အပိုင်း ၁ ပြန်လည်သုံးသပ်ခြင်း
ကျမ်းစာသင်ပေးသူနဲ့အတူ အောက်ပါမေးခွန်းတွေကို သုံးသပ်ပါ။
- ၁။ အနာဂတ်နဲ့ပတ်သက်တဲ့ ကျမ်းစာကတိတွေထဲက ဘယ်အချက်ကို သဘောကျပါသလဲ။ - (သင်ခန်းစာ ၀၂ ကို ကြည့်ပါ။) 
- ၂။ ကျမ်းစာဟာ ဘုရားရဲ့ တရားစကားဖြစ်မှန်း ဘာကြောင့် ယုံကြည်သလဲ။ - (သင်ခန်းစာ ၀၃ နဲ့ ၀၅ ကို ကြည့်ပါ။) 
- ၃။ ယေဟောဝါဆိုတဲ့ နာမည်ကို သုံးဖို့ ဘာကြောင့် အရေးကြီးသလဲ။ - (သင်ခန်းစာ ၀၄ ကို ကြည့်ပါ။) 
- ၄။ ဘုရားသခင်ဟာ “အသက်ရဲ့ပင်ရင်း” ဖြစ်တယ်လို့ ကျမ်းစာမှာ ဖော်ပြတယ်။ (ဆာလံ ၃၆:၉) ဒါကို ယုံကြည်ပါသလား။ - (သင်ခန်းစာ ၀၆ ကို ကြည့်ပါ။) 
- ၅။ ပညာအလိမ္မာ ၃:၃၂ ကို ဖတ်ပါ။ - ယေဟောဝါဟာ အကောင်းဆုံးမိတ်ဆွေ ဖြစ်တယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။ 
- မိတ်ဆွေတွေဆီကနေ ယေဟောဝါ ဘာမျှော်လင့်သလဲ။ ဒါဟာ အကျိုးသင့်အကြောင်းသင့် ရှိတယ်လို့ ထင်ပါသလား။ - (သင်ခန်းစာ ၀၇ နဲ့ ၀၈ ကို ကြည့်ပါ။) 
 
- ၆။ ဆာလံ ၆၂:၈ ကို ဖတ်ပါ။ - ယေဟောဝါဆီ ဘာတွေ ဆုတောင်းခဲ့ပြီးပြီလဲ။ ဘာတွေ တောင်းနိုင်သေးသလဲ။ 
- ဆုတောင်းချက်တွေကို ယေဟောဝါ ဘယ်လို အဖြေပေးသလဲ။ - (သင်ခန်းစာ ၀၉ ကို ကြည့်ပါ။) 
 
- ၇။ ဟီဘရူး ၁၀:၂၄၊ ၂၅ ကို ဖတ်ပါ။ - ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေက သင့်အတွက် ဘယ်လို အကျိုးရှိစေသလဲ။ 
- အစည်းအဝေးတွေ တက်ရကျိုးနပ်တယ်လို့ ထင်ပါသလား။ - (သင်ခန်းစာ ၁၀ ကို ကြည့်ပါ။) 
 
- ၈။ ကျမ်းစာကို မှန်မှန်ဖတ်တာ ဘာကြောင့် ကောင်းသလဲ။ နေ့စဉ် ကျမ်းစာဖတ်ရှုဖို့ ဘယ်လို စီစဉ်ထားသလဲ။ - (သင်ခန်းစာ ၁၁ ကို ကြည့်ပါ။) 
- ၉။ ကျမ်းစာလေ့လာခဲ့ပြီးသလောက် ဘယ်အချက်ကို အကြိုက်ဆုံးလဲ။ 
- ၁၀။ ကျမ်းစာလေ့လာချိန်ကစပြီး ဘာအခက်အခဲတွေ ကြုံခဲ့ဖူးသလဲ။ ကျမ်းစာဆက်လေ့လာဖို့ သင့်ကို ဘာက ကူညီပေးနိုင်သလဲ။ - (သင်ခန်းစာ ၁၂ ကို ကြည့်ပါ။)