-
ဝတ်ပြုရာ ၂၆:၃၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၄ “‘ရန်သူရဲ့ပြည်မှာ မင်းတို့ရောက်နေတုန်း မင်းတို့တိုင်းပြည်က လူသူကင်းမဲ့ချိန်တစ်လျှောက်လုံး အနားယူရလိမ့်မယ်။ အရင်က ဥပုသ်နှစ်တွေမှာ အနားမရခဲ့တဲ့အတွက် အဲဒီအချိန်မှာ အနားရလိမ့်မယ်။+
-
-
၁ ဘုရင်များ ၈:၄၆-၅၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄၆ “(အပြစ်မလုပ်တဲ့သူ တစ်ယောက်မှ မရှိတဲ့အတွက်)+ အစ္စရေးတွေ အပြစ်ကျူးလွန်တဲ့အခါ အမျက်ထွက်ပြီး ရန်သူ့လက်ထဲအပ်လိုက်လို့ ရပ်နီးရပ်ဝေး တိုင်းပြည်ဆီ သုံ့ပန်းအဖြစ် ဖမ်းခေါ်ခံရပြီးနောက်၊+ ၄၇ အဲဒီတိုင်းပြည်မှာ အသိတရားရလာပြီး+ ကိုယ်တော့်ဆီ ပြန်လှည့်လာမယ်ဆိုရင်၊+ ‘ကျွန်တော်တို့ ပြစ်မှားပါပြီ။ အမှားလုပ်မိပါပြီ။ မိုက်မိုက်မဲမဲ လုပ်မိပါပြီ’+ လို့ဝန်ခံပြီး ရန်သူ့တိုင်းပြည်ကနေ+ မျက်နှာသာရဖို့ တောင်းပန်မယ်ဆိုရင်၊ ၄၈ ရန်သူ့တိုင်းပြည်မှာ သုံ့ပန်းဘဝရောက်နေတုန်း ကိုယ်တော့်ဆီ စိတ်စွမ်းရှိသမျှ၊+ ကိုယ်စွမ်းရှိသမျှ ပြန်လှည့်လာမယ်ဆိုရင်၊ ဘိုးဘေးတွေကိုပေးတဲ့ ပြည်ဘက်၊ ကိုယ်တော်ရွေးချယ်တဲ့မြို့ဘက်၊ နာမတော်အတွက် ကျွန်တော်ဆောက်တဲ့ အိမ်တော်ဘက် မျက်နှာမူပြီး ဆုတောင်းမယ်ဆိုရင်၊+ ၄၉ သူတို့ဆုတောင်းတာ၊ မျက်နှာသာရဖို့ အသနားခံတာကို စံမြန်းရာ ကောင်းကင်ကနေ+ နားထောင်ပြီး သူတို့အတွက် တရားသဖြင့် လုပ်ဆောင်ပေးပါ။ ၅၀ ကိုယ်တော့်ကိုပြစ်မှားတဲ့ ဒီလူမျိုးကို ခွင့်လွှတ်ပေးပါ။ သူတို့ကျူးလွန်တဲ့ အပြစ်မှန်သမျှကို ခွင့်လွှတ်ပေးပါ။ ရန်သူတွေ သနားသွားအောင် လုပ်ပေးပါ။ ဒါဆိုရင် သူတို့ကို ရန်သူတွေ သနားပါလိမ့်မယ်။+
-
-
ဒံယေလ ၉:၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၇ ယေဟောဝါဘုရား၊ ကိုယ်တော်ဟာ ဖြောင့်မတ်ပါတယ်။ ကိုယ်တော့်ကို သစ္စာမဲ့ခဲ့တဲ့အတွက် ရပ်နီးရပ်ဝေးကပြည်တွေဆီ ကွဲလွင့်သွားတဲ့ ကျွန်တော်တို့ ယုဒလူတွေ၊ ဂျေရုဆလင်မြို့သူမြို့သားတွေ၊ အစ္စရေးတွေကတော့ အခုလို အရှက်တကွဲ ဖြစ်နေရပါတယ်။+
-