တပည့် ဖြစ်စေခြင်း
သင်ခန်းစာ ၁၂
ဘွင်းဘွင်းပြောပါ
ကျမ်းစာမူ။ “ဆီနဲ့ အမွှေးနံ့သာက စိတ်ကို ရွှင်လန်းစေတယ်။ စိတ်ရင်းမှန်နဲ့ အကြံပေးတတ်တဲ့ မိတ်ဆွေကလည်း စိတ်ကို ရွှင်လန်းစေတယ်။”—ပညာ. ၂၇:၉။
ယေရှု ဘာလုပ်သလဲ
၁။ ဗီဒီယို ကြည့်ပါ။ ဒါမှမဟုတ် မာကု ၁၀:၁၇-၂၂ ကို ဖတ်ပါ။ အဲဒီနောက် ဒီမေးခွန်းတွေ သုံးသပ်ပါ–
က။ လူငယ် အရာရှိရဲ့ ဘယ်ကောင်းကွက်တွေ ယေရှု မြင်ခဲ့မလဲ။
ခ။ လူငယ်ကို ဆုံးမဖို့ ယေရှုမှာ မေတ္တာနဲ့ ဘွင်းဘွင်းရှင်းရှင်း ပြောရဲတဲ့ သတ္တိ ဘာကြောင့် လိုသလဲ။
ယေရှုဆီကနေ ဘာသင်ယူရသလဲ
၂။ သင်သား တိုးတက်လာဖို့ မေတ္တာပါပါကော ဘွင်းဘွင်းရှင်းရှင်းပါ ပြောရမယ်။
ယေရှုကို အတုယူပါ
၃။ ပန်းတိုင်တွေ ထားဖို့၊ ရောက်ဖို့ သင်သားကို ကူညီပေးပါ။
က။ ပျော်စရာဘဝ ထာဝရ စံစားကြ သင်ခန်းစာတိုင်းမှာ ပါတဲ့ “ပန်းတိုင်” အပိုင်းကို သုံးပါ။
ခ။ ရေတိုပန်းတိုင်တွေကော ရေရှည်ပန်းတိုင်တွေပါ ရောက်ဖို့ ဘာလုပ်ရမလဲဆိုတာ သိအောင် ကူညီပေးပါ။
ဂ။ တိုးတက်မှုတွေအတွက် မှန်မှန် ချီးမွမ်းပေးပါ။
၄။ သင်သား မတိုးတက်အောင် ဘာတွေ ဟန့်တားနေသလဲ သိအောင် လုပ်ပါ။ ကျော်လွှားနိုင်ဖို့ ကူညီပါ။
က။ ဒီလိုစဉ်းစားပါ–
‘နှစ်ခြင်းခံတဲ့အထိ ငါ့သင်သား တိုးတက်မလာတာ ဘာတွေ အဟန့်အတား ဖြစ်နေလို့လဲ။’
‘ငါ ဘာကူညီပေးရမလဲ။’
ခ။ သင်သား လုပ်ဖို့ လိုတာကို မေတ္တာပါပါကော ဘွင်းဘွင်းရှင်းရှင်းပါ ပြောရဲဖို့ ဆုတောင်းပါ။
၅။ မတိုးတက်တဲ့ သင်အံမှုတွေ ရပ်ပစ်ပါ။
က။ ကိုယ့်သင်သား တိုးတက်နေမနေ ဒီလိုသုံးသပ်ပါ–
‘သိလာတာတွေ လက်တွေ့ကျင့်နေသလား။’
‘အသင်းတော် အစည်းအဝေးတွေ တက်သလား။ တခြားသူတွေကို အမှန်တရား ပြောပြသလား။’
‘သင်တာ ဒီလောက် ကြာပြီဆိုတော့ ယေဟောဝါသက်သေ ဖြစ်ချင်သလား။’
ခ။ သင်သား တိုးတက်ချင်စိတ် မရှိဘူးဆိုရင်–
ကိုယ့်ကို ဘာက ဟန့်တားနေတာ ဖြစ်မလဲလို့ စဉ်းစားခိုင်းပါ။
သင်အံမှု ဘာကြောင့် ရပ်မယ်ဆိုတာ ပါးပါးနပ်နပ် ပြောပြပါ။
ပြန်သင်ချင်တယ်ဆိုရင် ဘာတွေတော့ တိုးတက်နေဖို့ လိုတယ်ဆိုတာ ပြောပြပါ။