စက်တင်ဘာ ၂၉–အောက်တိုဘာ ၅
ဒေသနာ ၃-၄
သီချင်း ၉၃ နဲ့ ဆုတောင်းချက် | နိဒါန်း (၁ မိ.)
မောင်နှံစုံအနေနဲ့ ယေဟောဝါနဲ့ ပိုရင်းနှီးလာအောင် အချိန်ပေးပါ
၁။ သုံးလွန်းတင်တဲ့ကြိုးကို ခိုင်မြဲစေပါ
(၁၀ မိ.)
အဓိပ္ပာယ်ပြည့်ဝတဲ့ စကားတွေ ပြောဖို့ အချိန်ပေးပါ (ဒေ ၃:၁။ ijwhf ဆောင်းပါး ၁၀ ပိုဒ်. ၂-၈)
ဇနီးမောင်နှံ အတူတူ လုပ်ဆောင်ပါ (ဒေ ၄:၉။ က၂၃.၀၅ ၂၃-၂၄ ပိုဒ်. ၁၂-၁၄)
ယေဟောဝါနဲ့ ခိုင်မြဲတဲ့ ဆက်ဆံရေးရှိအောင် ကြိုးစားပါ (ဒေ ၄:၁၂။ က၂၃.၀၅ ၂၁ ပိုဒ်. ၃)
ကိုယ့်ကိုယ်ကိုယ် မေးပါ။ ‘အိမ်ထောင်ဖက်မပါဘဲ အပျော်ခရီး၊ အလုပ်ခရီးထွက်တာလိုမျိုး အိမ်ထောင်ဖက်နဲ့ အချိန်အတော်ကြာ ခွဲရတာတွေဟာ အိမ်ထောင်ရေးကို ဘယ်လို ထိခိုက်လာနိုင်သလဲ။’
၂။ ဘုရားရေးရာ ရတနာ
(၁၀ မိ.)
ဒေ ၃:၇—တခြားသူတွေ ကိုယ့်ကို စိတ်ထိခိုက်အောင်လုပ်တဲ့အခါ ဘာလုပ်နိုင်သလဲ။ (က၂၄.၁၁ ၄၄:၁၁)
ဒီအပတ် ကျမ်းစာဖတ်တာကနေ ဘယ်ဘုရားရေးရာ ရတနာတွေ ဝေမျှချင်သလဲ။
၃။ ဖတ်ရှုခြင်း
(၄ မိ.) lff ၂၆:ခေါင်းစဉ်၊ ၁ (th ၂)
၄။ စကားစမြည် စပြောခြင်း
(၃ မိ.) တစ်အိမ်မှတစ်အိမ်။ lff ကိုသုံးပြီး စကားစမြည် စပြောပါ။ အိမ်ရှင်က တခြားအကြောင်းအရာကို စိတ်ဝင်စားကြောင်း ပြတဲ့အခါ တင်ဆက်မှုကို ပြောင်းလဲပါ။ (lmd ၂:၅)
၅။ ပြန်လည်ပတ်ခြင်း
၆။ ဟောပြောချက်
(၅ မိ.) lmd နောက်ဆက်တွဲ က:၁၂—အဓိကအကြောင်း– ဘုရားသခင်ဟာ တရားမျှတတယ်။ မျက်နှာမလိုက်ဘူး။ (th ၁၉)
သီချင်း ၁၃၁
၇။ အိမ်ထောင်ရေး ပြဿနာ ပေါ်လာတဲ့အခါ ယေဟောဝါရဲ့ လမ်းညွှန်မှုအတိုင်း ဖြေရှင်းပါ
(၁၅ မိ.) ဆွေးနွေးပါ။
ခရစ်ယာန်မောင်နှံတွေ အိမ်ထောင်သာယာပျော်ရွှင်ဖို့ လိုအပ်ရာအားလုံး ယေဟောဝါ ပြင်ဆင်ပေးပြီးသားပါ။ ဒါတောင် အိမ်ထောင်ရေး ပြဿနာတွေ ကြုံရစမြဲပဲ။ (၁က ၇:၂၈) ပြဿနာတွေကို မဖြေရှင်းဘဲ ဒီအတိုင်းထားမယ်ဆိုရင် စိတ်နာကြည်းလာပြီး နောက်ပိုင်း ဖြေရှင်းဖို့ ခက်လာနိုင်တယ်။ သင့်အိမ်ထောင်မှာ ဒီလိုကြုံနေရရင် ဘယ်လိုလုပ်မလဲ။
အချစ်စစ်၊ အချစ်မှန်ဆိုတာ ဘာလဲ ဗီဒီယိုမှာ ဖြေရှင်းရခက်တဲ့ အိမ်ထောင်ရေးပြဿနာ ကြုံနေရတဲ့ မောင်နှံတစ်စုံအကြောင်း သရုပ်ဖော်ထားတယ်။ ယေဟောဝါကို ထည့်မစဉ်းစားဘဲ ဆုံးဖြတ်ချက်ချတော့မယ့် သမီးကို ဖခင်ဖြစ်သူ ဘယ်လိုအကြံပေးသလဲ။
အချစ်စစ်၊ အချစ်မှန်ဆိုတာ ဘာလဲ—ကောက်နုတ်ချက် ဗီဒီယို ပြပါ။ ပြီးနောက် ပရိသတ်ကို မေးပါ–
အိမ်ထောင်ရေးပြဿနာ ကြုံရတဲ့အခါ ယေဟောဝါရဲ့ လမ်းညွှန်မှုကို ဘာကြောင့် လိုက်နာသင့်သလဲ။—ရှာ ၄၈:၁၇။ မ ၁၉:၆
ကိုယ့်အိမ်ထောင်မှာ ပြဿနာ အကြီးအကျယ် တက်နေရင် ဝတ်ပြုရေးလုပ်ရိုးလုပ်စဉ်တွေကို ပုံမှန်ဆက်လုပ်ခြင်းအားဖြင့် အိမ်ထောင်မှာ ယေဟောဝါကို ပါဝင်စေပါ။ ပြဿနာတွေကို ကျမ်းစာအခြေခံမူတွေနဲ့အညီ ကြိုးစားဖြေရှင်းပါ။ ကိုယ့်အိမ်ထောင်ရေး အခြေအနေကို ယေဟောဝါ ရှုမြင်သလို ရှုမြင်နိုင်ဖို့ အဖွဲ့အစည်းထုတ် စာပေတွေကို ရှာဖွေလေ့လာပါ။ ဒီလိုလုပ်မှ ယေဟောဝါရဲ့ ထောက်မမှုနဲ့ ကောင်းချီး ခံစားရမှာ ဖြစ်တယ်။—ပ ၁၀:၂၂။ ရှာ ၄၁:၁၀။
ငြိမ်းချမ်းရေး အတုအယောင်ရဲ့ လှည့်စားမှု မခံပါနဲ့—ဒယ်ရယ်နဲ့ ဒက်ဘရာ ဖရစ်ဇင်ကာ ဗီဒီယို ပြပါ။ ပြီးနောက် ပရိသတ်ကို မေးပါ–
ညီအစ်ကိုနဲ့ ညီအစ်မ ဖရစ်ဇင်ကာ အိမ်ထောင်ရေးပြဿနာ ဖြေရှင်းပုံကနေ ဘာသင်ယူနိုင်သလဲ။
၈။ အသင်းတော် ကျမ်းစာလေ့လာမှု
(၃၀ မိ.) lff ၁၂