- 
	                        
            
            ၂ ရာဇဝင်ချုပ် ၃၆:၂၀၊ ၂၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၂၀ အသတ်မခံရဘဲ ကျန်ရှိနေသူတွေကို ဗာဗုလုန်မြို့ဆီ သုံ့ပန်းအဖြစ် ဖမ်းခေါ်သွားတယ်။+ ပါးရှားနိုင်ငံ စတင်အာဏာရချိန်အထိ+ ဗာဗုလုန်ဘုရင်နဲ့ သားမြေးတွေဆီမှာ သူတို့ ကျွန်ခံရတယ်။+ ၂၁ တိုင်းပြည်ကလည်း အရင်ကမရခဲ့တဲ့ ဥပုသ်နှစ်တွေကို ပြန်ရတဲ့အတွက်+ လူသူကင်းမဲ့နေချိန် အနှစ် ၇၀ လုံးလုံး အနားရခဲ့တယ်။+ ယေရမိကတစ်ဆင့် ယေဟောဝါ ပြောခဲ့တဲ့အတိုင်း ဖြစ်လာတယ်။+ 
 
- 
                                        
- 
	                        
            
            ဧဇရ ၁:၁-၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၁ ပါးရှားဘုရင် ဆိုင်းရပ်+ နန်းစံပထမနှစ်မှာ သူ့စိတ်ကို ယေဟောဝါ လှုံ့ဆော်တယ်။ ယေရမိကတစ်ဆင့် ယေဟောဝါ ပြောခဲ့တဲ့စကားတွေ+ ပြည့်စုံစေဖို့ပဲ။ ဘုရင်က နိုင်ငံတစ်ဝန်းလုံးမှာ အမိန့်တော်စာ ထုတ်ပြန်ပြီး အခုလို ကြေညာစေတယ်–+ ၂ “ပါးရှားဘုရင် ဆိုင်းရပ်ရဲ့ အမိန့်တော်– ‘ကောင်းကင်အုပ်စိုးရှင် ယေဟောဝါဘုရားက ငါ့ကို ကမ္ဘာ့တိုင်းနိုင်ငံအားလုံး ပေးအပ်ပြီ။+ ယုဒပြည်၊ ဂျေရုဆလင်မြို့မှာ အိမ်တော်တည်ဆောက်ပါလို့လည်း တာဝန်ပေးလိုက်ပြီ။+ ၃ လူမျိုးတော်ထဲမှာပါတဲ့ မင်းတို့အားလုံးနဲ့အတူ ဘုရားသခင်ရှိပါစေ။ ယုဒပြည်၊ ဂျေရုဆလင်မြို့ကို သွားစေ။ ဂျေရုဆလင်မြို့မှာရှိတဲ့ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါရဲ့အိမ်တော်ကို ပြန်တည်ဆောက်စေ။ အဲဒီဘုရားဟာ စစ်မှန်တဲ့ ဘုရားသခင်ပဲ။ 
 
-