ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ထွက်မြောက်ရာ ၁၅:၁၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၁၁ အို ယေဟောဝါ၊ ကိုယ်တော့်လို ဘုရားမျိုး ဘယ်မှာရှိသလဲ။+

      ကိုယ်တော့်လို သန့်ရှင်းမြင့်မြတ်တဲ့ဘုရားမျိုး ဘယ်မှာရှိသလဲ။+

      ကြောက်ရွံ့ရိုသေထိုက်ပြီး ချီးမွမ်းထိုက်တဲ့အရှင်၊ အံ့ဖွယ်အမှုတွေလုပ်တဲ့အရှင်ပါပဲ။+

  • ၂ ရှမွေလ ၇:၂၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၂ ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ကိုယ်တော်ဟာ တကယ်ပဲ ကြီးမြတ်တဲ့အရှင်ပါ။+ ကိုယ်တော်နဲ့တူတဲ့ ဘုရားသခင် မရှိဘူး၊+ ကိုယ်တော်ကလွဲလို့ တခြားဘုရား မရှိဘူးဆိုတာကို+ ကြားသိသမျှအရာတွေက ထောက်ခံနေပါတယ်။

  • ၁ ဘုရင်များ ၈:၂၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၃ “အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါ၊ အထက်မိုးကောင်းကင်မှာရော အောက်အရပ် မြေကြီးပေါ်မှာပါ ကိုယ်တော့်လို ဘုရားသခင်မျိုး မရှိပါဘူး။+ ကိုယ်တော်ဟာ ပဋိညာဉ်ကို တည်စေတဲ့အရှင်၊ လမ်းစဉ်တော်အတိုင်း စိတ်စွမ်းရှိသမျှ လျှောက်လှမ်းတဲ့ ကျေးကျွန်တွေကို+ ခိုင်မြဲတဲ့မေတ္တာပြတဲ့အရှင်+ ဖြစ်ပါတယ်။

  • ဆာလံ ၈၆:၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၈ အို ယေဟောဝါ၊ ကိုယ်တော်နဲ့ တူတဲ့ ဘုရားမျိုး မရှိပါဘူး။+

      ကိုယ်တော်ရဲ့ လုပ်ဆောင်မှုနဲ့ နှိုင်းယှဉ်နိုင်လောက်တဲ့ လုပ်ဆောင်မှုမျိုး မရှိပါဘူး။+

  • ယေရမိ ၁၀:၆၊ ၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၆ ယေဟောဝါဘုရား၊ ကိုယ်တော့်လို ဘုရားမျိုး မရှိပါဘူး။+

      ကိုယ်တော်ဟာ ကြီးမြတ်ပြီး တန်ခိုးကြီးလှတယ်။ နာမတော်ကလည်း ကြီးမြတ်လှပါတယ်။

       ၇ လူမျိုးတို့ရဲ့ဘုရင်၊+ ကိုယ်တော့်ကို ဘယ်သူ မကြောက်ရွံ့ဘဲ နေမှာလဲ။

      ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေထိုက်ပါတယ်။

      လူမျိုးခြားတို့ရဲ့ ပညာရှိတွေထဲမှာ၊ တိုင်းနိုင်ငံတွေထဲမှာ ကိုယ်တော်နဲ့တူတဲ့သူ မရှိပါဘူး။+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ