-
ယေရမိ ၂၁:၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၇ “‘“အဲဒီနောက် ကပ်ရောဂါဘေး၊ ဓားဘေး၊ အငတ်ဘေးကနေ လွတ်မြောက်သွားတဲ့ ယုဒဘုရင်ဇေဒကိ၊ မင်းမှုထမ်းတွေနဲ့ ဒီမြို့ကလူတွေကို ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာလက်ထဲ၊ ရန်သူတွေလက်ထဲ၊ အသက်အန္တရာယ် ရှာကြံသူတွေလက်ထဲ ငါအပ်မယ်။+ ဗာဗုလုန်ဘုရင်က ဓားနဲ့ကွပ်မျက်မယ်။ သူတို့အတွက် စိတ်မကောင်းဖြစ်မှာ၊ သနားညှာတာမှာ မဟုတ်ဘူး။”+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။’
-
-
ယေရမိ ၃၄:၁၈-၂၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၈ ‘နွားကလေးကို နှစ်ခြမ်းခွဲ၊ ဘယ်ညာတစ်ခြမ်းစီ ချထားပြီးနောက် အလယ်ကနေ ဖြတ်လျှောက်ပြီး ငါ့ရှေ့မှာ ဖွဲ့ခဲ့တဲ့ ပဋိညာဉ်စကားတွေအတိုင်း မလုပ်ဆောင်ဘဲ ငါ့ပဋိညာဉ်ကို ချိုးဖောက်သူတွေ၊+ ၁၉ ဘယ်ညာတစ်ခြမ်းစီ ချထားတဲ့ နွားကလေးရဲ့အလယ်ကနေ ဖြတ်လျှောက်တဲ့ ယုဒမင်းညီမင်းသားတွေ၊ ဂျေရုဆလင်မင်းညီမင်းသားတွေ၊ နန်းတွင်းအရာရှိတွေ၊ ပုရောဟိတ်တွေ၊ ပြည်သူပြည်သားတွေ ကြုံရမယ့်အရာကတော့– ၂၀ ရန်သူတွေ၊ အသက်အန္တရာယ် ပေးချင်သူတွေလက်ထဲ သူတို့ကို ငါအပ်မယ်။ သူတို့ရဲ့အလောင်းတွေကို မိုးကောင်းကင်ငှက်တွေ၊ မြေသားရဲတွေ စားကြလိမ့်မယ်။+
-