-
တရားဟောရာ ၂၈:၁၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၅ “ဒါပေမဲ့ ယေဟောဝါဘုရားရဲ့ စကားကို နားမထောင်ဘူး၊ အခု ကျွန်တော် မှာကြားနေတဲ့ ဘုရားရဲ့ ပညတ်ချက်တွေ၊ ဥပဒေတွေကို ဂရုတစိုက် မလိုက်နာဘူးဆိုရင် ခင်ဗျားတို့အပေါ် စုပြုံရောက်လာမယ့် ကျိန်စာတွေကတော့–+
-
-
၂ ရာဇဝင်ချုပ် ၆:၃၆-၃၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၆ “(အပြစ်မလုပ်တဲ့သူ တစ်ယောက်မှ မရှိတဲ့အတွက်) အစ္စရေးတွေ အပြစ်ကျူးလွန်တဲ့အခါ+ အမျက်ထွက်ပြီး ရန်သူ့လက်ထဲ အပ်လိုက်လို့ ရပ်နီးရပ်ဝေးတိုင်းပြည်ဆီ သုံ့ပန်းအဖြစ် ဖမ်းခေါ်ခံရပြီးနောက်၊+ ၃၇ အဲဒီတိုင်းပြည်မှာ အသိတရားရလာပြီး ကိုယ်တော့်ဆီ ပြန်လှည့်လာမယ်ဆိုရင်၊ ‘ကျွန်တော်တို့ ပြစ်မှားပါပြီ။ အမှားလုပ်မိပါပြီ။ မိုက်မိုက်မဲမဲ လုပ်မိပါပြီ’ လို့ဝန်ခံပြီး ရန်သူ့တိုင်းပြည်ကနေ မျက်နှာသာရဖို့ တောင်းပန်မယ်ဆိုရင်၊+ ၃၈ ရန်သူ့တိုင်းပြည်မှာ သုံ့ပန်းဘဝရောက်နေတုန်း ကိုယ်တော့်ဆီ စိတ်စွမ်းရှိသမျှ၊+ ကိုယ်စွမ်းရှိသမျှ ပြန်လှည့်လာမယ်ဆိုရင်၊+ ဘိုးဘေးတွေကိုပေးတဲ့ ပြည်ဘက်၊ ကိုယ်တော်ရွေးချယ်တဲ့ မြို့ဘက်၊ နာမတော်အတွက် ကျွန်တော်ဆောက်တဲ့ အိမ်တော်ဘက် မျက်နှာမူပြီး ဆုတောင်းမယ်ဆိုရင်၊+ ၃၉ သူတို့ဆုတောင်းတာ၊ မျက်နှာသာရဖို့ အသနားခံတာကို စံမြန်းရာ ကောင်းကင်ကနေ နားထောင်ပြီး သူတို့အတွက် တရားသဖြင့် လုပ်ဆောင်ပေးပါ။+ ကိုယ်တော့်ကို ပြစ်မှားတဲ့ ဒီလူမျိုးကို ခွင့်လွှတ်ပေးပါ။
-