ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၂ ဘုရင်များ ၂၅:၆၊ ၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၆ အဲဒီနောက် ဇေဒကိကို ရိဗလမြို့မှာရှိတဲ့ ဗာဗုလုန်ဘုရင်ဆီ ဖမ်းခေါ်လာပြီး+ စီရင်ချက်ချကြတယ်။ ၇ ဇေဒကိရှေ့မှာပဲ သူ့သားတွေကို ကွပ်မျက်လိုက်တယ်။ နေဗုခဒ်နေဇာက ဇေဒကိရဲ့မျက်စိကို ဖောက်ပစ်ပြီးနောက် ကြေးနီခြေကျဉ်းခတ်ပြီး ဗာဗုလုန်ကို ခေါ်သွားတယ်။+

  • ယေရမိ ၃၇:၁၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၇ အဲဒီနောက် ဘုရင်ဇေဒကိက ယေရမိကို နန်းတော်ဆီ ဆင့်ခေါ်ပြီး “ယေဟောဝါဘုရားဆီက သတင်းတစ်ခုခု ရှိသလား” လို့ တိုးတိုးတိတ်တိတ် မေးတယ်။+ ယေရမိက “ရှိပါတယ်။ မင်းကြီးက ဗာဗုလုန်ဘုရင်လက်ထဲ ရောက်သွားမယ်” လို့ဖြေတယ်။+

  • ယေရမိ ၃၉:၅-၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၅ ဒါပေမဲ့ ခါလဒဲစစ်တပ်က လိုက်လာပြီး ယေရိခေါကန္တာရလွင်ပြင်မှာ ဇေဒကိကို ဖမ်းမိသွားတယ်။+ ဇေဒကိကို ဟာမတ်နယ်မြေ၊+ ရိဗလမြို့မှာရှိတဲ့+ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာဆီ ဖမ်းခေါ်လာတယ်။ အဲဒီမှာ ဇေဒကိကို စီရင်ချက်ချတယ်။ ၆ ရိဗလမြို့မှာ ဗာဗုလုန်ဘုရင်က ဇေဒကိရှေ့မှာတင် သူ့သားတွေကို ကွပ်မျက်လိုက်တယ်။ ယုဒမှူးမတ်တွေကိုလည်း ကွပ်မျက်လိုက်တယ်။+ ၇ ဇေဒကိရဲ့မျက်စိကို ဖောက်ပြီးနောက် ကြေးနီခြေကျဉ်းခတ်ပြီး ဗာဗုလုန်ကို ခေါ်သွားတယ်။+

  • ယေရမိ ၅၂:၉-၁၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၉ အဲဒီနောက် ဇေဒကိကို ဟာမတ်နယ်မြေ၊ ရိဗလမြို့မှာရှိတဲ့ ဗာဗုလုန်ဘုရင်ဆီ ဖမ်းခေါ်လာတဲ့အခါ ဗာဗုလုန်ဘုရင်က စီရင်ချက်ချတယ်။ ၁၀ ဇေဒကိရှေ့မှာပဲ သူ့သားတွေကို ကွပ်မျက်လိုက်တယ်။ ယုဒမင်းညီမင်းသားတွေကိုလည်း ရိဗလမြို့မှာ ကွပ်မျက်တယ်။ ၁၁ ဗာဗုလုန်ဘုရင်က ဇေဒကိရဲ့မျက်စိကို ဖောက်ပြီးနောက်+ ကြေးနီခြေကျဉ်းခတ်ပြီး ဗာဗုလုန်ကို ခေါ်သွားတယ်။ သေတဲ့အထိ အကျဉ်းချထားလိုက်တယ်။

  • ယေဇကျေလ ၁၇:၂၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၀ သူ့ကို ပိုက်ကွန်နဲ့ အုပ်မှာဖြစ်လို့ သူမိသွားလိမ့်မယ်။+ ငါ့အပေါ် သစ္စာမဲ့တဲ့အတွက် ဗာဗုလုန်ကို ခေါ်သွားပြီး တရားစီရင်မယ်။+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ