ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၂ ရာဇဝင်ချုပ် ၃၆:၂၂၊ ၂၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၂ ပါးရှားဘုရင်ဆိုင်းရပ်+ နန်းစံပထမနှစ်မှာ သူ့စိတ်ကို ယေဟောဝါ လှုံ့ဆော်တယ်။ ယေရမိကတစ်ဆင့် ယေဟောဝါ ပြောခဲ့တဲ့စကား+ ပြည့်စုံစေဖို့ပဲ။ ဘုရင်က နိုင်ငံတစ်ဝန်းလုံးမှာ အမိန့်တော်စာ ထုတ်ပြန်ပြီး အခုလို ကြေညာစေတယ်။+ ၂၃ “ပါးရှားဘုရင် ဆိုင်းရပ်ရဲ့ အမိန့်တော်– ‘ကောင်းကင်အုပ်စိုးရှင် ယေဟောဝါဘုရားက ငါ့ကို ကမ္ဘာ့တိုင်းနိုင်ငံအားလုံး ပေးအပ်ပြီ။+ ယုဒပြည်၊ ဂျေရုဆလင်မြို့မှာ အိမ်တော် တည်ဆောက်ပါလို့လည်း တာဝန်ပေးလိုက်ပြီ။+ လူမျိုးတော်ထဲမှာပါတဲ့ မင်းတို့အားလုံးနဲ့အတူ ယေဟောဝါဘုရား ရှိပါစေ။ ဂျေရုဆလင်မြို့ကို ပြန်သွားကြစေ။’”+

  • ဧဇရ ၆:၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃ “ဆိုင်းရပ်မင်း နန်းစံပထမနှစ်မှာ ဂျေရုဆလင်မြို့ ဘုရားသခင့်အိမ်တော်နဲ့ ပတ်သက်ပြီး ထုတ်ပြန်တဲ့အမိန့်တော်–+  ‘ဂျူးလူမျိုးတွေ  ပူဇော်သက္ကာ ဆက်သနိုင်ဖို့ အိမ်တော်ကို ပြန်တည်ဆောက်စေ။ အုတ်မြစ်ချစေ။ အိမ်တော်ဟာ အမြင့်အတောင် ၆၀၊* အနံ   အတောင်   ၆၀  ရှိရမယ်။+

  • ဟေရှာယ ၄၅:၁၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၃ “ဖြောင့်မတ်ခြင်းနဲ့အညီ လုပ်ဆောင်တဲ့ ငါက လူတစ်ယောက်ကို ပေါ်ထွန်းစေတယ်။+

      သူသွားတဲ့လမ်းတွေကို ဖြောင့်ဖြူးစေမယ်။ ငါ့ရဲ့မြို့ကို သူတည်ဆောက်မယ်။+

      ငါ့ရဲ့ပြည်နှင်ခံတွေကို အဖိုးအခမယူဘဲ၊+ လာဘ်မစားဘဲ ပြန်လွှတ်မယ်”+ လို့ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ