-
ယေရမိ ၄၉:၁၄-၁၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၄ ယေဟောဝါဆီကနေ သတင်းတစ်ခု ကျွန်တော်ကြားတယ်။
လူမျိုးတွေဆီ သံတမန် စေလွှတ်ပြီး
“သူ့ကို တိုက်ခိုက်ဖို့ စုရုံးကြ။
စစ်ပွဲအတွက် အသင့်ပြင်ကြ” လို့ပြောတယ်။+
၁၅ “ငါက မင်းကို လူမျိုးတွေအလယ်မှာ အရေးမပါသူ ဖြစ်စေတယ်။
လူတွေအလယ်မှာ အထင်သေးစရာ ဖြစ်စေတယ်။+
၁၆ ကျောက်ဆောင်တွေမှာ ခိုအောင်းသူ၊
အမြင့်ဆုံးတောင်ကုန်းပေါ် နေထိုင်သူ၊
မင်းကြောင့် ဖြစ်ပေါ်တဲ့ လူတွေရဲ့ကြောက်စိတ်က၊
မင်းရဲ့မာနက မင်းကို လှည့်စားနေပြီ။
လင်းယုန်လို အမြင့်မှာ အသိုက်ဆောက်လည်းပဲ
မင်းကို ငါဆွဲချမယ်။” ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
-