-
ယေရမိ ၄၄:၁၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၂ အီဂျစ်ပြည်မှာ သွားနေထိုင်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ ယုဒအကြွင်းအကျန်အားလုံးကို အီဂျစ်ပြည်မှာပဲ ပျက်စီးဆုံးပါးသွားအောင် ငါလုပ်မယ်။+ သူတို့ ဓားဘေးနဲ့ ကျဆုံးလိမ့်မယ်။ အငတ်ဘေးနဲ့ ပျက်စီးလိမ့်မယ်။ လူကြီးလူငယ်မရွေး အားလုံးဟာ ဓားဘေး၊ အငတ်ဘေးနဲ့ သေဆုံးရလိမ့်မယ်။ ကျိန်ဆဲစရာ၊ ကြောက်လန့်စရာ၊ ကျိန်စာတိုက်စရာ၊ ကဲ့ရဲ့ရှုတ်ချစရာ ဖြစ်သွားမယ်။+
-
-
ယေဇကျေလ ၁၇:၁၇၊ ၁၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၇ လူတွေ အတုံးအရုံးကျဆုံးဖို့ ထိုးစစ်ကုန်းရိုးတွေ၊ ထိုးစစ်တံတိုင်းတွေ တည်ဆောက်ချိန်မှာ ဖာရောရဲ့ စစ်သည်အလုံးအရင်းဟာ သူ့ကို စစ်ကူနိုင်မှာ မဟုတ်ဘူး။+ ၁၈ သူက သစ္စာဆိုထားတဲ့အတိုင်း မလိုက်နာဘဲ ပဋိညာဉ်ကို ချိုးဖောက်ခဲ့တယ်။ ကတိမတည်ဘဲ အဲဒီလိုလုပ်ခဲ့တဲ့အတွက် လွတ်မြောက်မှာ မဟုတ်ဘူး။”’
-