ၊ စိမ့်တောတွေပေါ် တောင်ဝှေးကို ဆန့်လိုက်။ အီဂျစ်တစ်ပြည်လုံးပေါ် ဖားတွေတက်လာလိမ့်မယ်’ လို့ အာရုန်ကို ပြောလိုက်ပါ” ဆိုပြီးပြောခိုင်းတယ်။
-
-
ထွက်မြောက်ရာ ၁၇:၅၊ ၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅ ယေဟောဝါက မောရှေကို “အစ္စရေးအကြီးအကဲတချို့ကို ခေါ်ပြီး လူတွေရှေ့ကနေ သွားပါ။ နိုင်းမြစ်ကို ရိုက်ခဲ့တဲ့ တောင်ဝှေးကိုလည်း ကိုင်သွားပါ။+ ၆ ဟောရပ်အရပ်က ကျောက်ဆောင်ပေါ်မှာ ငါရပ်နေမယ်။ ကျောက်ဆောင်ကို ရိုက်လိုက်။ ရေထွက်လာပြီး လူတွေသောက်ကြလိမ့်မယ်” လို့ပြောတယ်။+ မောရှေလည်း မှာထားတဲ့အတိုင်း အစ္စရေးအကြီးအကဲတွေရှေ့မှာ လုပ်တယ်။
-
-
တောလည်ရာ ၂၀:၁၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၁ တောင်ဝှေးကိုမြှောက်၊ ကျောက်ဆောင်ကို နှစ်ချက်ရိုက်လိုက်တော့ ရေတွေ ဒလဟော ထွက်လာတယ်။ လူတွေရော တိရစ္ဆာန်တွေပါ သောက်ကြတယ်။+
-