ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • လုကာ ၁၂:၂၂-၂၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၂ ယေရှုက တပည့်တွေကို “ဒါကြောင့် ကျွန်တော်ပြောမယ်– အသက်ရှင်ရေးအတွက် ဘာစားရမလဲဆိုပြီး မစိုးရိမ်ကြနဲ့တော့။ ခန္ဓာကိုယ်အတွက် ဘာဝတ်ရမလဲဆိုပြီး မစိုးရိမ်ကြနဲ့တော့။+ ၂၃ အစာထက် အသက်က ပိုအရေးကြီးတယ်။ အဝတ်ထက် ကိုယ်ခန္ဓာက ပိုအရေးကြီးတယ်။ ၂၄ ကျီးအတွေကို ဆင်ခြင်သုံးသပ်ကြည့်ပါ။ မျိုးစေ့ကြဲတာ၊ ရိတ်သိမ်းတာ မလုပ်ဘူး။ သူတို့မှာ ကျီတွေ၊ သိုလှောင်ခန်းတွေ မရှိဘူး။ ဒါပေမဲ့ ဘုရားသခင်က သူတို့ကို ကျွေးထားတာပဲ။+ ခင်ဗျားတို့ဟာ အဲဒီငှက်တွေထက်  ပိုတန်ဖိုးရှိတယ် မဟုတ်လား။+ ၂၅ စိုးရိမ်ပူပန်နေလို့ကော ခင်ဗျားတို့သက်တမ်း တစ်တောင်လောက် ပိုရှည်လာလို့လား။ ၂၆ အဲဒါလေးတောင် မလုပ်နိုင်ဘူးဆိုရင် ကျန်တာတွေအတွက် ဘာလို့ စိုးရိမ်နေသေးလဲ။+ ၂၇ တောနှင်းပန်းတွေ ရှင်သန်နေပုံကို စဉ်းစားကြည့်ပါ။ နှင်းပန်းတွေဟာ ပင်ပင်ပန်းပန်း မလုပ်ဘူး။ ချည်လည်း မငင်ဘူး။ ကျွန်တော်ပြောမယ်။ ခံ့ခံ့ညားညား ဝတ်ဆင်တဲ့ ရှောလမုန်မင်းတောင် အဲဒီနှင်းပန်းတစ်ပင်လို လှလှပပဖြစ်အောင် မဆင်မြန်းနိုင်ဘူး။+ ၂၈ ယုံကြည်ခြင်းနည်းသူတို့၊ ဒီနေ့ ရှင်သန်ပြီး မနက်ဖြန် မီးထဲရောက်သွားမယ့် တောပင်တွေကိုတောင် ဘုရားသခင်က အဲဒီလိုဆင်မြန်းပေးတယ်ဆိုရင် ခင်ဗျားတို့ကို ဒီထက်မက ဆင်မြန်းပေးမယ် မဟုတ်လား။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ