-
၂ ရာဇဝင်ချုပ် ၄:၁၁-၁၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၁ ဟိရံက ပြာခွက်တွေ၊ ဂေါ်ပြားတွေ၊ ဇလုံတွေကိုလည်း လုပ်တယ်။+
စစ်မှန်တဲ့ဘုရားသခင်ရဲ့ အိမ်တော်အတွက် ရှောလမုန်မင်း စေခိုင်းတဲ့ အလုပ်အားလုံးကို လုပ်ပြီးသွားတယ်။+ ၁၂ တိုင်နှစ်တိုင်၊+ တိုင်နှစ်တိုင်ထိပ်ပေါ်က အိုးပုံစံထိပ်ဖူးနှစ်ခု၊ ထိပ်ဖူးနှစ်ခုကို အလှဆင်ဖို့ ကွန်ရက်နှစ်ခု၊+ ၁၃ ကွန်ရက်နှစ်ခုအတွက် သလဲသီး ၄၀၀၊+ တိုင်နှစ်တိုင်ပေါ်က အိုးပုံစံထိပ်ဖူးနှစ်ခုကို အလှဆင်ဖို့ ကွန်ရက်တစ်ခုစီအတွက် သလဲသီးနှစ်တန်း၊+ ၁၄ တွန်းလှည်းဆယ်ခု၊ တွန်းလှည်းတွေပေါ်က အင်တုံဆယ်ခု၊+ ၁၅ ရေကန်၊ ရေကန်တင်ဖို့ နွားရုပ် ၁၂ ကောင်၊+
-