- 
	                        
            
            ၁ ရှမွေလ ၁၉:၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၄ ယောနသန်က ခမည်းတော်ရှောလုကို ဒါဝိဒ်ရဲ့ ကောင်းကြောင်းတွေ ပြောပြီး+ “အရှင်မင်းကြီး၊ မင်းကြီးရဲ့အမှုထမ်းဒါဝိဒ်ကို မပြစ်မှားပါနဲ့။ သူက မင်းကြီးကို မပြစ်မှားတဲ့အပြင် မင်းကြီးရဲ့ကောင်းကျိုးအတွက် အများကြီး လုပ်ဆောင်ခဲ့ပါတယ်။ 
 
- 
                                        
- 
	                        
            
            ၁ ရှမွေလ ၂၅:၂၃၊ ၂၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၂၃ အဘိဂဲလက ဒါဝိဒ်ကိုမြင်တာနဲ့ မြည်းပေါ်က အမြန်ဆင်းပြီး ဦးညွှတ်ပျပ်ဝပ်လိုက်တယ်။ ၂၄ ဒါဝိဒ်ရဲ့ခြေရင်းမှာ ပျပ်ဝပ်ပြီး “သခင်၊ ကျွန်မကိုပဲ အပြစ်ပုံချလိုက်ပါ။ ကျွန်မ လျှောက်တင်ပါရစေ။ နားထောင်ပေးပါ။ 
 
- 
                                        
- 
	                        
            
            ဧသတာ ၄:၁၃၊ ၁၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၁၃ “ငါက နန်းတွင်းမှာနေတာဆိုတော့ ဂျူးတွေမလွတ်လည်း ငါတစ်ယောက်တော့ လွတ်မြောက်မှာပါလို့ မထင်နဲ့။ ၁၄ ဒီအချိန်မှာ မင်း နှုတ်ဆိတ်နေမယ်ဆိုရင် ဂျူးတွေအတွက် အကူအညီနဲ့ ကယ်တင်ခြင်းဟာ တစ်နည်းနည်းနဲ့ ပေါ်လာမှာပဲ။+ မင်းနဲ့ မင်းအဖေရဲ့ အမျိုးကတော့ ပျက်စီးရလိမ့်မယ်။ မင်း မိဖုရားဖြစ်လာတာဟာ အခုလို အန္တရာယ် ကြုံရချိန်အတွက်များလားဆိုတာ ဘယ်သူပြောနိုင်မှာလဲ”+ ဆိုပြီး အကြောင်းပြန်လိုက်တယ်။ 
 
-