ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • nwt ၂၅၃၄-၂၅၃၅
  • ကျမ်းစာသတင်းစကား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာသတင်းစကား
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ခေါင်းစ‎ဥ်ငယ်များ
  • ဘီစီ ၄၀၂၆ နောက်ပိုင်း
  • ဘီစီ ၁၉၄၃
  • ဘီစီ ၁၀၇၀ နောက်ပိုင်း
  • အေဒီ ၂၉
  • အေဒီ ၃၃
  • အေဒီ ၁၉၁၄ ခန့်
  • အနာဂတ်
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
ကျမ်းစာသတင်းစကား

ခ၁

ကျမ်းစာသတင်းစကား

ပုံနှိပ်စာပေ

ယေဟောဝါဘုရားမှာ အုပ်ချုပ်ပိုင်ခွင့် ရှိတယ်။ ဘုရားရဲ့ အုပ်ချုပ်နည်းဟာ အကောင်းဆုံးပဲ။

မြေကြီးနဲ့ လူသားတို့အတွက် ဘုရားရဲ့ရည်ရွယ်ချက် ပြည့်စုံရမယ်။

ဘီစီ ၄၀၂၆ နောက်ပိုင်း

“မြွေ” က ယေဟောဝါရဲ့ အုပ်ချုပ်ပိုင်ခွင့်နဲ့ အုပ်ချုပ်နည်းကို စောဒကတက်ခဲ့တယ်။ မြွေစာတန်ရဲ့ခေါင်းကို ကြိတ်မယ့် “မျိုးနွယ်” ပေါ်ထွန်းစေမယ်လို့ ယေဟောဝါ ကတိပြုခဲ့တယ်။ (ကမ္ဘာဦး ၃:၁-၅၊ ၁၅) ဒါပေမဲ့ မြွေရဲ့သြဇာလွှမ်းမှုအောက်မှာ လူလူချင်း အုပ်ချုပ်ဖို့ ယေဟောဝါ အချိန်ပေးခဲ့တယ်။

ဘီစီ ၁၉၄၃

အာဗြဟံရဲ့သားမြေးတွေကနေ ကတိထားရာ “မျိုးနွယ်” ပေါ်ထွန်းမယ်လို့ ယေဟောဝါ ကတိပြုတယ်။—ကမ္ဘာဦး ၂၂:၁၈။

ဘီစီ ၁၀၇၀ နောက်ပိုင်း

ဘုရင်ဒါဝိဒ်နဲ့ သားတော်ရှောလမုန်ရဲ့ မျိုးရိုးကနေ “မျိုးနွယ်” ပေါ်ထွန်းမယ်လို့ ယေဟောဝါ ကတိပြုခဲ့တယ်။—၂ ရှမွေလ ၇:၁၂၊ ၁၆။ ၁ ဘုရင်များ ၉:၃-၅။ ဟေရှာယ ၉:၆၊ ၇။

အေဒီ ၂၉

ဒါဝိဒ်ရဲ့ရာဇပလ္လင်ပေါ် နန်းထိုင်မယ့် ကတိထားရာ “မျိုးနွယ်” ဟာ ယေရှုဖြစ်တယ်လို့ ယေဟောဝါ ဖော်ပြခဲ့တယ်။—ဂလာတိ ၃:၁၆။ လုကာ ၁:၃၁-၃၃။ ၃:၂၁၊ ၂၂။

အေဒီ ၃၃

မြွေစာတန်က ယေရှုကိုသတ်ပြီး ကတိထားရာ “မျိုးနွယ်” ရဲ့ဖနောင့်ကို ကြိတ်ခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါက ယေရှုကို ကောင်းကင်ကို ထမြောက်စေပြီး ယေရှုရဲ့စုံလင်တဲ့အသက်တန်ဖိုးကို လက်ခံခဲ့တယ်။ ဒီနည်းနဲ့ အာဒံရဲ့သားစဉ်မြေးဆက်တွေ အပြစ်ခွင့်လွှတ်ခံရဖို့၊ ထာဝရအသက်ရဖို့ လမ်းပွင့်သွားတယ်။—ကမ္ဘာဦး ၃:၁၅။ တမန်တော် ၂:၃၂-၃၆။ ၁ ကောရိန္သု ၁၅:၂၁၊ ၂၂။

အေဒီ ၁၉၁၄ ခန့်

ယေရှုက မြွေစာတန်ကို မြေကြီးပေါ်ပစ်ချပြီး မြေကြီးမှာပဲ တစ်ခဏတာ လုပ်ဆောင်ခွင့် ပြုထားတယ်။—ဗျာဒိတ် ၁၂:၇-၉၊ ၁၂။

အနာဂတ်

ယေရှုက စာတန်ကို အနှစ် ၁,၀၀၀ ချုပ်နှောင်ပြီး နောက် ဖျက်ဆီးမယ်။ ဒီနည်းနဲ့ သူ့ခေါင်းကို ကြိတ် ပစ်မယ်။ ကမ္ဘာမြေကြီး၊ လူသားတွေနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ မူလရည်ရွယ်ချက် ပြည့်စုံလာမယ်။ ကဲ့ရဲ့ရှုတ်ချခံနေရတဲ့ ဘုရားသခင့်နာမည် သန့်ရှင်း မြင့်မြတ်ပြီး ဘုရားရဲ့အုပ်ချုပ်မှုကို သံသယကင်းရှင်း သွားမယ်။—ဗျာဒိတ် ၂၀:၁-၃၊ ၁၀။ ၂၁:၃၊ ၄။

    မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ လက်သင်္ကေတပြဘာသာစကား
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ